Breaking News

မြန်မာနွေဦးတော်လှန်ရေးကဗျာများ - တည်ဘွားဦး

Art - Than Htay Maung

မြန်မာနွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဇူလိုင် ၂၊ ၂၀၂၁
-
ရှားပါးသတ္တဝါ

ဖုန်းကိုဖွင့်လိုက်တာနဲ့
စုတ်ပြတ်သတ်နေတဲ့မျက်နှာကို
မြင်ကတည်းက တံတွေးနဲ့ ထွေးပစ်ချင်စိတ် ပေါက်လာတယ် ။

ပိုစတာက ရုပ်ကိုကြည့်မိတော့
ပိုစတာတွေကို ချက်ချင်း မီးရှို့ပစ်လိုက်တယ် ။

ဒုက္ခနဲ့ဒုက္ခကို လိုက်ရှာတဲ့မိုးကို
ဘယ်သူမွှေးတာလဲ ...

ပန်းတွေက လှတယ်
အဲဒါ သေပန်းပွင့်တာပဲ ။ 

မင်းက ကမ္ဘာကြီးထဲမှာ ရှိမနေတော့
ကမ္ဘာကြီးကလည်း မင်းကိုစိတ်ကူးထဲမှာ ရှိမနေတော့ ...

ဘုရားက
ဘာဖြစ်လို့များ
ဒီလိုရှားပါသတ္တဝါကို မွေးထားရတာလဲ ။ ။ 

တည်ဘွားဦး
2 July 2021
02: 00 Am

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar