Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ- မိုးကျော်သူ၊ ပလန်ကိုင်း၊ ခိုင်မျိုး

Art - Than Htay Maung

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဇွန် ၁၁၊ ၂၀၂၁
-

အယ်လကိုဟောလို့အမည်ရတဲ့ 
ကမ္ဘာဦးကိုပြန်သွားတဲ့ည


ကျည်ဖူးထိပ်က မှဲ့ရယ်
ရေခဲသေတ္တာထဲက
အစိမ်းရောင် မီးသွေးခဲတွေရယ်
ခိုလုံခွင့်တောင်းနေတဲ့
ချင်ခြင်းတွေရယ်
စပ်ခါနီးငရုပ်သီးတစ်တောင့်ရယ်
နွားနိူ့တခွက်ရယ်
သူဥချလိုက်တဲ့ ဥတွေရယ်
အမည်းမတယောက်ရဲ့တင်ပဆုံရယ်
၄၉ အလီ ရယ်
လေးနာရီထိုးတော့မဲ့ ကင်ဆာတစ်ဘူးရယ်
ရုတ်တရက် ဆိုက်ကပ်လာတဲ့
မီးတောင်သေအချို့ရယ်
စားပွဲပေါ်က
သေနေတဲ့ ခင်ဗျားစစ်သား တွေရယ်
အယ်လကိုဟောလို့အမည်ရတဲ့
ချောဆီတလုံးရယ်
ဒီည
အရမ်းရွာချချင်နေတဲ့
ကျနော့် မိုးတွေရယ်။

မကသ
၉-၆-၁၆

-

ဖိနပ်တရံရဲ့ဒေါသ

ခြေထောက်ကိုတောင် 
သူ မ မနိုင်ဝောာ့တဲ့ ပစ်ကွင်းမှာ
သွေးအလူးလူးနဲ့
ခြေဖဝါးတွေအတွက် ယူကြုံးမရ

နီစွေးစွေး သွေးပွက်အိုင်ထဲက
မြုတ်တ၀က် ဖိနပ်တဖက်
အလုပ်မတက်ဖို့ ကြွေးကြော်

အေး 
ဒီပွဲမှာ အမှန်တရားမနိုင်ရင်
ဘယ် ဘုရားမဏ္ဏိုင် ကိုမှ
မကိုးကွယ် တော့ဘူးဆိုတာ
ငါတို့ သစ္စာ

လမ်းမထက် မှာ 
ပိုင်ရှင်မဲ့ ဖိနပ်တွေ များလာလေ
ငါတို့ မျော်လင့်ချက်တွေ
ခြေစုံ ခိုင်လာလေ။    ။

ပလန်ကိုင်း

-
ရွာထဲမှာ


ပြိုကျရုပ်
အစိုင်အခဲ၊ အရည်၊ အခိုးအငွေ့
သေခြင်းတရားကိုအရသာခံရန်ကုတင်တစ်လုံး
ဆုံးရှုံးပျက်စီးနေသောအာရုံခံအဂါင်္
ငတ်မွတ်လရောင်တေးသွားများ
မာန်​မာနဓားအ​သေ
မဆိုရသေးသည့်အိပ်မက်သီချင်း
ဖြူလွသောအကျင်္ီဟောင်းတစ်ထည်
ဖူးလက်စဓာတ်ပြုမှု
နေ့မီးများအောက်ကနှောင်ကြိုး
သာယာသောတေးသံကို
အသက်နဲ့သိမ်းထုတ်ယူဆောင်ခဲ့ပြီ။

ခိုင်မျိုး

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar