မြန်မာနွေဦးတော်လှန်ရေးကို # HashTag ဖြင့် အရှိန်မြှင့်ခြင်း

Than Htay Maung

မြန်မာနွေဦးတော်လှန်ရေးကို # HashTag ဖြင့် အရှိန်မြှင့်ခြင်း
(မိုးမခ) မတ် ၇၊ ၂၀၂၁ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာစစ်တပ်နဲ့ စစ်ကောင်စီက ရွေးကောက်ခံပြည်သူ့အစိုးရထံက အာဏာသိမ်းပြီး ပြည်သူတွေကို ပြင်းပြင်းထန်ထန် ဖမ်းဆီး သတ်ဖြတ် နှိမ်နင်းအုပ်ချုပ်လျက် ရှိပါတယ်။ ပြည်သူတွေနဲ့ ရွေးကောက်ခံပြည်သူ့လွှတ်တော် CRPH က နောက်မတွန့် မကြောက်ရွံ့ဘဲ နေ့စဉ် သေဆုံး ဖမ်းဆီး ဒဏ်ရာရသူတွေ များစွာနဲ့ ရင်ဆိုင် တွန်းလှန် တိုက်ပွဲဝင်နေကြပါတယ်။ သည်နေရာမှာ ပြည်တွင်းပြည်ပက ဆိုရှယ်မီဒီယာပေါ်က ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ အခမ်းကဏ္ဍကလည်း အရမ်းကို အရေးပါပြီး ထိရောက်အောင်မြင်နေတယ်ဆိုတာ ထင်ရှားပါတယ်။ စစ်တပ်ပိုင်သတင်းဌာနကနေ ကီးဘုတ်ဖိုက်တာတွေဆိုပြီးတော့ ကူးယူသုံးစွဲပြီး တိုက်ခိုက်တာကို တွေ့နေရပါတယ်။
သည်နေရာမှာ ဆိုရှယ်မီဒီယာပေါ်က တိုက်ပွဲတွေထဲက အဓိကဦးတည်ချက် ပစ်မှတ်တွေကို ကြည့်လိုက်တဲ့အခါ - ဆန္ဒပြကန့်ကွက်ပွဲများကို ထောက်ခံအားပေးခြင်း၊ Civil Disobedience Movement ကို လုပ်ဆောင်ခြင်း အားပေးခြင်း၊ Social Punishment Movement ကို ထောက်ခံအားပေး ဆင်နွှဲခြင်း ဆိုပြီး အဓိက ရည်မှန်းချက် ၃ ခု တွေ့ရပါတယ်။ နောက်ကနေ လိုက်လာတဲ့ လှုပ်ရှားမှုတွေ ကင်ပိန်းတွေကတော့ Boycott Military Business စစ်တပ်လုပ်ငန်းများ ထုတ်ကုန်များကို သပိတ်မှောက်ခြင်း နဲ့ Report Myanmar Military Crime & Abuse ဆိုတဲ့ မြန်မာစစ်တပ် ရဲအဖွဲ့တို့၏ စစ်ရာဇဝတ်မှုများ ပြစ်မှုကျုးလွန်ခြင်းများ အကြမ်းဖက်မှုများ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများကို မှတ်တမ်းတင်ခြင်း သတင်းပို့ခြင်းဆိုပြီး တွေ့ရပါတယ်။
ဆိုတော့ ဆိုရှယ်မီဒီယာပေါ်မှာ တူရာ မျိုးတူစုပြီး တင်ဆက်ခြင်း စောင့်ကြည့်ခြင်းကို လုပ်လို့ရတဲ့ HashTag Trending ကို ပြည်သူတွေက အပြည့်အ၀အသုံးချပြီး မိမိတို့ အရေးကိစ္စကို ထိပ်ဆုံးရောက်အောင် တွန်းတင်ကြပါတယ်။ #SupportCRPH #WhatsHappeningInMyanmar #RejectMyanmarMilitaryCoup #ProtestsInMyanmar #MilkTeaAllinanceMyanmar #SupportMyanmarProtest စတဲ့ HashTag တွေ သုံးကြပါတယ်။ ခေတ်စားပါတယ်။
သည်တော့ ခုနင်က အဓိက ၅ ချက် ကို ဖော်ပြတဲ့ ထောက်ပြနေတဲ့ # တွေကို ကြည့်လိုက်တော့ - #WhatsHappeningInMyanmar #CivilDisobedience #SocialPunishment #BoycottMyanmarMilitaryBiz #ProtestsInMyanmar စတဲ့ လမ်းညွှန်အမှတ်အသားတွေကို အဓိကတွန်းအားအဖြစ် သုံးကြတာကို မှတ်သားရပါတယ်။ သည်နေရာမှာ မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများကို သီးခြားမှတ်တမ်းပြု Tag လုပ်တဲ့ HashTag ကို ရှာကြည့်တဲ့အခါမှာ - #MyanmarGenocide #CrimesAgainstHumanity ကို အများဆုံး သုံးကြတာတွေ့ရပါတယ်။
သည်တော့ သတင်းထောက်တွေ စီတီဇင်ဂျာနယ်လစ်တွေ ပြည်သူတွေက မိမိတို့ ဆိုရှယ်မီဒီယာမှာ တင်ဆက်တဲ့နေရာမှာ သက်ဆိုင်ရာ # - hashtag တွေကို တွဲသုံးပြီး တင်ဆက်ကြတာ ပိုထိရောက် ပိုစွဲမြဲ ပိုရှာဖွေသိမ်းဆည်း မှတ်တမ်းပြုရတာ လွယ်ကူကြောင်း တင်ပြလိုက်ရပါတယ်။ မိမိကိုယ်တိုင်လည်း မိမိသန်ရာ # တွေ ဖန်တီးပြီး သုံးပါ။ ဥပမာ - #MoeMaKaMedia လို့ ကျနော်တို့တင်တာကို တက်ဂ်တွဲပါတယ်။ နောက်တမျိုး - #DownWithMinAungHlaing #မအလမအလ ဆိုပြီးလည်း အဆဲလေးနဲ့ တက်ဂ်လုပ်လို့ရပါတယ်။
နောက် အကြံပေးလိုတာကတော့ #MyanmarMilitary ကို သုံးချင်သုံး #MyanmarMilitaryLocation ဖြစ်ဖြစ်သုံးပြီး မြန်မာစစ်တပ် ရဲတပ် စခန်းချနေတာ လမ်းတွေထဲ ဝင်စီးတာတွေကို မှတ်တမ်းတင် သတင်းပို့တဲ့ဆီမှာ တက်ဂ်လုပ်ပါ။ ပြီးတော့ သူတို့ အင်အားနဲ့ အမှတ်အသားကိုပဲ တခါတည်း မှတ်တမ်းတင်ထားပေးပါ။ နောက်ပြန်ရှာပြီး စစ်တပ်နဲ့ ရဲလှုပ်ရှားမှုတွေကို ခြေရာခံတာ သတင်းပို့တာ ခြေလှမ်းတွေ တွက်ချက်တာ အလွန်အသုံးဝင်တာကို တွေ့ရပါလိမ့်မယ်။
ဥပမာ - #MyanmarMilitaryLocation (ကမာရွတ် အထက ၅၊ ရဲ ၂၀၊ ညဘက် စခန်းချ မတ် ၅၊ ၂၀၂၁။) ဒါမျိုး
#SocialPunishment (စမ်းချောင်း၊ ရှမ်းလမ်းမကြီး၊ အိမ်နံပါတ် ဘယ်လောက်၊ ဦးဖားစိန်၊ စစ်တပ်သတင်းပေး) ဒါမျိုး
#MyanmarGenocide (ကဗျာဆရာ ကေဇဝင်း၊ ကဗျာဆရာမ ကြည်လင်အေး၊ မြန်မာစစ်တပ်ပစ်သတ်၊ မုံရွာ၊ မတ် ၃) ဒါမျိုး
အခုတော့ သုံးလို့ကောင်းမယ့် # လေးတွေ သည်မှာ စုထားပေးတယ်။ ကော်ပီကူးပြီး ရွေးသုံးပါ။ ကိုယ့်စာနဲ့ လိုက်ဖက်တာကို ယူပြီး သုံးကြပါ။ အခြားပိုထိရောက်ပြီး လူတိုင်းယူသုံးကြမယ့် # လေးတွေလည်း တီထွင်ဖန်တီးကြပါ ခင်ဗျား။
#SupportCRPH
#WhatsHappeningInMyanmar
#RejectMyanmarMilitaryCoup
#ProtestsInMyanmar
#MilkTeaAllianceMyanmar
#SupportMyanmarProtest
#CivilDisobedience
#SocialPunishment
#BoycottMyanmarMilitaryBiz
#MyanmarGenocide
#CrimesAgainstHumanity
#MyanmarMilitary
#MyanmarMilitaryLocation
#MoeMaKaMedia #WhatsHappeningInMyanmar