Breaking News

လွန်းအိမ် - ငါတို့ ဒီပွဲကို နိုင်ရမယ်

ငါတို့ ဒီပွဲကို နိုင်ရမယ်
မိုးမခ  
ဇွန် ၂၆၊ ၂၀၂၁


ပေးဆပ်မှုတိုင်းရဲ့လားရာမှာ
ပန်းတိုင်ကိုငါတို့မြင်နေပြီးသား
ပြီးဆုံးသည်ထိတိုက်မည့်ပွဲမို့
အောင်လံကိုငါတို့ပြင်ဆင်ထားတယ်
လွှင့်မယ် တလူလူလွင့်နေအောင် လွှင့်မယ်
အဲ့ဒီအလံရဲ့ရိုက်ခတ်မှုတိုင်းမှာ
သွေးစိမ်းရှင်ရှင်ထနေတဲ့မြင်ကွင်းတွေပဲပေးမယ်
ရရာနည်းနဲ့ ပို့လွှင့်မယ် 
သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစု 
တန်ပြန်မှုတိုင်းရဲ့ဒဏ်ရာမှာ
အဲ့ဒီမျက်နှာတွေတွေထင်ဟက်စေမယ်....

လွန်းအိမ်
-

(တော်လှန်ရေးကြီးပြီးတဲ့အခါ
ရွာကနေ မြို့ပေါ်ပြန်တက်မယ်
အရင်လို အလုပ်တွေလုပ်မယ်
မန္တလေးကို စိတ်ရှိလက်ရှိဆိုင်ကယ်ပတ်စီးမယ်
ခုလို နေပူထဲ 
ရတစ်ချက် မရတချက် အလုပ်တွေမလုပ်တော့ဘူး
မီးလာချင်လာ
မလာချင်မလာတဲ့အရပ်မှာလည်းမနေချင်ဘူး
ဖုန်းလိုင်းတွေစောက်အစိုးရလိုမျိုးနဲ့မကြုံချင်ဘူး
အရင်ကလို
သွားလိုက် လာလိုက် စားလိုက် သောက်လိုက်
ရယ်လိုက်မောက်လိုက်နဲ့ ဘဝမျိုးပြန်လိုချင်ပြီ
အဲ့တော့
ဒီအရေးတော်ပုံ အောင်မည် အောင်မည် အောင်မည်....။)

လွန်းအိမ်
(ကဗျာဆရာလွန်းအိမ် ဖဘဝေါ်လ် မှ ...)
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar