အောင်ဒင် - နွေဦးတော်လှန်ရေးသို့ ယုံကြည်စွာ
အောင်ဒင် - နွေဦးတော်လှန်ရေးသို့ ယုံကြည်စွာ
(မိုးမခ) ဧပြီ ၂၆၊ ၂၀၂၁အဲဒီ နိုင်ငံမှာ
လက်နက်မဲ့ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့
ဖက်ဆစ်စစ်တပ်ကြီးရှိတယ်
မိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးဝှက် လုယက်နေတဲ့
ယူနီဖောင်းဝတ်ထားတဲ့ အကြမ်းဖက်သမားတွေရှိတယ်
အပြစ်မဲ့ ပြည်သူတွေကို ဘယ်လောက်ပဲ သတ်သတ်
ဘုရားကြီးတစ်ဆူတည်ပြီး ရေစက်ချလိုက်ရင်
သာသနာကို စောင့်ရှောက်တဲ့ ဘဝရှင်မင်းတရားကြီးဖြစ်ပြီလို့
စိတ်ကူးယဉ်ပြီး ရူးနေတဲ့ ဖက်ဆစ်ခေါင်းဆောင်ရှိတယ်
ရိုဟင်ဂျာတွေကို သတ်တော့လည်း ထောက်ခံအားပေး
ဆန္ဒပြသူတွေကို သတ်တော့လည်း ထောက်ခံအားပေး
လူသတ်သမားတွေက
ဘွဲ့တံဆိပ်တွေ၊ အဆောင်အယောင်တွေဆက်ကပ်ပြီး မွေးမြူထားတဲ့
သင်္ဃန်းရုံ ဘုန်းကြီးအတုတွေရှိတယ်… ။
အဲဒီ နိုင်ငံမှာပါပဲ
မတရားမှုတွေကို ရဲရဲတောက် ဆန့်ကျင်တဲ့
သာမာန်ပြည်သူတွေရှိတယ်
မောင်းပြန်သေနတ်တွေ၊ လက်ပစ်ဗုံးတွေကို
လေးခွတွေ၊ ဝါးချွန်တွေနဲ့ ရင်ဆိုင်ရဲတဲ့
အရပ်သား လူငယ်တွေရှိတယ်
ညတိုင်း ညတိုင်း သံပုံးတီးသံတွေ ဆူညံနေတတ်တဲ့
မြို့တွေ၊ ရွာတွေ၊ ရပ်ကွက်တွေ ရှိတယ်
အမှန်တရားအတွက် အသက်စွန့်ရဲတဲ့
"မကြယ်စင်" တွေ၊ "မြသွဲ့သွဲ့ခိုင်" တွေ၊ "ကေဇဝင်း" တွေ ရှိတယ်၊
စစ်အုပ်စုက အုပ်ချုပ်နိုင်စွမ်းမရှိစေရလို့
သူတို့ဘဝတွေနဲ့ရင်းပြီး ကတိကဝတ်ပြုထားတဲ့
စီဒီအမ် (CDM) ဝန်ထမ်းတွေရှိတယ်
လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်ရဲတဲ့
ဂျင်နနေးရှင်း ဇီ (Generation Z) ကလေးတွေရှိတယ်
"တေဇာဆန်း" တွေရှိတယ်၊ "ဝေမိုးနိုင်" တွေရှိတယ်၊ "နန်းလင်း" တွေရှိတယ်၊
ပြည်သူတွေနဲ့ အတူတကွ ရပ်တည်တဲ့
အနုပညာရှင်တွေ ရှိတယ်
နေ့သပိတ်၊ ညသပိတ်၊ အာရုံဦးသပိတ်၊ အရောင်သပိတ်၊
ပန်းသပိတ်၊ အသံတိတ်သပိတ်၊
ကြိုးကြာသပိတ်၊ သွေးမတိတ်တဲ့ ဆေးသပိတ်
ဘယ်တော့မှ နှုတ်မဆိတ်တဲ့၊ သပိတ်မျိုးစုံရှိတယ်… ။
အဲဒီ နိုင်ငံမှာ
ဖက်ဆစ်တို့ ကျရှုံးမှာပါ
ပြည်သူတို့ အနိုင်ရမှာပါ
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ
ပြန်လည် ပွင့်လန်းမှာပါ
တိုင်းရင်းသားတွေ တန်းတူညီမျှ
ကိုယ်ဘဝကိုယ်တိုင် ပြဋ္ဌာန်းနိုင်ကြမှာပါ
ငါ ယုံကြည်တယ်… လေးစားစွာ…။။။
(ဧပြီ ၂၅၊ ၂၀၂၁)
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar