မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ကြည်နိုင်
-
ကြယ်
ငယ်ဂုဏ်ဟာ ဇယ်ခုံ မဟုတ်ပါ၊
တောက်ချပေမယ့်၊ အောက်မကျ၊
တောက်ပတဲ့ ကြယ်ပွင့်ပဲ။
ကြယ်တွေကို သောက်မျိုဖို့
ပင်လယ်မှာ အောက်ကျို့ ၊
ရှို့မီးလောင် တောင်ယာမဟုတ်မှန်း
ရွာလမ်းက သိတယ်။
စုတ်နေတဲ့ မိုးဇာဖျင်
ချုပ်ရိုးရာတွေ ထင်ဆဲ
မိုးလေထဲ၊ အပေါက်ပြဲတွေကနေ
ကြယ်တွေကို မြင်ပါစ။
လကွယ်ည ဆုတ်ရက်ကုန်ရင်
ဆန်းရက်ကြုံမှာပ၊
လရောင်ဖြာ သာမှာမုချ။ ။
ကြည်နိုင်
၃၊၇၊၂၀၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar