Breaking News

မောင်မှိုင်းလွင်(အင်းဝ)- "ခွပ်မှလှတဲ့ ဒေါင်း" , ( ၇ ) ဇူလိုင် အရေးတော်ပုံ -၅၉ နှစ် အထိမ်းအမှတ်ကဗျာ

"ခွပ်မှလှတဲ့ ဒေါင်း"
မိုးမခ
ဇူလိုင် ၈၊ ၂၀၂၁


ဒေါင်း ရဲ့ တောင်ပံ
မပျံနိုင်အောင် ညှပ်
ညှပ်သူတွေသာ ပြတ်သွားဖူးခဲ့
ဒေါင်းတောင်ကတော့ လတ်လတ်ဆတ်ဆတ်။
ဒေါင်း ရဲ့ နှုတ်ချွန်
မတွန်နိုင်အောင် ချိုး
ချိုးသူတွေသာ ကျိုးသွားလေရဲ့
ဒေါင်းတွန်ကျူးသံ အိုးဝေ အိုးဝေ။
ဒေါင်း ရဲ့ အတက်
ခွပ်လက်ညံ့အောင် ဖြတ်
ဖြတ်သူတွေသာ ဝပ်သွားကြရဲ့
အတွန်ကောင်း အခွပ်ကောင်း
ခွပ်မှလှတဲ့ ဒေါင်း
သမဂ္ဂ ခွပ်ဒေါင်း။       ။

မောင်မှိုင်းလွင်(အင်းဝ)


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar