(၅၉) နှစ်မြောက် စစ်အာဏာရှင်စနစ် တော်လှန်ရေးနေ့ မြင်ကွင်း

(GSCC) ရန်ကုန် ၊ဇူလိုင် ၇၊ ၂၀၂၁
ဒီနေ့ဟာ ၁၉၆၂ ခုနှစ်က စတင်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို စတင်တော်လှန်ခဲ့ကြတာ ၅၉ နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော်ပုံရဲ့ထူးခြားချက်ကတော့ ၅၉ နှစ်လုံး ဘယ်လိုကြပ်တည်းနေတဲ့ အခြေအနေမှာဖြစ်စေ ဇူလိုင် ၇ ရက်အရေးတော်ပုံအထိမ်းအမှတ်အဖြစ် လုပ်လို့ရတဲ့ပုံစံမျိုးစုံနဲ့ လုပ်ခဲ့ကြတာဖြစ်ပါတယ်။
ဒီနေ့လည်း မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှာ ဇူလိုင် ၇ ရက် အရေးတော်ပုံနေ့ကို ကျင်းပခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာလည်း ဇူလိုင် ၇ ရက်ရေးတော်ပုံနေ့ကို သပိတ်ပုံစံနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာ မနက်ပိုင်းသပိတ်ကို ပန်းဆိုးတန်း၊ နေ့လယ်သပိတ်ကို သုဝဏ္ဏ နဲ့ ညနေသပိတ်ကို တာမွေမှာ ပြုလုပ်ခဲ့ကြပါတယ်။
၃ ကြိမ်ခွဲပြုလုပ်ခဲ့တဲ့ ရန်ကုန်သပိတ်တိုက်ပွဲတွေကို အဖွဲ့အစည်းတခုတည်းက ဆောင်ရွက်ခဲ့တာမဟုတ်ဘဲ၊ ကျောင်းသားအင်အားစုအသီးသီး၊ လူငယ်အင်အားစုအသီးသီးနဲ့အတူ ပြည်သူများလည်း ဝန်းရံပါဝင်ခဲ့ကြကြောင်း သိရပါ တယ်။ တနေ့တာရဲ့ နောက်ဆုံးပိတ်အိပ်နဲ့လွယ် ညနေခင်းသပိတ် ဆင်နွှဲနေကြပုံကို အထွေထွေ သပိတ်ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ(GSCC)ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဓါတ်ပုံများနဲ့ ဖော်ပြထားတာကိုလည်း တွေ့ရှိရပါတယ်။
(GSCC Facebook Link - https://www.facebook.com/General-Strike-Collaboration-Committee-GSCC-188831915971118 )
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar