Breaking News

နေစိမ့် - စိတ္တဇဝေဒနာရှင်

စိတ္တဇဝေဒနာရှင်
နေစိမ့်
(မိုးမခ) ဧပြီ ၄၊ ၂၀၂၁

ရူးနေတဲ့သူဟာ သူရူးနေမှန်းအများမသိအောင်ကြိုးစားရင်းနဲ့ လူတွေရဲ့အပြအမူအပြောအဆိုကိုတုပပြီး လူကြီး လူကောင်းစတိုင်ဖမ်းရင်းဖမ်းရင်း ဘဝင်မြင့်စိတ်ကြီးဝင် အပြောအဆိုအသုံးအနှုံးကအစ သဘာဝအရှိဗေဒ ပုံသေကိန်းရှင်ရဲ့နယ်ပယ်ကချော်ထွက်ပြီး ဘေးကရပ်ကြည့်နေသူသာ သူရဲ့ပုံမှန်အနေအထားကလွဲချော်နေပြီဆိုတာတစ်ဦးတည်းဆုံးဖြတ်ဖို့ အခက်အခဲဟာ ရုတ်တရက် ဖြစ်ပေါ်လာပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုပါ သူနဲ့အတူ သဘောထားမျှခြေကို လက်ခံဖို့ကဆွဲဆောင်သိမ်းသွင်းဖို့ အပြင်းအထန်အားထုတ်ရာကနေ တစ်စ တစ်စသဘာဝတရားချိန်ခွင်က ဖယ်သွေလာ ကာယကံရှင်ကိုယ်တိုင်ရောက်ရှိနေတဲ့ဘဝကို အစစ်အမှန်ထင် မြင်ယူဆလာချိန်မှာ ပတ်ဝန်းကျင်တစ်ခုလုံးက မသိမသာရှောင်လွှဲလာပြီဆို သူမရူးကြောင်း သက်သေသက်ကာရတွေ လောဘတကြီးရှင်းပြရင်း သူဟာ စိတ္တစဝေဒနာရှင်ဘဝ မမျှော်လင့်ပဲ သနားစရာရောက်မှန်းမသိ ရောက်သွားရရှာတယ်။ ။

၃ ရက် ဧပြီ ၂၀၂၁