Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ဝါကျဖြူ၊ ဘမောင်

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဇွန် ၂၈၊ ၂၀၂၁
-
အံသွားတို့မိတ်လိုက်ခြင်း

တယ်လီဖုန်းမြည်သံရဲ့နောက်ကြောထဲက
တစ္ဆေရဲ့ အရိပ်တွေစိုက်ဝင်နေတဲ့
ဆွံ့အနေတဲ့မိုးကောင်းကင်ကြီးရှိတယ်။
ခါးသက်မှုတခုလုံးကိုတယောတလက်ထဲထည့်ပြီးထိုးနေတဲ့လူတယောက်ရဲ့ 
အဆိပ်သင့်နေရောင်တွေ။
ကျည်ဆံတွေထဲကမေ့မျောနေတဲ့လမ်းမတွေ
' ဝ ' သုညလေးတွေပုန်းအိပ်နေရတဲ့မျက်
တောင်ထဲကအခွံခွာချခံထားရတဲ့မျက်ရည်တွေ။
နွေဦးကနေထူပိန်းလာတဲ့လေပွေတွေ
အရပ်သုံးဘာသာစကားထဲကမိုးမှောင်ကျနေ့စွဲတွေ ။

 ဝါကျဖြူ
27/6/21

...

ရေဒီယို နားထောင်ခြင်း

တောစပ်ကနေပြီး လှမ်း 
ကြည့်နေမိတယ်
ရွာဘက်က တက်လာတဲ့ မီးခိုးလုံးမဲမဲတွေ
အလိပ်လိုက် အလိပ်လိုက်
အတိတ်ဆီ ပြန်
သွားနေကြတယ်

ဘမောင်
၂၆-၆-၂၀၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar