Breaking News

ကိုဇော်(ကလေးမြို့) - ညီအကိုမိုးများ


Image- Crd
ညီအကိုမိုးများ
ကိုဇော်(ကလေးမြို့)
(မိုးမခ) ဧပြီ ၁၀၊ ၂၀၂၁

အကို
ကျနော်တို့အခုတောင်ပေါ်တက်သွားပြီ
တိမ်တွေလိုပေါ့အကိုရာ
ငွေ့ရည်ဖွဲ့ဖို့လုံလောက်တဲ့အထိတော့
ရေခိုးရေငွေ့တွေကိုစုဆောင်းရမှာပေါ့
အချိန်တန်တဲ့အခါ
တတိုင်းပြည်လုံးစိမ်းလန်းငြိမ်းချမ်းသွားတဲ့အထိ
ဆည်မြောင်းချောင်းကန်ပြည့်လျှံဖြိုးတဲ့အထိ
ပုလဲမိုးပန်းတွေရွာမယ်လေအကိုရာ
အကိုလှမ်းကြည့်လိုက်ပါလား
တောင်ခါးပန်းမှာတိမ်တွေစုဖွဲ့အမျှင်တန်းနေတာ
အကိုတို့တောင့်ထားပါ
ကျနော်တို့လုံးဝမကြာစေရတော့ပါဘူး။
အေးပါညီ
အခုပဲ
မိုးခြိမ်းသံတွေအကိုတို့ကြားနေရပါပြီ။   ။

၁၀၊ ၄၊ ၂၀၂၁။