Breaking News

CRPH ရန်ပုံငွေ ကိုယ်တိုင်ကိုယ်ကျ အလှူပွဲ SF Bay မှာ ကျင်းပခဲ့သည်


CRPH ရန်ပုံငွေ ကိုယ်တိုင်ကိုယ်ကျ အလှူပွဲ SF Bay မှာ ကျင်းပခဲ့သည်

(မိုးမခ) ဧပြီ ၄၊ ၂၀၂၁

CRPH Support Team -SF Bay Area အစီအစဉ်နှင့် CRPH ထောက်ပံ့ကူညီနိုင်ရေးအလှူငွေကောက်ခံပွဲကို ယနေ့ ဧပြီလ(၄)ရက်၊ တနင်္ဂနွေနေ့ နံနက်(၁၀)နာရီမှ နေ့လည်(၂)နာရီအထိ မြန်မာကွန်မြူနီတီနှင့် ယဉ်ကျေးမှုစင်တာတွင် (One Myanmar Community Center) ကျင်းပခဲ့ရာ ၄ နာရီအတွင်း အလှူငွေစုစုပေါင်း ဒေါ်လာ (၅၁၄၀၀) (ငါးသောင်းတစ်ထောင်လေးရာ) လက်ခံရရှိခဲ့ပါသည်။ ပွဲအောင်မြင်စွာဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်ဝန်းကူညီပေးကြသော ပြည်သူဂုဏ်ရည်အသင်း၊ One Myanmar Community အသင်း၊ ရပ်ဝေးရပ်နီးမှ အလှူရှင်များ၊ အစားအသောက်များနှင့် ဧည့်ခံကျွေးမွေးကြသောအလှူရှင်များနှင့် လုပ်အားဒါနပြုသူအားလုံးကို အထူးပင်ကျေးဇူးတင်ဂုဏ်ပြုရပါကြောင်း။

CRPH Support Team SF Bay Area





#MoeMaKaMedia 
#WhatsHappeningInMyanmar