CRPH Support Fund သို့ မကြာမီ ပြန်လှူဒါန်းနိုင်မည်
CRPH Support Fund သို့ မကြာမီ ပြန်လှူဒါန်းနိုင်မည်
(မိုးမခ) မတ် ၂၅၊ ၂၀၂၁ပြည်သူ့ဂုဏ်ရည်အသင်းကြီး (USA) ကတဆင့် CRPH ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းနေသည့် GoFundMe စနစ် ခေတ္တဆိုင်းငံ့ထားရာက ရုံးလုပ်ငန်းအဆင့်ဆင့် ပြင်ဆင်မှုများ ဖြေရှင်းပြီး ဖြစ်ပါ၍ မကြာမီ လျင်မြန်လွယ်ကူစနစ်ကျသည့် ရန်ပုံငွေထည့်ဝင်နိုင်သည့်စနစ်တခုဖြင့် ပြန်လည် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရပါသည်။
GoFundMe မဆိုင်းငံ့မီ ရရှိပြီးအလှူငွေများကို ပြည်သူ့ဂုဏ်ရည်ဘဏ်စနစ်ကနေ အထိရောက်ဆုံး ကူညီမှုများ အချိန်နှင့်အမျှ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်သည်။ ရန်ပုံငွေများ ပို့ဆောင်နေသည့်အလုပ်များမှာ ထိခိုက်ခြင်း မရှိကြောင်း၊ ပြည်သူ့ဂုဏ်ရည်အသင်းကြီးကို CRPH အတွက် တိုက်ရိုက်ဆက်သွယ် လှူဒါန်းခြင်းများကိုလည်း ဆိုင်းငံ့မထားဘဲ တောက်လျောက် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။
#MoeMaKaMedia
#WhatsHappeningInMyanmar