Breaking News

မိုးမခကဗျာ - ဝါကျဖြူ

ဇွန်းတစ်ချောင်းရဲ့ နာရေး
ဝါကျဖြူ
(မိုးမခ)ဇူလိုင် ၃၀၊ ၂၀၂၁

တယ်လီဖုန်းခွက်ကြီထဲမှာဆိပ်ခံဘောတံတားတွေအိပ်ရာနိုးထလာကြတယ်
ဘီယာဖန်ခွက်ထဲကအမြှုပ်တစီစီထနေတဲ့မရဏတရားကမျှော်စင်တစ်ခုပေါ်မှာ
ပူဆွေးမှုကိုတင်ဆောင်လို့
လူသားတစ်ယောက်ကိုယ်ထည်ထဲကလူတွေအများအပြားထွက်လာနေခဲ့ကြပေမဲ့
ငါကိုယ်ထဲမှာတော့ဘာမှမရှိတဲ့မြူ  နှင်းတွေ
အမြှုပ်တစီစီဟာဘာမှမရှိတော့ခြင်းကို
ကန်းပြစ်လိုက်ဖို့
ငါကိုယ်ပေါ်တွားတက်လာတဲ့ဒီတောင်တွေကိုကျော်နိုင်ပါတော့မလား ။

24/7/21
ကမ္ဘာကြီးရဲ့ ရနံ့နဲ့ကင်းကွာနေခဲ့ရသော ၁၂ ရက်မြောက်နေ့

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar