ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၇)နှစ်ပြည့် အထိမ်းအမှတ်ကဗျာများ - မောင်မှိုင်းလွင်(အင်းဝ)၊ မင်းငြိမ်းအေး
သံမဏိ ကြယ်ပြာ
မောင်မှိုင်းလွင်(အင်းဝ)
ရဲဘော်ဝင်းတင်ရဲ့ စိတ်ဓာတ်ကို
ငါတို့အလံတိုင်မှာ ချိတ်လိုက်ကြ။
ရဲဘော်ဝင်းတင်ရဲ့ သတ္တိကို
ငါတို့လက်မောင်းမှာ ပတ်လိုက်ကြ။
ရဲဘော်ဝင်းတင်ရဲ့ ရပ်တည်ချက်ကို
ငါတို့နဖူးမှာ စည်းလိုက်ကြ။
ရဲဘော်ဝင်းတင်ရဲ့ ကြီးမြတ်မှုကို
ငါတို့ရင်ဘတ်မှာ ထိုးလိုက်ကြ။
ဝမ်းနည်းပူဆွေးမှုအပေါင်းကို
အားမာန်အဖြစ် ပြောင်းလဲပြီး
အောင်ပွဲရတဲ့အထိ
ဆက်လက်ချီတက်ကြ။
အဲဒီမနက်
၆ နာရီခွဲမှာပဲ
ငါတို့ကောင်းကင်ထက်မှာ
သံမဏိကြယ်ပြာအသစ်
ရွှန်းလက်တောက်ပ....။ ။
၂ ၃ . ၄ . ၂ ၀ ၁ ၄
[အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု(မ.န.တ)ပါတီ
နာယကကြီး ဦးဝင်းတင် ကွယ်လွန် ၇ နှစ်ပြည့်-သို့]
...
စွန့်စားခဲ့သူများ
မင်းငြိမ်းအေး
ကြယ်အစစ်က
မြေမှာသေတယ်
မြေမှာသေတဲ့ကြယ်ဟာ
နာမည်ရှိတယ်
မြေကိုတူးကြည့်ရင်
အရိုးငြမ်းပဲရှိတယ်
ဒီအရိုးတွေက
ခင်ဗျားဘယ်လိုလူဆိုတာ
ပြောခဲ့ကြတယ် ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar