Breaking News

မောင်စွမ်းရည် - ဝာရုတ်ပြည်သွားမလား



မောင်စွမ်းရည် - ဝာရုတ်ပြည်သွားမလား

(မိုးမခ) မေ ၅၊ ၂၀၂၁

ဝာရုတ်လား?
ဝာရုတ်က ယုတ်တယ်။
ဝာရုတ်က ဘရုတ်ကျတယ်။
ပုဂံခေတ်ကပေါ့

ရန်ဖြစ်ဖို့ ဒင်းတို့လာသတဲ့။
ကဗျာရှိတယ်။ စာရှိတယ်။

ဝာရုတ်လာသည် - ရိုင်ရိုင်လော။
ရိုင်ရိုင် - ရိုင်ရိုင်တဲ့။

မြားမိုးရွာသည် - ဖြိုင်ဖြိုင်လော။
ဖြိုင်ဖြိုင် - ဖြိုင်ဖြိုင်တဲ့။

ဝာရုတ်လဲ မလာပါနဲ့။
မြားမိုးလဲ မရွာပါနဲ့။
ဓားမိုးလဲ မရွာပါနဲ့။
ကျည်ဆံလဲ မကျပါစေနဲ့။
ခြေသံလဲ မချပါစေနဲ့။
သူကိုယ်တိုင်လည်း မလာပါစေနဲ့။

နှစ်ထောင့်နှစ်ဆယ့်နှစ်၊ ပီကင်းအိုလံပစ်တဲ့။
ပီကင်းမှာ တည်ခင်းမဲ့ပွဲ၊ အားကစားပွဲတဲ့။
အပြေးသမားလဲမသွားနဲ့၊ အရေးသမားလဲ မသွားဘူး။
အခုန်သမားလဲမသွားနဲ့၊ အဟစ်သမားလဲ မသွားဘူး။
ဖိတ်ကြားလို့လဲ မသွားနဲ့၊ စိတ်ကစားလို့လဲ မသွားနဲ့။
သပြေခက်နဲ့မျှော်လဲမသွားဘူး၊ ရွှေလက်နဲ့ခေါ်လဲမသွားဘူး။
စိတ်နဲ့တောင်မရောက်ဘဲ၊ သပိတ်မှောက်ကြစို့။

တရုတ်က ယုတ်တယ်ဟ။
မဟုတ်ကဟုတ်ကနဲ့ ဘရုတ်ကျပြီး
ဒုက္ခပေးတတ်တယ်။

ဒုက္ခလည်းမလိုချင်ဘူး။ ဒုတ်ကောက်လဲမလိုချင်ဘူး။
ဘူးတစ်လုံးဆောင် အိုအောင်မဆင်းရဲဘူးတဲ့။
အဆိပ်အတောက်တွေကို သပိတ်မှောက်ကြဟေ့။
သပိတ် သပိတ် မှောက် မှောက်
သပိတ် သပိတ် မှောက် မှောက်

ပရုပ်ဆီစားမလား၊ ဝာရုတ်ပြည်သွားမလားဆိုရင်
ဝာရုတ်ပြည်တော့ မသွားဘူးဟေ့။

မောင်စွမ်းရည်
မေ ၁ - ၂၀၂၁
နယူးယောက်

Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar