Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ (၁)- ဇာနည်

Image- Crd

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ 
မိုးမခ
ဇူလိုင် ၆၊ ၂၀၂၁
-

"ငါ့မြို့လေး.."
ဇာနည်


ပဲခူးရိုးမတောင်တန်းကြီးတွေရဲ့
ကျောရိုးနံဘေးကမြို့လေး..

သူရဲကောင်းတွေရဲ့ဝိညာဉ်တွေအကြောင်း
ညအိပ်ရာဝင်ပုံပြင်တွေနားထောင်ခဲ့ရတဲ့မြို့လေး..

ပေါလ်ဂေါ်ဂင်ရဲ့စုတ်ချက်တွေနဲ့
အနာဂတ်ကိုခပ်ကြမ်းကြမ်းခြယ်မှုန်းခဲ့တဲ့မြို့လေး..

လူမိုက်တွေပေါပြီး
လူလိမ်မာတွေနဲပါးတဲ့မြို့လေး...

ရှင်မောဂ္ဂလာန်ဇာတ်တော်ထဲက
ခိုးသားနှစ်ရာ့ငါးဆယ်နေထိုင်တဲ့မြို့လေး...

မီးတောက်ဆန်ချက်အရက်နဲ့
တော်လှန်ကဗျာတွေကိုအမြည်းလုပ်ခဲ့ဖူးတဲ့မြို့လေး...

တဝမ်းတခါးလှဖို့ထက်
နေ့တဓူဝ တဝမ်းဝဖို့ပဲ ဦးစားပေးခဲ့တဲ့မြို့လေး...

ရှားရှားပါးပါးအပျော်တွေနဲ့
တနှစ်တခါတောဘုရားပွဲလေးရှိတဲ့မြို့လေး...

လူနေခြုံကြား စိတ်နေဘုံဖျား
စာသမား ကဗျာသမားတွေမခေါင်းပါးတဲ့မြို့လေး...

အဲ့ဒီမြို့လေးဟာ
ဒီနွေဦး ခေတ်ပေါ်ရာဇဝင်တောလားမှာ
မော်ဒန် တော်လှန်တွေနဲ့
ကျော်ပြန်သပေါ့ ကပ်သုံးပါး...။ ။
-
(ဇာတိမြို့လေးမှမြို့ပြပြောက်ကျားများသို့)


၅-၇-၂၁

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar