Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - တိုးနှောင်မိုး

Art- Htee Saing
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ 
မိုးမခ
ဇွန် ၁၄၊ ၂၀၂၁
-
ပိုပေါ့နောက်တစ်ယောက်ကျဆုံးခန်း

နာဇီရဲ့တပ်ပျက်ကစဥ့်ကလျား
ဖက်ဆစ်ရဲ့အခြေအမြစ်မရှိဖြစ်စဥ်
ကိုယ့်သေးကြောင်းကိုလန့်နေရ
ရက်စက်မှုရဲ့အရိုးဟာ
သူတို့ဘုရားကျောင်းဆောင်ကပန်းအိုးမှာ
ဘယ်ဘုရားက လိုလားရမှာလည်း
ပိုပေါ့နောက်တစ်ယောက်ကို
ပိုပေါ့ရဲ့တစ္ဆေကခြောက်နေတယ်။

အဆိပ်တွေ
လူနဲ့အတူမိစ္ဆာခေတ်ကို
အရိုးနဲ့ကြိုးသီ
ပိုပေါ့နောက်တစ်ယောက်ပြီး
ပိုပေါ့နောက်တစ်ယောက်မလိုတော့ဘူး။

အရေးကြီးပြီညီနောင်မျိုးဆက်တို့
သွေးစည်းကာ ညီစေနီကြစို့
အရေးတော်ပုံ
ပိုပေါ့နောက်တစ်ယောက်ကိုသတ်ရမည်။

ဖယ်ဒရယ်ပြည်ထောင်စုကို
ပိုပေါ့ကိုသတ်ပြီးတည်မည်။

လူသတ်တဲ့လက်နက်ဟာ
သွေးကိုမသေစေဘူး
ပြည်ထောင်စုကိုညီအောင်ပြုရမည်။

ကြက်ဥကို ကျနော်တို့ထပ်ထောင်မယ်
တောကြောင်တွေ
မီးဖိုချောင်မှာလက်ခမောင်းမခတ်စေရဘူး
အဆုံးသတ်တိုက်ပွဲ
ငါတို့အောင်နိုင်ရေးပဲ။

အိမ်ကြက်ချင်း
အိုးမဲသုတ်ခွပ်ခိုင်းဖို့လွယ်လား
ရမ္မက်အာဏာသွေးက
မိစ္ဆာရဲ့ထိတ်လန့်မှုပဲ
ကြောင်အိမ်ထဲမှာငါးကြော်ကရှိနေတယ်။

မိုးနဲ့အတူ
ပိုပေါ့နောက်တစ်ကိုသတ်ရမယ်
တရားမမျှတမှုကို
မျက်ကွယ်မပြုဘူး
ကမ္ဘာကြီးကငေးနေတယ်။

ငါ့သမီးပန်ပန်တို့ရှေ့ရေး
ငါတို့သွေးကိုတေးလုပ်ဆိုမယ်
လာ............အချစ်
ပိုပေါ့နောက်တစ်ယောက်ကျဆုံးခန်းဟာ
ငါတို့အောင်ပွဲ
အဆုံးသတ်တိုက်ပွဲငါတို့နွှဲရမည်။ ။

တိုးနှောင်မိုး
2 May 2021

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar