မိုးမခဝမ်းနည်းကြေကွဲမှု - မောင်ခင်မှိုင်း(ချောက်) (၁၉၆၅ _ ၂၀၂၁)
နွေဦး
မောင်ခင်မှိုင်း(ချောက်)
သေမှာမကြောက်လို့
ပေတစ်ရာလျှောက်သူတွေလည်း
သူ့တော်လှန်ရေးနဲ့သူပဲ . . .
ထောင်မရွံ့လို့
ကလောင်ကွန့်သူတွေလည်း
သူ့တော်လှန်ရေးနဲ့သူပဲ . . .
ငုံ့မခံပဲ
တုံ့ပြန်ရဲသူတွေလည်း
သူ့တော်လှန်ရေးနဲ့သူပဲ . . .
တစိတ်တဝမ်းထဲ
စိတ်ဝမ်းမကွဲသော်
တော်လှန်ရေးကြီးအောင်ရမည် . . . ။
....
- ဧပြီလ ၁၇ ရက်နေ့တွင် ချောက်မြို့၌ကွယ်လွန်သွားခဲ့သည့် ကဗျာဆရာ မောင်ခင်မှိုင်း (ချောက်) (၁၉၆၅ _ ၂၀၂၁) ၏ "' နွေဦး'' ကဗျာကို ဆရာ့အား အမှတ်တရလွမ်းဆွတ်မှုဖြင့် ဖော်ပြအပ်ပါသည်။
ကျန်ရစ်သူမိသားစုဝင်များ၊ ကဗျာစာပေလောကသားများအားလုံးနှင့်အတူ နှမျောတသ လွမ်းဆွတ်လျက် ...
ဆရာ ငြိမ်းချမ်းရာဘုံဘဝရောက်ပါစေ။
မိုးမခ
----
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar