Breaking News

လင်းလက်နွေဦး - သမိုင်းသင်ရိုးသစ်



လင်းလက်နွေဦး - သမိုင်းသင်ရိုးသစ် 

(မိုးမခ) ဧပြီ ၅၊ ၂၀၂၁

အာဏာဟာ
မျိုးရိုးလိုက်ခဲ့တော့
တော်လှန်ရေးဟာ
တစ်နိုင်ငံလုံး ကူးစက်ခဲ့ပြီ။ 

မျိုးရိုးလိုက်တဲ့ မကူးစက်ရောဂါဟာ
သေရာပါပဲ မဟုတ်လား
ဒီလိုနဲ့
အာဏာရူးသုတ်ပိုးဟာ
ဦးနှောက်ထဲ သန္ဓေစွဲနေသလို
အာဇာနည်တွေရဲ့ အရိုးကလည်း
ထ ထ တွန်နေရတယ်။ 

'လူယုတ်မာတစ်ယောက်ပေါ်တိုင်း
တကမ္ဘာလုံး အလုပ်ရှုပ်ရတယ်'
တို့ဆီမှာ
သားသမီးမြေးမြစ်တီတွတ်
အသီးတစ်ရာ အညှာတစ်ပြွတ်ပေါ့လေ။ 

ဒီလိုနဲ့
ခေတ်သစ်မြန်မာ့သမိုင်းကို
သွေးနဲ့ သားနဲ့
ချွေးနဲ့ အားနဲ့
(ဒို့တတွေ)
ကိုယ်တိုင်ရေးထိုးခွင့် ရခဲ့တယ်။ 

လင်းလက်နွေဦး
၂.၄.၂၀၂၁( နေ့လည် ၁၂:၅၄)

#MoeMaKaMedia 
#WhatsHappeningInMyanmar