Breaking News

မန္တလေး ဗွိုက်စ်အော့ဖ်မြန်မာ အယ်ဒီတာချုပ်ကိုနေမျိုးလင်း နှင့် သတင်းထောက် ကိုရှိုင်းအောင်ကို စစ်ကောင်စီခေါ်ဆောင်သွား



မန္တလေး အခြေစိုက် ဗွိုက်စ်အော့ဖ်မြန်မာ အွန်လိုင်းသတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သူ ကိုနေမျိုးလင်း နှင့် သတင်းထောက် ကိုရှိုင်းအောင် ကို စစ်ကောင်စီ တပ်မှ စစ်မေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွား
(MoeMaKa, April 27, )
မန္တလေး အခြေစိုက် ဗွိုက်စ်အော့ဖ်မြန်မာ အွန်လိုင်းသတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သူ ကိုနေမျိုးလင်း အား ယနေ့နံနက် စစ်ကောင်စီ တပ်မှ လာရောက်ခေါ်ဆောင်သွားသည်ဟု သိရှိရသည်။ ၄င်းနှင့်အတူ အဆိုပါ သတင်းဌာနမှ သတင်းထောက် ကိုရှိုင်းအောင်ကိုပါ ခေါ်ဆောင်သွားကြောင်းလည်း သိရသည်။
ပြည်တွင်းအွန်လိုင်း သတင်းဌာနမှ သတင်းထောက်များကို ဖမ်းဆီးခြင်း၊ သတင်းဌာနရုံးခန်းများကို ဝင်ရောက်စီးနင်းကာ ပစ္စည်းများ သိမ်းဆည်းခြင်းသတင်းထောက်များကို ဖမ်းဆီးခြင်းတို့ကြောင့် ယခုသီတင်းပတ်အနည်းငယ်အတွင်း အွန်လိုင်းသတင်းဌာန ၃ ခုထက်မနည်း ရပ်ဆိုင်းသွားခဲ့ရသည်။
မတ်လ ဆန်းတွင်လည်း သတင်းဌာန ၂ခု၊ နေ့စဥ်သတင်းစာနှင့် အပတ်စဥ်ထုတ်သတင်းစာ တစောင်၊ ရုပ်သံသတင်းဌာန ၂ ခုတို့ကို ထုတ်ဝေခွင့် ၊ ထုတ်လွှင့်ခွင့် ရုပ်သိမ်းခဲ့သည်။ ယခုလက်ရှိ တွင်သတင်းသမား ၈၀ နီးပါး ဖမ်းဆီးခံခဲ့ရကာ ၄၀ ကျော်မှာ ထိန်းသိမ်းခံနေရဆဲနှင့် ယင်းတို့အနက်အများအပြားကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့်အမှုဖွင့်ထားသည်။
ကိုနေမျိုးလင်းသည် ယမန်နှစ် မတ်လ ၃၀ ရက်ကလည်း ရခိုင်ပဋိပက္ခနှင့်ပတ်သက်သည့် သတင်းတပုဒ် ၄င်းတို့သတင်းဌာနတွင် ဖေါ်ပြခဲ့ပြီးနောက် အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မဖြင့် ဖမ်းဆီးခံခဲ့ရပြီး ရက်သတ​္္တပတ် ကျော်အကြာတွင် အမှုမြောက်ဟု တရားရုံးက ဆုံးဖြတ်ပြီးနောက် လွတ်မြောက်လာခဲ့သည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar