မောင်ကြည်သာ(တောင်တွင်း) - ကေဇဝင်း( သို့မဟုတ် ) ဒုတိယ ငါး
ကေဇဝင်း( သို့မဟုတ် ) ဒုတိယ ငါး
မောင်ကြည်သာ(တောင်တွင်း)
(မိုးမခ) မတ် ၇၊ ၂၀၂၁
'' ပုံပြင်ထဲက ငါး သုံးကောင်''
(၁)
ငယ်ငယ်တုံးက သင်ခဲ့ရတဲ့
ငါးကလေးသုံးကောင်အကြောင်း
ကောင်းကောင်းပှတ်မိနေပါတယ်
ပထမငါး
ဝိရိယမရှိ
ပျင်းရိလေးတွဲ ဇွဲမထုတ်ဘဲ
ကံကိုပဲ ပုံချတော့
လှော်တက်နဲ့အရိုက်ခံရပြီး
သေဆုင်္းသွားရရှာတယ်။
ဒုတိယငါး
ဝိရိယရှိတယ်
ကြိုးစားတယ်
ဒါမေမဲ့
လှေအစောင်းနဲ့မကြုံတော့
အကြံကိုအသိခံရပြီး
လှော်တက်နဲ့အရိုက်ခံရလို့
သေရှာပြန်တယ်။
တတိယငါး
ဝိရိယရှိတယ်
ကြိုးစားတယ်
အားထုတ်တယ်
အခွင့်အခါကိုသိတယ်
လှေအစောင်းကိုကြည့်ပြီး
သတိနဲ့ခုန်လိုက်တော့
သေဘေးကလွတ်ရတယ်။
(၂)
ရင်ထဲမှာ စွဲငြိနေတာက
ဒုတိယငါးပါပဲ
အကယ်၍များ
ဒုတိယငါးသာ အသေမခံခဲ့ရင်
တတိယငါးဟာလည်း ....။
မောင်ကြည်သာ(တောင်တွင်း)
ရုပ်ရှင်ပဒေသာမဂ္ဂဇင်း ၁၉၇၈ ခု ဖေဖေါ်ဝါရီ
- ရွှေစွန်မင်းမှာ သူနဲ့ဆုံခဲ့တယ်။ သာယာဝတီေထာင်ကနေထွက်အပြီးမှာပေါ့။ သူနဲ့စကားတွေပြောတှဲ့အခါ သူ့ရဲ့စိတ်ဓာတ်နဲ့သူ့ရဲ့နိုင်ငံရေးအယူအဆတွေကို သိခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ကဗျာတစ်ပုဒ် ရေးဖြစ်ထားတာ သူ့ကိုပြပါတယ်။ နိုင်ငံရေးရနံ့သင်းတဲ့ကဗျာတစ်ပုဒ်ပါပဲ။ သူကြိုက်နှစ်သတဲ့။
ကျွန်တော်အဲဒီကဗျာကို လက်ဆောင်ပေးခဲ့တယ်။
ခက်နေတာက အဲဒီကဗျာကို ကျွန်တော်ကူးမထားဖြစ်ခဲ့ဘူး။ ဆရာပိုင်စိုးဝေဂုဏ်ပြုပွဲတစ်ခု(မန်းပန်တျာကျောင်းဝန်း) မှာ သူနဲ့ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။
ပုံပြင်ထဲကငါးသုံးကောင်ကဗျာ ရေးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄၃ နှစ်ကပါ။ ကျွန်တော့်ရဲ့ ပထမဦးဆုံးပုံနှိပ်ကဗျာပါ။ စွန့်လွှတ် အနစ်နာခံ အသက်ပေးသွားတဲ့သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့ကဗျာပါ။
ဒုတိယငါးကြောင့်ပဲ တတိယငါးက လွတ်ကြောင်းမြင်ခဲ့တာပါ။ ဒုတိယငါးက အသေခံပြီါ် လွတ်လမ်းကိုပြခေဲ့တာပါ။ ကေဇဝင်းဟာ ဒုတိယ ငါးပါပဲ။ ဝမ်းနည်းရပေမဲ့ သူ့အတွက်ဂုဏ်ယူမဆုံးပါ။ ကဗျာဆရာမှန်ရင် ဒုတိယငါးလည်းဖြစ်နိုင်ရမယ်မဟူတ်ပါလား။
အရေးတော်ပုံ အောင်ရမည်။
မောင်ကြည်သာ(တောင်တွင်း)
+ ဆရာမောင်ကြည်သာ၏ ဖေ့ဘုတ်စာမျက်နှာမှ ယူပါသည်။ (မိုးမခ)