Breaking News

တိုးနှောင်မိုး - ဧပြီ

Image- Crd

ဧပြီ
တိုးနှောင်မိုး
(မိုးမခ) ဧပြီ ၄၊ ၂၀၂၁

လေးလပိုင်းက
လေးလှပါတယ်။

အလင်းရဲ့အမည်မဲ့စရင်းမှာ
ဒီနှစ်ရောက်လာမဲ့သိကြားမင်းလည်း
လက်သုံးချောင်းထောင်လို့။

ခွေးသရေပြားမှာ
စစ်ကောင်စီနဲ့အပေါင်းအပါအမည်နာမများ
သေပြီးသောသွေးနဲ့
ရေးခဲ့တယ်။

ပိတောက်ပွင့်မယ်
စိန်ပန်းပွင့်မယ်
ကံကော်တောမှာမောလှပြီ
သူ့ခေါင်းမှာလည်းသပြေညိုခဲ့ပြီပေါ့။

ဧပြီ ၂ ၂၀၂၁
...