Breaking News

မိုးမခကဗျာ- သွေး(စစ်ကိုင်း)

Photo- Motion Array
ကျန်ခဲ့သူ
သွေး(စစ်ကိုင်း)
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၁

မန္တလေးကိုသွားရင်
ဆရာသိုက်ထွန်းသက်ကိုမတွေ့ရတော့ဘူး
နေရောင်ခြည်နှင့်တွေ့ဆုံခြင်းကိုမတွေ့ရတော့ဘူး

တောင်လေးလုံးကိုသွားရင်
ဆရာတော်ဦးပညာကိုမတွေ့ရတော့ဘူး

မယ်ဇယ်တန်းကိုသွားရင်
ကိုငြိမ်း(မန္တလေး)ရဲ့ကဗျာရွတ်သံကိုမကြားရတော့ဘူး

ရှမ်းစုဘူတာကိုရောက်ရင်
ကိုစိုးအောင်(မန္တလေး)နဲ့မတွေ့ရတော့ဘူး

အခုတခါ
တို့ထိုင်နေကျလက်ဖက်ရည်ဆိုင်လေးကို
မော်မင်းသန်းလည်းရောက်မလာနိုင်တော့ဘူး
ကျန်ခဲ့သူဟာ
အရာအားလုံးကိုလွမ်းဆွတ်စွာ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar