နေစိမ့် - မေရတု
မေရတု
နေစိမ့်
(မိုးမခ) မေ ၂၆၊ ၂၀၂၁
ညောင်ရေသွန်းပွဲတော်နွှဲပျော်ကြပြီးနောက်
မသေမရှင်သစ်ပင်တွေသေဆုံးသွားကြတယ်
ရေတွေဟာ သွေးတွေဖြစ်သွားပုံ
မျက်မြင်သက်သေတယောက်ဆီမှကြားရ
ထို့နောက်
သေချာသောမြေပြင်သတင်းများအရ
သေဆုံးသွားကြသောသစ်ပင်များဟာ
အရိုးအပြိုင်းပြိုင်းနဲ့ လမ်းမတွေအပေါ်
အရေးကြီးပြီ သွေးစည်းကြသီချင်းသံပြိုင်ဆိုလို့
လမ်းမတွေကလူတွေကို မျှော်နေတဲ့အကြောင်း
ဖြတ်သွားဖြတ်လာမီးပွိုင့်တွေကတဆင့်
အမှာစကားပါးလိုက်တယ် ။။ ။။
၂၀၂၁ မေလ ၂၅
ကဆုန်လပြည့်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar