Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ (၁) - မောင်လွမ်းဏီ

Photo- Crd
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ -၁
မိုးမခ
ဧပြီ ၂၉၊ ၂၀၂၁

...

မင်းတပ်
မောင်လွမ်းဏီ

အဆိပ်လူးမြှား
အသွားမြိရှ၊ ကျောက်စနဲ့သွေး
လေးကိုင်းညာသံ၊ ပဲ့တင်ပြန်တယ်။

တူမီးပြောင်းလည်း
အမဲမလိုက် ၊ ရန်သူတိုက်မယ်။

ကျွဲချိုရိုးရာ
ဒီတခါတော့
စစ်ခရာသံဖြစ်ခဲ့ပြီ။

အောက်ချင်းတွေက
အမောက်တင်းတင်း
တယောက်ချင်းလည်းထွက်ခဲ့တဲ့။     ။

၂၈ - ၄ - ၂၀၂၁


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar