Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ ၂ - မောင်မှိုင်းလွင်(အင်းဝ)

Art - Wai Htet Paing Soe
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ -  ၂
မိုးမခ  
မေ ၂၇၊ ၂၀၂၁
-
ပုလဲနွေဦး 

၁၉၇၆
သမိုင်းနောက်ခံ ကောင်းတဲ့နှစ်
အဲဒီနှစ်မှာ မွေးတဲ့ကလေး
ငြိမ်းချမ်းရေး ချင်ခြင်းတပ်တာ
ရာဇဒဏ် သင့်သတဲ့လား။
လူနဲ့ထပ်တူကျတဲ့ ကဗျာ
ကမ္ဘာကြီးကြားအောင် ရွတ်ဆိုပြီး
အသေခံကာ အနိုင်ယူသွားရဲသူ။
ဆရာတာရာ ရဲ့ မေမွေးရက်
လေးနက်စရာ တိုးခဲ့ပြီ။     ။

မောင်မှိုင်းလွင်(အင်းဝ)
၂ ၇ . ၅ . ၂ ၀ ၂ ၁
ပုံ- ဝေထက်ပိုင်စိုး
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar