Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ- န ထ န ၊ နေပန်ဦး

Artist - Htee Saing
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
 ဇွန် ၂၅၊ ၂၀၂၁
-
မ​ပြောဘူး

တခုခု​ ပြောပါ ဆိုရင်​တောင်
ငါ့လွမ်းဆွတ်
နာကျင်ချင်း​တွေ
မ​ပြောမိဖို့ 
ငါတို့​ ခေတ်ကြီးထဲ 
ငါတို့ကိုယ်တိုင်
ငါတို့ 
ဆို့နင့်ခြင်း​တွေ 
မ​ပြောမိဖို့ 
သတိ ကပ်ထားတယ်
ခရီးက ​
ရောက်​တော့မှာပဲ
နည်းနည်း ပိုကြာတယ်လို့
ထင်ကြတယ် 
နည်းနည်း 
ပို​ပေးဆပ်ရတယ်လို့
ထင်ကြတယ် 
ဒီလိုဆိုလည်း
နည်းနည်း 
အားစိုက်လိုက်ပါလား
​သွေးသံရဲရဲ 
ရင်ဘတ်​တွေ 
သူများမပြမိဖို့​ လောက်ပါပဲ ။   
   
န ထ န 
ဇွန်လ ၂၃  ၂၀၂၁  ည

...

ဂမ္ဘီရမျိုးဆက်

မြစ် နဲ့လည်း ...ဝေး
တာ နဲ့လည်း ... ဝေး
လူတွေနဲ့လည်း ... ဝေး
မေတ္တာဝေးနာမည်နဲ့ ရွာလေးဟာ
ကမ္ဘာပေါ်မှာ ... ရှိနေတယ်
မေတ္တာတရားတွေ ထွန်းကားစွာနဲ့။

မရှိရှာတော့တဲ့ ...နံမည်တွေ
ရှာရမယ့် ...လမ်းတွေ
နား၊ ရင်ဘတ်၊ နှလုံး၊ ကျောပြင်
လူငယ်တွေက ... မြေပုံကိုယ်စီနဲ့ ။ ။

နေပန်ဦး
၂၁. ၆. ၂၀၂၁

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar