Breaking News

ကိုအောင်မှိုင်း - ကျွန်တော်ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး အပိုင်း - ၆



ကိုအောင်မှိုင်း - ကျွန်တော်ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး အပိုင်း - ၆

(မိုးမခ) ဇူလိုင် ၆၊ ၂၀၂၁

ရန်သူ့စစ်တရားများကို လေ့လာခြင်း

(ရန်သူ့အကြောင်း ကိုယ့်အကြောင်းသိမှသာ စစ်ကိုအောင်နိုင်မယ်လို့အဆိုအမိန့်ရှိခဲ့သလိုဘဲ ရန်သူ့အ ကြောင်းကို ကိုယ်ကသိအောင်ကျိူးစားပြီး ကိုယ့်အကြောင်းကို ရန်သူက မသိအောင်ဆောင်ရွက်နိုင် ခြင်း ဟာလဲ စစ်အောင်နိုင်ရေးတရားဖြစ်လာခဲ့ပါတယ်။)

ကျနော်ပြီးခဲ့တဲ့ဆောင်းပါးတချိူ့မှာ ပြောက်ကျားစစ်ပွဲနဲ့ပါတ်သက်ပြီး အားသာချက် အားနည်းချက်တချိူ့ကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ကနေ့ ရေးချင်တာက စစ်အုပ်စုတလျှောက်လုံး လုပ်နေတဲ့ ပြောက်ကျားစစ်ဆန့် ကျင်ရေး (သောင်းကျန်းသူဆန့်ကျင်ရေး)ဆိုင်ရာ အတွေးအမြင်လုပ်ရပ်တချိူ့ကို တင်ပြလိုပါတယ်။ သီအိုရီအရ တန်ပြန်ပြောက်ကျားစစ် (Counter- Gurrellia War) ခေါ်တဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေကို ချေမှုန်းရေးစစ်မှာ အဓိကလုပ်ကြတာက(ရှာဖွေမယ် တိုက်ခိုက်ချေမှုန်းမယ်) ဆိုတဲ့ Search and Destroy ကို အခြေပြုတာဘဲဖြစ်ပါတယ်။ ဒီနေရာမှာ စစ်တပ်အနေနဲ့ပြည်တွင်းလက်နက်ကိုင် အင်အားစု တွေကို၂ မျိူးခွဲခြား တာတွေ့ရပါတယ်။ တမျိူးက conventional သမားရိုးကျစစ်နဲ့ Gurrellia ပြောက်ကျားစစ် ဆိုပြီးဖြစ် ပါတယ်။

ဥပမာ အရှေ့မြောက်ဒေသဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ CPB ကို သတ်မှတ်ရာမှာတော့ conventional သမားရိုးကျစစ်တခုအဖြစ် သတ် မှတ်ချေမှုန်းဘို့ကြိုးစားခဲ့တာတွေ့ရပါတယ်။ အကြောင်းက တော့ အရှေ့မြောက်ဒေသဟာ လွတ်မြောက်တဲ့အခြေခံဒေသတည်ရှိတာရယ် တောင့်တင်းတဲ့တပ်အင်အားရှိတာရယ် တရုတ်ပြည်ရဲ့ခိုင်မာတဲ့စစ်ရေးအကူအညီအပြည့်အဝရှိတာရယ် လက်နက်ကိုင်တပ်တွေ ရဲ့ တိုက်ခိုက်ရေး စွမ်းရည်မြင့်မားကြတာရယ် စစ်ရေးရည်မှန်းချက်က ဗမာပြည်လွတ်မြောက်ရေး ဆိုတဲ့ဒေ သအကန့်အသတ်မရှိ တိုက်ပွဲဝင်မဲ့ရည်မှန်းချက်တွေ ရှိနေတာကြောင့် ရှိသမ ျှ ဗမာစစ်တပ်ရဲ့ ၇၀%ကျော် ကို နဲ့ CPB တပ်တွေကို ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ CPB တပ်တွေကို အရှေ့မြောက်ဒေသက လုံးဝ ပေါက်မထွက်နိုင်အောင် ရှိ သမ ျှတပ်တွေသုံးပြီး ပိတ်ဆို့ထားရတာလဲဖြစ်ပါတယ်။ ဒီနေရာမှာ CPB တပ် တွေကလဲ conventional နဲ့ Gurrellia ကို ပေါင်းစပ် တိုက်ပွဲဝင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။

၁၉၇၀ လွန်နှစ်တွေက ပဲခူးရိုးမမှာ CPB ဗဟိုဌာနချူပ်ကို ချေမှုန်းရေးလုပ်စဉ်က

၁။ ဖြတ် ၄ဖြတ်နည်းကို သုံးခဲ့တယ်
၂။ လူအင်အား ၁၀၀ ကျော်ကို တပ်မအသစ်တွေသုံးပြီး (သာလွန်အင်အား)များစွာကို သုံးခဲ့ တယ်လို့ သိရပါတယ်။

ဒီလိုဘဲ ၁၉၉၀ခုနှစ်နှစ်ဦးပိုင်း ဧရာဝတီတိုင်း မုန်တိုင်းစစ်ဆင်ရေးမှာ

၁။ ဟယ်လီ ကော်ပတာသုံးစစ် ဆင်ရေး (heliborne)
၂။ လူအင်အား ၁၀၀ကျော်ကို တပ်များစွာသုံးပြီး(သာလွန်အင် အား) များစွာကိုသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ နိဂုံးချူပ်ထားကြောင်း စစ်တပ်ထုတ်စာစောင်တစောင်မှာ ဖတ် ရ ပါတယ်။

ဒီနောက် KIA KNU စတဲ့အင်အားကြီးတိုင်းရင်းသားအဖွဲ့အစည်းကြိးတွေကို ချေ မှုန်းရေးလုပ် ငန်းများ မအောင်မြင်ကြောင်း လဲ သုံးသပ်ထားတာတွေ့ရပါတယ်။ အဆိုးဆုံး ဆိုတဲ့ ကရင်နီပြည်မှာတော့ တန်ပြန်ပြောက်ကျားစနစ်ကို လုံး၀အောင်မြင်အောင် မလုပ် နိုင်ကြောင်းလဲ ဝန်ခံထားတာတွေ့ရပါတယ်။

ကျနော်ဒီအချက်တွေတင်ပြတာက ပြီးခဲ့တဲ့ကာလ စစ်တပ်ရဲ့စစ်ဆင်ရေးလုပ်ငန်း စီမံချက်တွေကိုကြည့်ရင်

၁။ ဖြတ် ၄ဖြတ်နည်းဖြင့်ချေမှုန်းခြင်း

၂။ သာလွန်အင်အားစုစည်း၍ ချေမှုန်းခြင်း

၃။ ဟယ်လီကော်ပတာ၊ လက်နက်ကြီး၊ တိုက်လေယဉ်တို့ဖြင့်ချေမှုန်းခြင်းစတဲ့ စစ်ရေး စီမံကိန်းအားလုံး ဟာ ဖေါ်ပြပါအချက်အလက်တွေကို အခြေပြုနေကြတာတွေ့ရမှာ ဖြစ်ပါတယ်။

ဆိုလိုချင်တာက စစ်ရေးစီမံ ကိန်းတွေအားလုံးက Search and Destroy ဖြစ်တဲ့ ရှာဖွေဖေါ် ထုတ်သတင်းယူ တိုက်ခိုက်ချေမှုန်းဆိုတဲ့ နည်းနာဘဲဖြစ်ပါတယ်။ ပဲခူးရိုးမ CPB ဌာနချူပ် ကို ချေမှုန်းဘို့အတွက် ပဲခူးရိုးမမှာရှိတဲ့ ပါတီခေါင်းဆောင် များအားလုံးကို ရန်သူကစာရင်းယူထားပြီးဖြစ်သလို စစ်ကြောင်းတိုင်းမှာ ပါတီခေါင်းဆောင်ကြီးငယ်တွေကို သိတဲ့ သတင်း ပေး ခုခေတ်အခေါ် ဒလန်တွေကိုပါ ထည့်ထားတယ်လို့သိရပါတယ်။ CPB ခေါင်းဆောင် ကြိးတွေရဲ့ အခြေခံဒေသဖြစ်တဲ့ ပဲခူးရိုးမကတလက်မမှာမဆုတ်ဘဲ ရန်သူထိုးစစ်ကို မိမိထိုးစစ်နဲ့ခြေမှုန်းရေး တိုက်ပွဲတွေကိုခုခံရင်း အာဇာနည်ပီသစွာ ကျဆုံးခဲ့ကြတာတွေ့ရပါတယ်။ ဒီနောက်ပိုင်း အခြေခံဒေသ တည်ဆောင်ရေးအခန်းကိုလေ့လာတဲ့အခါ ဒီဖြတ်သန်းမှုတွေ ကို နိဂုံးချူပ်တွေလုပ်ခဲ့နိုင်တာဟာ CPB ရဲ့အားသာချက်လို့ဘဲပြောရမယ် ထင်ပါတယ်။

တိုင်းရင်းသားဒေသတွေမှာ စစ်အုပ်စုအနေနဲ့ ချေမှုန်းရေးလုပ်ဘို့အလွန်ခက်ကြောင်းလဲ သိရပါတယ်။ အဓိက ကတော့ သတင်းရယူဘို့ခက်တယ်။ ပြောမယ်ဆိုရင် တိုင်းရင်းသားဒေသတွေမှာ ဒလန်ခေါ်တဲ့ အမျိူး သားအပေါ်သစ္စာဖေါက်တဲ့လူ အတော်နည်းပါတယ်။ သတင်းရယူရေး တော်လှန်ရေးအဖွဲ့အစည်းတွေ သတင်းရယူဘို့ အတော်ခက်ပါတယ်။ ပထဝီအနေအထားအရ တောင်ပေါ်ဒေသဖြစ်တာကလဲ စစ်အုပ်စု အတွက် အကန့်အသတ်ကြီးတာတခုလို့ ဆိုပါတယ်။ ဗမာစစ်တပ်မှာ အများစုက ဗမာများဖြစ်ကြပြီး မြေပြန့် ဒေသက လူများဖြစ် တာကြောင့် တောင်ပေါ်ဒေသ တိုက်ပွဲတွေမှာ မြေအနေအထားအရ အားသာချက်ရဘို့ ခဲယဉ်းပါတယ်။ဒီလိုဘဲ သတင်းရရှိဘို့ဆိုတာ အလွန်ခဲယဉ်းပါတယ်။

ကျနော်ဒီဖြစ်စဉ်တွေကို ရေးရတာက ကနေ့ဗမာစစ်တပ်မှာဖြစ်ဖြစ် ဘယ်နိုင်ငံတကာစစ်တပ်မှာဖြစ်ဖြစ် ပြောက်ကျားတပ်တွေကို ခြေမှုန်းဘို့ဆိုတာ အခြေခံအချက်က တခုတည်း ပါတယ်။ အဲဒါကတော့ Search and Destroy ဆိုတဲ့ “ ရှာဖွေ တိုက်ခိုက်” ဆိုတာကိုဘဲအခြေခံတာ ဖြစ်ပါတယ်။ ကနေ့ဟာတနိုင်ငံလုံးလူထု တော်လှန်ရေးကြီးတခုဖြစ်နေတာပါ။ ဗမာစစ်တပ်အတွက် ဗမာတပြည်လုံးကရန်သူဖြစ်သွားရတဲ့ အနေအ ထား ဖြစ်ပါတယ်။ လူထုထဲမှာ ဒလန်တွေသစ္စာဖေါက်တွေမွေးဘို့ သိတ်ခက်သွားပါပြီ။ ဒလန်တွေသစ္စာ ဖေါက်တွေကို လူထုကပြတ်ပြတ်သားသား ခြေမှုန်းလိုက်ကြတဲ့အပေါ် ကနေ့ပျူစေထီး ဆိုတာမျိူး လောက်ကောင်တွေကို ဖန် တီးပြီး လူထုကသတ်ဖြတ်ဘို့ပြင်ဆင်ကြတာပါ။ ပျူစေထီးဆိုတာ ကြေးစားစစ်တပ်ကမွေး ထုတ်လိုက်တဲ့ ကပ်ပါးတွေပါ။စစ်တပ်က တစုံတရာကျောထောက်နောက်ခံရှိနေသေးလို့ ခေတ္တလူထု အပေါ်အနိုင်ကျင့် လုယက်ကြမဲ့ ဓားပြတွေပါ။ အသေအချာလေ့ကျင့်ထားတဲ့စစ်တပ်ကိုတောင် ကျနော်တို့ ခုခံလာနိုင်ပြီဖြစ်လို့ ဒီလိုကြေးစားကပ်ပါးတွေကို လူထုကဂရုစိုက်စရာမလိုပါဘူး။ ကျနော်တို့ အသေအချာပြင် ဆင် တိုက်ခိုက်ခြေမှုန်းနိုင်မှာ ဖြစ်ပါတယ်။ ဘယ်လိုတိုက်ခိုက်မယ်ဆိုတာမှာ အသေအချာပြင်ဆင်တိုက် ခိုက်ဘို့ဘဲလိုပါတယ်။

တနိုင်ငံလုံးလူထုတိုက်ပွဲဖြစ်လာတဲ့အတွက် စစ်တပ်ဟာ အရင်ကလိုဖြတ်လေးဖြတ်တို့၊ တနိုင်ငံလုံးကို ခြေမှုန်းဘို့ သာလွန်တဲ့အင်အားတို့ လက်နက်ကြီးတို့ လေကြောင်းတို့နဲ့အပြတ်ခြေမှုန်းဘို့ဆိုတာ လုံးဝမဖြစ် နိုင်ပါဘူး။ တိုက်ပွဲစဉ်တွေမှာတော့ သုံးနိုင်ပါသေးတယ်။ တကွက်ချင်း တမြို့ချင်း တရွာချင်း တရပ်ကွက်ချင်းတွေမှာတော့ သာလွန်တဲ့အင်အားတို့ လက်နက်ကြီးတို့ လေကြောင်းတို့ကို သုံးနိုင်ပါသေးတယ်။ ဒါတွေ က သူတို့လုပ်နိုင်တာအကုန်ပါဘဲ။ ကျနော်တို့ ဒီအတွက်ပြင်ဆင်ရပါမယ်။သာလွန်တဲ့အင်အားကို သုံးနိုင် ဘို့စစ်တပ်မှာ တပြည်လုံးအတွက် မလုံလောက်ပါဘူး။ ဒီအတွက် ဒေသအလိုက် စုရပ်တွေကို ပြင်ဆင်တာ တွေ့ရပါတယ်။ ခြေမှုန်းရေးလုပ်ချင်ရင် အဲဒီစုရပ်က လူ၁၀၀ ၁၅၀လောက်ကို ချက်ခြင်းသုံးဘို့ စုထားလေ့ရှိ ပါတယ်။ ကျနော်တို့ စစ်တပ်ရဲ့စုရပ်တွေကို လေ့လာရပါမယ်။စစ်တပ်ရဲ့ အကြွကိုလေ့လာရပါမယ်။ စုရပ်အတွက် စစ်သားပို့လိုက်ရတဲ့ နောက်တန်းစခန်းတွေဟာ ပစ်မှတ်ကောင်းတွေလို့ ကျနော်ထင်တယ်။ အဲဒီလို နောက်တန်းစခန်း သုံး လေးခုကို တိုက်ခိုက်နိုင်ပြီဆိုတာနဲ့ စစ်ထွက်အင်အားကျလာမှာဖြစ်သလို အနိုင် ကျင့်ချင်တဲ့စိတ်ဓါတ်တွေကို ရိုက်ချိူးပစ်နိုင်မှာဖြစ်ပါတယ်။ စုရပ်ကထွက်လာတဲ့စစ်တပ်ကို ဦးတည်ချက် မရောက်မီ ခြုံခိုတိုက်တာတို့ မိုင်းခွဲတာတို့နဲ့ဟန့်တားနိုင်သလို တက်လမ်းဆုတ်လမ်းတွေ စုရပ်တွေ ရိက္ခာ တွေကအစ ပြင်ဆင်ကြဘို့လိုပါတယ်။

တိုက်ပွဲတွေအတွင်းမှာ လူထုက နေ့တဓူ၀ အင်အားတွေတိုးနေသလို စစ်တပ်နဲ့ စစ်အုပ်စုအတွက် အင်အား တွေကျဆင်းလာမှာလဲသေချာပါတယ်။ ဒါကလဲ တရားဘဲဖြစ်ပါတယ်။ စစ်သားရေသောက်မြစ်က လူထုဖြစ်ပါတယ်။ လူထုဆန့်ကျင်ရေးလုပ်နေတဲ့ စစ်တပ်အတွက် ဘယ်လိုမှစစ်သားအင်အား တိုးလာစရာမရှိပါဘူး။ တချိူ့ ထွက်ပြေးကြမယ်။ တချိူ့လူထုနဲ့ပူးပေါင်းမယ်ဆိုတာ ဘယ်လိုမှတားမရတဲ့ကိစ္စဘဲဖြစ်ပါတယ်။ အသက် ၆၅နှစ် အရွယ် အာဏာရူးတယောက်နဲ့မိသားစုကို ကာကွယ်နေရတာကို ကြာလာလေ စက်ဆုတ် စရာဖြစ်လာလေလို့ ခံစားလာမှာကလဲ မြေကြီးလက်ခတ်မလွဲပါ။ စစ်သားမဟုတ်တဲ့ ကြေးစားမဟုတ်တဲ့ ဒလန်မဟုတ်တဲ့ ပြည်သူလူထုအားလုံးဟာ ကနေ့စစ်တပ်ရန်သူတွေဖြစ်နေကြတော့ သူတို့သတ်ဖြတ်နေကြ တာ သူတို့အဖေတွေ အမေတွေ ညီအကိုတွေ မောင်နှစ်မတွေဆိုတာ မြင်လာတဲ့နေ့မှာ ထွက်ပြေးရင်ပြေး မပြေးရင်ကိုယ့်ကိုယ်ကို သတ်သေဘို့ဘဲရှိတယ်လို့ ပြောရတော့မယ်ထင်ပါတယ်။

ကျနော်အလေးအနက်ပြောလိုတာက ဆုံးရှုံးမှုတိုင်းမှာ တန်ဘိုးတွေရှိပါတယ်။ ပြန်မရနိုင်တာတွေရှိသလို ပြန်ရ နိုင်တာတွေလဲရှိပါတယ်။ အသက်တွေအချိန်တွေကို ပြန်မရနိုင်ပေမဲ့ အားနည်းချက်တွေကို အား သာချက်တွေ အဖြစ်ပြောင်းလဲပစ်နိုင်စွမ်းရှိသလို ပြင်ဆင်မှုကောင်းတွေလုပ်နိုင်ပါတယ်။ ဒီလိုမစဉ်းစား ရင် ဆုံးရှုံးမှုတွေ ထပ်ကြုံနေရဦးမှာပါဘဲ။

ပြောက်ကျားစစ်ဆိုတာ ဘဝအရ လက်တွေ့အရတိုက်ရတဲ့ စစ်အမျိူးအစားလို့ ပြောရမယ်ထင်ပါတယ်။ ပြင်ဆင်မှုရှိရှိနဲ့ တိုက်ရတဲ့ စစ်မဟုတ်တာတော့ သေချာပါတယ်။ အဲဒီအတွက် တိုက်ပွဲတွေကြားက ပြင်ဆင်ရတာ ဖြစ်လို့ အားနည်းချက်တွေ အားသာချက်တွေကို ကျော်ဖြတ်ကြရလေ့ရှိပါတယ်။ ပထမဆုံးကြုံရမှာကတော့ စစ်တိုက် ဘို့အတွက် လက်နက်နဲ့နည်းပညာ အခက်အခဲလို့ ကျနော်ထင်တယ်။

ဒီနေရာမှာပြောက်ကျားစစ်ရဲ့ အကြီးမားဆုံးအားသာချက်ကတော့ လူထုစစ်ပွဲကြီးတခုဖြစ်တာပါ။ ဆိုလိုတာက လူထုဆိုတာဟာမကုန်ခမ်းနိုင်တဲ့ ထုထည်ကြီးဖြစ်သလို စွမ်းအားကြိးလဲဖြစ်တယ် ဆိုတာပါဘဲ။ ဒီအတွက် လူထုမှာ လိုအပ်ချက်တွေအကုန်ရှိနေတာကို ယုံကြည်ဘို့လိုပါတယ်။ ပြောက်ကျားတပ်ဖွဲ့တွေဆိုတာ ကိုယ်ပြောက်တပ်မတော် လို့တောင် တင်စားရလေ့ရှိပါတယ်။ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်စစ်တပ်ဟာ စား တဲ့နေရာမှာ ဖြစ်ဖြစ် အိပ်တဲ့နေရာမှာဖြစ်ဖြစ် လမ်းလေ ျှာက်ရင်ဘဲဖြစ်ဖြစ် ထ္မင်းဆိုင်ထိုင်ရင်ဘဲဖြစ်ဖြစ် အန္တရယ်အမြဲရှိနေ တတ်ပါတယ်။ ဆိုလိုတဲ့သဘောက ဗီယက်နမ်လူမျိူးတိုင်းဟာ အမေရိကန်စစ်တပ်ရဲ့ ရန်သူတွေလို ဖြစ်နေတော့တာပါ။ ပြောက်ကျားတွေက ကိုယ်ပြောက်တွေဖြစ်လို့ ကိုယ်တိုက်ရမဲ့ ရန်သူ ပျောက်နေတတ်ပါတယ်။ သေနတ်သံကြားမှ ကိုယ်နဲ့တိုက်ရမဲ့ရန်သူကိုတွေ့ရလေ့ရှိပြီး တိုက်ပွဲစတာနဲ့ လက်ဥိးမှုမဲ့လေ့ရှိပါတယ်။အမေရိကန်တပ်ကို ထိထိရောက်ရောက်ခြေမှုန်းရေးလုပ်နိုင်ခဲ့ကြသလို စစ်ပွဲမှာ လူထုကိုမီခိုပြီး ကိုယ်ကပြင်ဆင်မှု ရှိရှိနဲ့ စစ်ပွဲတွေကို ဥိးဆောင်နိုင်ခဲ့တာတွေ့ရပါတယ်။ဆိုလိုချင်တာက လက်နက်အင်အား လူအင်အား လေ့ကျင့်ထားတဲ့ တပ်အရေအတွက် သုံးနိုင်တဲ့ငွေကြေးပမာဏ မဟာမိတ်တွေအကူအညီစတာတွေ ရခဲ့ပေမဲ့ စစ်ရှုံးခဲ့ရတာ လူထုစစ်ပွဲကြိးကို ဗီယက်နပ်ကွန်မြူနစ်ပါတီက အ သေအချာ ဦးဆောင်တိုက်ပွဲဝင်နိုင်ခဲ့လို့ ဆိုတာထင်ရှားပါတယ်။

ကျနော်တို့ နည်းနာဆိုတာ ဒီပြဿနာကို ဖြေရှင်းနိုင်မဲ့ တခုတည်းသောလမ်းကြောင်းဖြစ်ပါတယ်။ ကျနော်တို့ အမြဲပြောလေ့ရှိတဲ့ ရပ်တည်ချက် အမြင်နည်းနာဆိုတာဟာ ကနေ့ဖြေရှင်းနိုင်မဲ့ ပတ္တမြားမျက်ရှင်လုံးလို့ ဆို လေ့ရှိပါတယ်။ ရပ်တည်ချက်ကောင်းရမယ်။အမြင်မှန်ကန်ရမယ်။ နည်းနာရှာဖွေနိုင်ရမယ်။ ဒါဆိုရင် ကျနော်တို့ လိုချင်နေတဲ့ လက်နက်နဲ့နည်းပညာကို တပ်ဆင်နိုင်ပြီဖြစ်ပါတယ်။ ကနေ့ ကျနော်တို့တိုက်ပွဲဝင် နေကြတဲ့ တူမီး နဲ့တော့ အခက်အခဲရှိပါတယ်။ ဒီအတွက် မိုင်းတို့ ညေုာင့်ထောင်တာတို့ ဗီယက်နမ်စစ်မှာ ဗီယက်ကောင်းတွေ သုံးသွားတဲ့ ညေုာင့်ကျင်းတို့ ညေုာင့်မြှားတို့ ညေုာင့်မိုင်းတို့တွေဟာ အကူလက်နက် ကောင်းတွေဖြစ်လာနိုင်ပါတယ်။ အဓိက ကတော့ ရန်သူလက်နက် ကိုယ့်လက်နက်ဖြစ်ဘို့ပါဘဲ။ သေနတ် ကို လုပ်နိုင်ရင်လုပ် လုနိုင်ရင်လု ဝယ်နိုင်ရင်ဝယ် နောက်ဆုံး ခိုးနိုင်ရင်ခိုးဆိုသလိုပါဘဲ။ လက်နက်ကို သိုဝှက်နိုင်ရပါမယ်။ လ ျှို့ဝှက်ချက် တိုင်းကို မျက်လုံးအိမ်သဖွယ်စောင့်ထိမ်းရပါမယ်။

တပြိုင်နက်ထဲ ပြောက်ကျားစစ်သေနင်္ဂဗျူဟာကို လူငယ်တွေလေ့လာကြဘို့လိုပါတယ်။ သင်ယူကြဘို့ လိုပါတယ်။ သဘောတရားနဲ့ လက်တွေ့ပေါင်းစပ်ဘို့ လိုပါတယ်။ တိုက်ပွဲတိုင်းကို အချိန်ရရင်ရသလို နိဂုံးချူပ်ကြဘို့ လို ပါတယ်။ နိဂုံးချူပ်တဲ့နေရာမှာ အပြစ်တွေပြောနေတာထက် အားနည်းချက်တွေကို အားသာချက်တွေအဖြစ် လှည့်ပြောင်းတာဖြစ်ဘို့ ကြိုးစားကြရပါမယ်။ တိုက်ပွဲတခုပြီးတိုင်း ညီညွတ်ရေးတခု တိုး ရရှိတာဟာ ပျောက်ကျားတပ်ဖွဲ့တွေအတွက် သွေးတွေအသက်တွေနဲ့ရေး ခဲ့ရတဲ့ သင်္ခန်းစာတွေဖြစ်တယ်ဆိုတာကို အထူးအလေးအနက်သတိပြုရမှာဖြစ်ပါတယ်။ တိုက်ပွဲတိုင်း အောင် မြင်နိုင်ကြပါစေ။

(၁၉၆၂ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ကျဆုံးသွားခဲ့ကြသော အာဇာနည် ကျောင်းသားရဲဘော်အပေါင်းအား ဦး ညွတ် ဂုဏ်ပြုအပ်ပါသည်)

ကိုအောင်မှိုင်း
ဂျူလိုင် ၆ ရက် ၂၀၂၁ခုနှစ်

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar