Breaking News

မြန်မာနွေဦးတော်လှန်ရေးကဗျာများ - ဂျွန်ဘွား

ငယ်ငယ်တုန်းက လမ်းပေါ်ကရုပ်ရှင်
ဂျွန်ဘွား
(မိုးမခ)ဇူလိုင် ၁၂၊ ၂၀၂၁

ဒေဝဒတ်ဆိုတာလည်း
အဇာတသတ်ကို
အမျိုးမျိုးမြှောက်ပေး
မြတ်စွာဘုရားကိုပင်လျှင်
ဖယ်ရှားဖို့ကြိုးပမ်း
အဇာတသတ်ကလည်း
ဖခင်
ဗိမ္မိသာရ ဘုရင်ကြီးကို
အကျဉ်းချရုံမက
ခြေဖဝါးဓားမွှန်း
တဆတ်ဆတ်တုန်သလို။

ဆောင်းတွင်းကြီး
ရုပ်ရှင်ကြည့်ပရိတ်သတ်
ကျနော်တို့တသိုက်ပုဆိုးလေးတွေခြုံ
တဆတ်ဆတ်တုန်ပေါ့။

ဒေဝဒတ်ဟာ
မြေပဲမမြိုနိုင်ဘူးကွာ
ဆိုပြီး
ပြစက်ဘက်လှည့်ကြည့်
ကားပိုင်းတွေကျော်ပြစေချင်နေခဲ့တာပေါ့။

-


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar