Breaking News

ကိုအောင်မှိုင်း - ကျွန်တော်ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - ၁



ကိုအောင်မှိုင်း - ကျွန်တော်ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - ၁

(မိုးမခ) မေ ၁၁၊ ၂၀၂၁

၁။ မြန်မာနိုင်ငံသားတို့သည်အဘယ်ကြောင့်ခုခံတော်လှန်စစ်ကိုရွေးချယ်လိုက်ကြသနည်း။
၂။ ခုခံတော်လှန်စစ်၏ သေနင်္ဂဗျူဟာပြဿနာ။
၃။ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်၊ ခြေမှုန်းစစ်၊ နေရာယူစစ်နှင့် အခြေခံဒေသတည်ဆောက်ရေး အတွက် ပြင်ဆင်ခြင်းနှင့် စစ်၏တရားကို လက်တွေ့လေ့လာသင်ယူခြင်း။
၄။ မြန်မာနိုင်ငံ၏ လက်ရှိထူးခြားမှုရှိသော အလားအလာကောင်းများကို ဆုတ်ကိုင်ခြင်း။
၅။ တော်လှန်စစ်ဖြင့် စစ်ကိုအဆုံးသတ်ခြင်းနှင့် လူထုအောင်ပွဲ။

၁။ မြန်မာနိုင်ငံသားတို့သည် အဘယ်ကြောင့်ခုခံတော်လှန်စစ်ကိုရွေးချယ်လိုက်ကြသနည်း

ယနေ့မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီသည် လူထုအပေါ် ရက်ရက်စက်စက် ပက်ပက်စက်စက် သတ်ဖြတ်မှုများ၊ နှိပ်စက်မှုများ၊ ခြိမ်းခြောက်မှုများ၊ လိမ်လည်မှုများကို အစီအစဉ်ရှိရှိ ကျူးလွန် လ ျှက်ရှိပါ သည်။ မြန်မာနိုင်ငံအနှံ့ လူ၈၀၀နီးပါးကိုသတ်ဖြတ်ခဲ့သလို၊လူအများရှေ့မှာပင် ရက်ရက်စက်စက် ရိုက်နှက် ခြင်း မျက်နှာများအား စစ်ဖိနပ်များဖြင့် ကန်ကျောက်ခြင်း ထိုးနှက်ခြင်း သေနတ်များဖြင့်ရိုက်ခြင်းတို့ကို ပြု လုပ်လ ျှက်ရှိပါသည်။ ကလေး ၄၃ ယောက်အား၎င်း သေနတ်များဖြင့်ပစ်သတ်ခဲ့ကြပါသည်။ အချိူ့ကို မိဘ ရှေ့မှောက်မှာပင် လူမဆန်စွာပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ ညနေဘက်ဖမ်းဆီးပြီး နောက်တနေ့ တွင် အလောင်းပြန်ယူခိုင်းခဲ့သည့်ဖြစ်စဉ်များလဲ အများအပြားရှိခဲ့ပါသည်။ ဖမ်းဆီးရာတွင် လူမဆန်စွာ ရိုက်နှက် ပစ်ခတ်ဖမ်းဆီးသည့်အတွက် မစွမ်းမသန်ဖြစ်ခဲ့ရသူများ ခြေပြတ် လက်ပြတ်ဖြစ်သွားခဲ့ရ သူများလဲ အများ အပြားရှိခဲ့ပါသည်။

မေလ ၈ ရက် နောက်ဆုံးသတင်းများ (AAPP) အရ ကျဆုံး ၇၇၆ ယောက် အဖမ်းဆီးခံ ၃၈၁၃ ယောက်နှင့် ဝရမ်းထုတ်ခံရသူ ၁၅၁၈ ယောက်ရှိသည်ဟုသိရပါတယ်။ အဆိုးဆုံးကိစ္စမှာ ကမ္ဘာတွင်မည်သည့် နိုင်ငံ တွင် မ ျှ မရှိသေးသော လူသတ်၍ အလောင်းအားမိဘ ဆွေမျိူးများထံ ပြန်ရောင်းစားသော ဖြစ်စဉ်ပင်ဖြစ် ပါသည်။ ထို့အတွက် နိုင်ငံတကာတွင် လူသားအသိဉာဏ်ထက်နိမ့်ကျသူများအဖြစ် စစ်သားများနှင်ရဲများ အပေါ် စွတ်စွဲ သတ်မှတ် ပြစ်တင်ဝေဖန်မှုများလဲဖြစ်ပေါ်လ ျှက်ရှိပါသည်။

အထက်ဖေါ်ပြပါအခြေအနေအောက်တွင် မြန်မာနိုင်ငံသားများ လုံခြုံစိတ်ချစွာ အသက်ရှင် ရပ်တည်ရေးမှာ များစွာမရေရာ မသေချာသောအခြေအနေများပင်ဖြစ်ပါသည်။မိမိအိမ်တွင်ပင် ပစ်ခတ်သတ်ဖြတ်ခံရနိုင် သ ကဲ့သို့ စစ်သားများ ရဲများ၏ လုယက်ဓားပြတိုက်မှုများကိုလည်း ခံရနိုင်သည့်အခြေအနေများပင်ဖြစ်ပါသည်။ ထို့အတွက်မြန်မာနိုင်ငံသားများသည် ခုခံတော်လှန်ရေးဟူသော ခုခံစစ်ကိုဆင်နွဲရန်ဆုံးဖြတ်လိုက်ကြပါ သည်။ ဤသို့ ရွေးချယ်ရခြင်းမှာ အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများကြောင့် ဟုဆိုလ ျှင် မှားမည်မ ဟုတ်ပေ။စစ်တရားအရ လက်နက်ဖြင့်ဖိနှိပ်သတ်ဖြတ်လာသောအခါ လူထုသည်လက်နက်ဖြင့် ပြန်လည်ခုခံ တိုက်ခိုက်ကြရတော့သည်။ဤသည်ကား တရားသောဓမ္မအစဉ်အလာပင် ဖြစ်ပါတော့ သည်။ မြန်မာနိုင်ငံသား တို့သည် ဓမ္မဖြင့် အဓမ္မအကြမ်းဖက်စစ်အုပ်စုကို ဖယ်ရှား ပစ်နိုင်ရန်အတွက် တရားသောခုခံတော်လှန်စစ်ကို ရွေးချယ်လိုက်ကြခြင်းဖြစ်ပေသည်။

၂။ ခုခံတော်လှန်စစ်၏ သေနင်္ဂဗျူဟာပြဿနာ

လူထုနှင့်ခုခံစစ်သေနင်္ဂဗျူဟာ

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရမဖြေရှင်းနိုင်သောအခါ နည်းလမ်းတခုအဖြစ် စစ်ရေးနည်းလမ်းများ ကို အသုံးပြုရလေ့ရှိသည်ဟု အဆိုအမိန့်များရှိပါသည်။ မြန်မာနိုင်ငံတွင် လက်တလောဖြစ်ပေါ်နေသော ပြ ဿနာများမှာ တိုင်းပြည်ကိုကာကွယ်ရန်နှင့် ပြည်သူလူထုကို စောင့်ရှောက်ရန် ဖွဲ့စည်းထားသော စစ်တပ် နှင့် ရဲတို့က တိုင်းပြည်အနှံ့ ပုန်ကန်ထကြွ သောင်းကျန်းကာ လူမဆန်စွာ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ဖျက်ဆီးသတ်ဖြတ်နေမှုပင် ဖြစ်ပါသည်။

လက်ရှိအနေအထားအရ ရန်သူသည်လက်နက်အင်အားသာလွန်မှုရှိပြီး လူထုထောက်ခံမှု လုံးဝကျဆုံးနေ ချိန်ဖြစ်ပါသည်။ တပြိုင်ထဲမှာပင် လူမျိူးပေါင်းစုံ ပြည်သူလူထုတရပ်လုံး၏ဆန့် ကျင်မှုကိုအပြင်းအထန်ခံနေရ ချိန်ဖြစ်ပါသည်။ မြန်မာပြည်တနံတလျား လူထုဆန္ဒပြလှုပ်ရှားမှုများ လူထုအာခံရေးလှုပ်ရှားမှုများ CDM ၊ ပြည်ထောင်စုညီညွတ်ရေးအစိုးရတည်ထောင်နိုင်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက် တွဲတိုက်ပွဲဖေါ်ဆောင်ရွက်နိုင်မှု၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်နိုင်ရန် ညီညွတ်သော ဘုံအမြင်များရရှိလာမှုများ မျိူးဆက်သစ်လူငယ်ထုဖြစ်သည့် GZ အမည်ရလူငယ်ထု၏ မဆုတ်မနစ် ဇွဲလုံလ ပညာစသည်တို့သည် လူထု၏အင်အားသာလွန်မှုကို ဖေါ်ပြခြင်းပင်ဖြစ်ပေသည်။ ဤကား ခုခံတော် လှန်စစ်ဆင်နွဲရန် လူထုတရပ်လုံးက ပြဋ္ဌာန်းလိုက်ခြင်းပင်ဖြစ်ပေသည်။ ခုခံစစ်ဆင်နွဲရန်ပြဋ္ဌာန်းလိုက်သည်ဆိုလိုခြင်းမှာ ခုခံစစ်သေနင်္ဂဗျူဟာအမြင်ကို ခိုင်ခိုင်မာမာ စိုက်ထူလိုက်ခြင်းပင် ဖြစ်ပေတော့သည်။

ခုခံတော်လှန်စစ်၏အတွင်းသဘောအရ လူထုထောက်ခံမှု ဆုံးရှုံးသောကြောင့် လက်ရှိစစ်တပ်၏ အင်အား ရုပ်ဝတ္တုပစ္စည်း နိုင်ငံတကာထောက်ခံမှုစသည့် ဘက်အသီးသီးတွင်နိမ့်ကျဆုံးရှုံးလာကာ လူထု ထောက်ခံမှု ရရှိထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် ဖက်ဒရယ်ပြည် ထောင်စုတပ်မတော် သည် တိုက်ပွဲစသည်နှင့် အင်အား ချက်ခြင်းတိုးတက်ဖြစ်ထွန်းလာမည်ဖြစ်သည်။ အကြောင်းမှာ စစ်တပ်တိုင်းအတွက် လူထုထောက်ခံမှုသည် အဓိကသေရေးရှင်ရေး ပြဿနာဖြစ်သော ကြောင့်ပင်ဖြစ်ပါသည်။ စစ်တပ် တိုင်း၏ အဓိက စစ်သားရေသောက်မြစ်သည် လူထုပင်မဟုတ်ပါလား။

နိုင်ငံတကာ စစ်ပွဲအမျိူးအစားများ

သေနင်္ဂဗျူဟာရည်မှန်းချက် မဟာဗျူဟာ နည်ဗျူဟာ တိုက်ပွဲသ္ဌာန် အသုံးပြုတဲ့လက်နက် တိုက်ပွဲပုံစံတွေ ကွဲ ပြားတာနဲ့အမ ျှ စစ်ပွဲပုံစံတွေလဲကွဲပြားပါသည်။ စစ်ပွဲဖြစ်စဉ်မှာ တိုက်ပွဲပေါင်းများစွာပါဝင်သည်ကို သတိ ပြုရန် လိုပါသည်။ ယေဘူယျအားဖြင့် စစ်ပွဲများကို အောင်ပါအတိုင်းခွဲခြားလေ့ရှိပါသည်။

၁။သမာရိုးကျစစ်ပွဲ Conventional War

ဂျီနီဗာကွန်ဗမ်းရှင်းပါ စာချူပ်အတိုင်းတိုက်ခိုက်သည့် နှစ်နိုင်ငံကြားစစ်ပွဲကြီးများ ။ ဥပမာ အာရပ်-အစ္စရေး စစ်ပွဲ၊ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ၊ ဖောက်ကလန်ကျွန်းစစ်ပွဲ၊ ကိုရိးယားစစ်ပွဲ စသည်တို့ဖြစ်ကြသည်။

၂။ သမာရိုးကျမဟုတ်သောစစ်ပွဲ Unconventional War
ဓါတုလက်နက်၊ အဆိပ်ဓါတ်ငွေ့ ၊မီးလောင်ဗုံး၊ နျူကလီးယားလက်နက်စသည့်လက်နက်များ အသုံးပြုသည့်စစ်ပွဲ ကြီးများကို ဆိုလိုသည်။ ဂျပန်နိုင်ငံရှိ ဟီရိုရှီးမား မြို့နှင့်နာဂစကီမြို့ပေါ်ကြဲချသည့် နျူကလီးယဗုံးချသည့် စစ်ပွဲ မျိူး၊ အီရန် အီရတ်စစ်ပွဲ (၁၉၈၀ ၈၈)တွင် ဓါတု လက်နက်များသုံးခြင်း၊ ပင်လယ်ကွေ့စစ်ပွဲ(၁၉၉၁) တွင် TOMAHAWK ခေါ် စမတ်ဗုံးများ သုံးခဲ့ကြသည့်စစ်ပွဲ များဖြစ်ကြပါသည်။

၃။ ပြောက်ကျားစစ် Guerilla War
စစ်လက်နက်အင်အားသာလွန်သော ရန်သူကိုတိုက်ခိုက်ရန်အတွက် သုံးလေ့ရှိသည်။ မိမိဘက်မှာ ကျဆုံး မှုအနည်းဆုံးနှင့် ရန်သူအင်အားကြိးတပ်များကိုပါ အကြီးမားဆုံးတိုက်ခိုက်ဖြိုခွင်းနိုင်သောနည်း ဖြစ်သည်။ အဓိကပြဿနာမှာ လူထုထောက်ခံမှုရရှိရန် ဖြစ်သည်။ လူထုထောက်ခံမှုမရလ ျှင် ပြောက်ကျားစစ်ကို မည် သို့မ ျှ အောင်မြင်အောင်ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ ပြောက်ကျားစစ်ဖြင့်အောင်ပွဲခံခဲ့သော နိုင်ငံကြီး များစွာရှိခဲ့သည်။ ထင်ရှားသောပြောက်ကျားစစ်သေနင်္ဂဗျူဟာမှာ တရုတ်ပြည်လွတ်မြောက်ရေးတိုက်ပွဲ မော်စီတုန်း၏ (၁၈၉၃ -)သည် အောင်မြင်ခဲ့သည်။

၄။ တန်ပြန်ပြောက်ကျားစစ် Counter-Guerilla War
ဗမာစစ်တပ်က တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများကို အဓိကတိုက်ခိုက်ရန် အတွက် ကျင့်သုံးသောနည်းမျိူးဖြစ်သည်။သူလျို၊ ဒလန်များသုံးခြင်း၊ ဖြတ်လေးဖြတ်လုပ်ခြင်း၊ ရွာများကိုမီးရှို့ခြင်း၊ ရွာသူရွာသားများ၏ စပါးကျည်များကိုဖျက်ဆီးခြင်း၊ စိုက်ပျိူးထားသောသီးနှံများ မွေးမြူထားသောတိရိစ္ဆာန် များကို သတ်ဖြတ်ခြင်းစသည့် အဖျက်လုပ်ငန်းများပြုလုပ်ခြင်းဖြစ်သည်။ တိုင်းရင်းသားဒေသများတွင် သူလျိူ ဒလန်များအသုံးပြုခြင်းဖြင့် အောင်မြင်မှုရလေ့ မရှိပါ။ အကြောင်းမှာ အမျိူးသားလွတ်မြောက်ရေးတိုက်ပွဲဖြစ်သဖြင့် မည်သူတဥိးတယောက်ကမ ျှ သစ္စာဖေါက်လေ့မရှိကြောင်း တွေ့ရသည်။ မြန်မာပြည်တွင်းတွင် ပြောက်ကျား စစ်ပွဲဆင်နွဲရန်မူ သူလျိူ ဒလန်ဖေါ်ထုတ်ရေး သုတ်သင်ရေးလုပ်ငန်းမှာ အလွန်အရေးကြီးသည် ဟုထင်ပါသည်။ အကြောင်းမှာ ပြောက်ကျားစစ်သည် အလွန်လျို့ဝှက်မှုများ လျှင်မြန်ဖြတ်လတ်စွာ ရွေ့လ ျှားလှည့်ပြောင်း မှုများကို အဓိကဆောင်ရွက်ရခြင်းဖြစ်သောကြောင့် မိမိက ရန်သူအကြောင်းသိရန် အရေး ကြီးပြီး ရန်သူက မိမိအကြောင်းကို မသိရန် ဆောင်ရွက်ရခြင်းကြောင့်ဖြစ်ပေသည်။

၅။ပြည်တွင်းစစ် Civil War

ပြည်တွင်းစစ်ကို အနက်ဖွင့်ရန် အလွန်ခက်ခဲမည်ဟုထင်သည်။ အမြင်များစွာရှိသည်။ ကျွန်တော်လက်ခံ သော အမြင်မှာ နိုင်ငံသစ် မွေးဖွါးရန်တော်လှန်သော စစ်ကို ပြည်တွင်းစစ်ဟု သတ်မှတ်ရမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ တိုင်းရင်းသားများလွတ်လပ်ရေးတိုက်ပွဲဝင်မှုသည် ပြည်တွင်းစစ်ဖြစ်သကဲ့သို့ ကနေ့လူထု ကို ရက်စက်စွာ ဖိနှိပ်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်အုပ်စုကို တော်လှန်သည့်စစ်ပွဲကိုလည်း ပြည် တွင်းစစ်အဖြစ် သတ် မှတ်ရမည်ဖြစ်ပေသည်။ ပြည်တွင်းစစ်တွင် ဘာသာရေးဖိနှိပ်မှု လူမျိူးရေးဖိနှိပ်မှု ဝါဒရေးရာကွဲပြားမှု အပါအဝင်၊ လူ့အခွင့်အရေးကို ရက်စက်မိုက်ရိုင်းစွာ ချိူးဖေါက်မှုများကို ကာကွယ်သောစစ်ပွဲများကိုလည်း ပြည်တွင်းစစ်အဖြစ် သတ်မှတ်နိုင်မည်ဟု ယူဆပါသည်။

ဤနေရာတွင် အရေးအခင်းနှင့်တော်လှန်ရေးကို ကျွန်တော်တို့ကွဲပြားခြားနားစွာ သိရန်လိုမည်ဖြစ်ပါသည်။ အရေးအခင်းဆိုသည်မှာ အာခံခြင်း ပုန်ကန်ခြင်း (Rebellion) သာဖြစ်ပြီး အစိုးရတရပ် လူ့အဖွဲ့အစည်းကြီး ကိုပြောင်းလဲနိုင်မည့်လှုပ်ရှားမှု မဟုတ်နိုင်ပါ။ ဥပမာ - ဗမာပြည်တွင်ဖြစ်ပေါ်ခဲ့သော ၂၀၀၇ခုနှစ် ရွှေဝါရောင် အရေးအခင်းကြီးမှာ Rebellion သာဖြစ်ပြီး တော်လှန်ရေးမဟုတ်ပါ။ ၈ လေးလုံးအရေးအခင်းကြီးမှ ထွက်ပေါ် လာသော ကျောင်းသားတပ်မတော် ABSDF အပါအဝင် DPA DNA PLF စသည့် လက်နက်ကိုင်တော် လှန် ရေးလှုပ်ရှားမှုများကမူ Revolution တော်လှန်ရေးအဆင့်ကို ကူးပြောင်းသွားခဲ့ကြခြင်းဖြစ်ပါသည်။ ကနေ့ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ကြသော လူထုဆန္ဒပြမှုများ CDM လှုပ်ရှားမှုများ CRPH မှ NUG အစိုးရထိ ရောက်ရှိလာကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကိုဖွဲ့စည်းလာနိုင်ခဲ့တာက တော်လှန်ရေးအဝန်းအဝိုင်းကို ရောက်ရှိလာခဲ့တာဟု ပြောရမှာဖြစ်ပါသည်။


ကိုအောင်မှိုင်း
မေလ ၁၀ ရက် ၂၀၂၁ခုနှစ်

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar