Breaking News

ဗမာကြီး - သွေးစည်းညီညွတ်စေသောအရာ



ဗမာကြီး - သွေးစည်းညီညွတ်စေသောအရာ

(မိုးမခ) ဇူလိုင် ၈၊ ၂၀၂၁

(၁)

၂၀၁၁ခု ဇူလိုင်လတွင် ဘရိုင်မက်ကွင်း(Brian McQuinn) သည်မော်လတာမှ ၁၈ နာရီအကြာ သင်္ဘော စီးရသောလစ်ဗျားနိုင်ငံ မစ်စရာတာ Misrata သို့လာခဲ့ပါသည်။ ထိုအချိန်တွင်လစ်ဗျားနိုင်ငံသားတို့ အာဏာရှင် ကဒါးဖီး ကိုတော်လှန်ခဲ့ကြသည်မှာ ၅ လခန့် ကြာမြင့်ခဲ့ပါပြီ။

မြို့တော်ကြီးတစ်ခုလုံးမှာ ကဒါဖီး၏တပ်များကဝိုင်းရံထားမှုကြောင့် အခက်အခဲအမျိုးမျိုးနှင့် တွေ့ကြုံ နေရချိန်ဖြစ်ပါသည်။ မက်ကွင်းအဖို့အခြေအနေများမှာ မထူးဆန်းလှပါ။ သူသည် ရဝမ်ဒါနှင့် ဘော်စနီးယား နိုင်ငံတို့၌ငြိမ်းချမ်းရေးတည်ဆာက်ရာတွင်ပါဝင်ခဲ့သူဖြစ်ပါသည်။ ယခုတစ်ကြိမ်၌မှုလန်ဒန်အောက်စဖို့ တက္ကသိုလ် မနုဿဗေဒဌာနမှ ဒေါက်တာဘွဲ့ယူရန်အတွက်စာတမ်းတင်ရန်လိုအပ်သော စွန့်စားမှုကိုပြုလုပ်နေရခြင်း ဖြစ်ပါ သည်။ ရည်ရွယ်ချက်မှာ သူပုန်အုပ်စုနှင့်ဆက်သွယ်ပြီး သူတို့နှင့်အတူခရီးသွားခါ သူတို့စည်းလုံးညီညွတ်မှုတည် ဆောက်ကြပုံကို မှတ်တမ်းတင်ရန် ဖြစ်ပါသည်။ ထုံးတမ်းအစဉ်အလာများအရ လုပ်ရသော ရစ်ကျူရယ် (Ritual) လုပ်ဆောင်မှုများကို အတူလုပ်ဆောင်ရင်း သစ္စာရှိသူများစည်းလုံးညီညွတ်မှု တည်ဆောက်ကြပုံတို့ ကိုမှတ်တမ်း တင်ရန်ဖြစ်ပါသည်။

မက်ကွင်းသည် သူပုန်များနှင့်အတူ ၇ လကြာအောင်နေခဲ့ပါသည်။ အသက်အန္တရာယ်များအကြားတွင် အသက်ကိုရင်း၍ ထုံတမ်းစည်းကမ်းများသည် စစ်တိုက်နေချိန်အတွင်းမည်သို့ ပြောင်းလဲခဲ့ရသည်နှင့် အောင်ပွဲ များ ဘယ်လိုရခဲ့သည်ဆိုသည်များကို မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ တကယ်တော့ သူ့အလုပ်သည်ကြီး မားသော ပရောဂျက်ကြီး၏တစ်စိတ်တစ်ဒေသသာဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်က လန်ဒန်စီးပွားရေးနှင့် သုတေသနကောင်စီ က (ESRS-Economic and Social Research Council) ကကြီးမှူးပြုလုပ်ခဲ့သည့်ဒေါ်လာ ၅ မီလီယံမျှ အကုန် အကျခဲ့ပြီး ထုံထမ်းစဉ်လာများ၏အကျိုးသက်ရောက်မှုကို မစ္စတာဟာဗေးဝှိုက်ဟောက်စ် (Harvey Whithouse) က ကြီးမှူးပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ မက်ကွင်းမှာ ဝှိုက်ဟောက်၏ လက်ထောက်တစ်ယောက်ဖြစ်ပါသည်။

(၂)

ထုံးတမ်းစဉ်လာအရလုပ်ဆောင်ရမှုများသည် လူတစ်ဦးအတွက်မရှိမဖြစ်လိုအပ်ပါသည်။ လူမှုရေးတွင် လူအများကြီးကို တစ်ယောက်နှင့်တစ်ယောက်နီးစပ်မှုရှိနေစေရန် လိုအပ်သော “ကော်” (Glue) သဖွယ် ဖြစ်ပါ သည်။ အမေရိကန်၊ ကနေဒါနှင့် အင်္ဂလန်နိုင်ငံတို့မှ တက္ကသိုလ် ၁၂ ခုတို့စုပေါင်း၍ ရစ်ကျူရယ် များကိုပုံစံအမျိုး မျိုး နှင့်ပြုလုပ်လေ့ရှိကြရာ၄င်းတို့ကို စုစည်းတင်ပြနိုင်ရန်ဖြစ်ပါသည်။

ထုံးတမ်းစဉ်လာအရဆိုသည်မှာ ကျယ်ပြန့်လှပါသည်။ ရိုးရိုးဘုရားရှိခိုးကျောင်းများတွင် ဆုတောင်းရွတ် ဆိုခြင်းနှင့် တခါတရံအမေရိကန်ကောလိပ်များတွင် လုပ်လေ့ရှိသည့် ကြမ်းတမ်းသောအပြုအမှုများပါဝင်ပါသည် ယောကျာ်းလေးများ၏ လိင်တံကိုဝါးဖြင့်ပြုလုပ်သော၊ ဓားများဖြင့်လှီးခြင်း၊ ပါပူဝါနယူးဂီနီမှ ဝက်သေကောင် ကို ပူဇော်ပသခြင်းဖြင့် ထိုသို့ပြုလုပ်လျင်ရန်သူသည်သေဆုံးပြီး၊ သစ်သီးဝလံများသည်မှည့်ဝင်းလိမ့်မည်ဟုယုံကြည် ခြင်းစသည် တို့ဖြစ်သည်။

လုပ်နည်းလုပ်ဟန်အမျိုးမျိုးကွဲပြားနေကြသော်လည်း ဝှိုက်ဟောက်စ်ကယုံကြည်သည်မှာ ရစ်ကျူရယ် များ ကိုလိုက်နာခြင်းဖြင့် လူအုပ်စုကို စုစည်းမှုရှိအောင်လုပ်နိုင်ပါသည်။ သူတို့ယုံကြည်မှု ဘယ်ကစခဲ့သည်ကို ခြေရာခံမိစေနိုင်လျင်အကောင်းဆုံးဖြစ်ပါသည်။

ထိုကဲ့သို့ လူအုပ်စုကိုရင်းနှီးစေရန် ကော်ကဲ့သို့ဖြစ်သည်ဆိုသည်ကို ရှေးဟောင်းသုတေသနလုပ်ရာတွင် ဘန်ကူဗား၊ ကနေဒါမှပစိဖိတ်သမုဒ္ဒရာထဲမှကျွန်း Vanatu များအထိတူးဖေါ်ထားသည်များကို ကိုလေ့လာရပါ သည်။

ဝှိုက်ဟောက်စ် က လူတို့ထုံးစံကိုလိုက်နာ ကြရာတွင် ဓလေ့နှစ်မျိုးပါဝင်ပါသည်။ ၄င်းတို့သည်လူ့အဖွဲ့အ စည်းညီညွှတ်ရေးအတွက် အကျိုး သက်ရောက်မှုမှာ ကွဲပြားပါသည်။ ပထမအမျိုးအစားမှာ (Doctrinal Mode) ဟုခေါ်ပါသည်။ ဝါဒတခုကိုရိုက်သွင်းခြင်း ဥပမာဘုရားရှိခိုးကျောင်းများ၊ စာသင်ကျောင်းများတွင် ကလေးများကို ကဗျာ ကဲ့သို့ ရွတ်ဆိုစေ၍အယူဝါဒတခုကိုသင်ကြားနိုင်ပါသည်။ လူအုပ်စုတစု မြို့တော်တခုလုံး နိုင်ငံတခုလုံး သိမ်းသွင်း နိုင်ပြီး မျက်နှာချင်းဆိုင်ပြောဆိုရခြင်းမျိုး မပါဝင်ပါ။

နောက်ဒုတိယတမျိုးမှာ စိတ်ထိတ်လန့်တုန်လှုပ်စရာကိစ္စများပါဝင်ပါသည်။ လူကိုထုရိုက်ခြင်း၊ ကြောက်လန့် အောင်လုပ်ခြင်း၊ ကိုယ်ခန္ဓာအစိတ်အပိုင်းကို ဖြတ်တောက်ပစ်ခြင်းမျိုးပါဝင်သည်။ ၄င်းကို(Imagine Mode) ဟုခေါ်ပါသည်။ ထိုသို့ ထိတ်လန့်ဖွယ်ကောင်းသောဖြစ်ရပ်များဖြင့် ရစ်ကျူရယ်လုပ်ခြင်းသည် လူတို့ကိုနီးစပ်သော စည်းရုံးမှုကိုဖြစ်စေပါသည်။ လူအုပ်စုအနည်းငယ်ကို မိမိတို့အချင်းချင်း သစ္စာစောင့်သိရိုသေခြင်း ဖြစ်စေပါ သည်။ Cult လိုမျိုးအစုအဖွဲ့အစည်း၊ စစ်သားအုပ်စု အကြမ်းဖက်အဖွဲ့အစည်းများ၏စည်းရုံးမှုကိုဖန်တီးသည်။ နောက်ပုံစံ ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းမျိုး၏ စည်းလုံးညီညွှတ်မှုမျိုး (Imagine Mode) ကို Doctrinal Mode ဖြင့် ဖွဲ့ စည်းထားသောအဖွဲ့ အစည်းက မရရှိနိုင်ပါ။

ထိုအဖွဲ့အစည်းမျိုးကို ၁၉၈၀ ခုနှစ်က ဝှိုက်ဟောက်စ်က ပါပူဝါနယူးဂီနီ နှင့် တခြားနေရာများတွင် ဖွဲ့စည်းခဲ့ရာ စိတ်ပညာဆိုင်ရာ ပုဂ္ဂိုလ်များနှင့် သမိုင်းဆရာများက သတိထားမိခဲ့ကြပါသည်။

မကြာလှသေးသောကာလအထိ သူ့အယူအဆမှာ လိုသလိုစိတ်ကြိုက်ဆွဲယူနိုင်ခဲ့ကြပါသည်။ သို့သော် ယခုအခါ သူ့အယူအဆမှာ ပိုမို၍ခိုင်မြဲသောအခြေခံအဖြစ် လူတို့လက်ခံလာခဲ့ကြပါသည်။ လိုအပ်သော ဒေတာ များကိုလည်း မက်ကွင်းက လစ်ဗျားနိုင်ငံမှပေးပို့နိုင်ခဲ့သည်။ မက်ကွင်းရှာဖွေရသည်မှာ မော်ဒယ်၂ ခုလုံးအတွက် လိုအပ်သော အချက်အလက်များပင်ဖြစ်ပါသည်။ လူအနည်းငယ်နှင့် လူ အများအပေါ် လွှမ်းမိုးနိုင်ပုံဖြစ်ပါသည်။ တော်လှန်ရေးသမားများအနေဖြင့် လူနည်းစုမှအင်အားကြီးမားသည် အဖွဲ့အစည်း တစ်ခုဖြစ်စေရန် မည်သို့ စည်းရုံးရမည်ကို သိလာရန်ပင်ဖြစ်သည်။

မက်ကွင်း၏အတွေ့အကြုံအရ ကနဦးအစက လူ ၁၀ ယောက် ထရပ်ကားတစီးပေါ်တွင် တင်ခေါ်သွား နိုင်သည့် အရေအတွက်မှစရပါသည်။ ထို့နောက် လူ ၂၅ - ၄၀ လောက်အထိ လူများကို စုပေါင်း နေထိုင်စေရပါ သည်။ တခါတရံ လူမနေတော့သော အဆောက်အဦးထဲတွင်နေပြီး ချမ်းသာသောလူများနှင့်တွေ့ပါက Mansion များဖြင့် နေခွင့်ရကြပါသည်။ ထိုမှတဆင့် ကဒါဖီးထွက်ပြေးသွားသောအခါမှသာ စနစ်တကျအဖွဲ့အစည်းဖွဲ့နိုင်ခဲ့ပြီး ဘရီဂိတ်များ (Brigate) ပေါ်ပေါက်လာပါသည်။

မက်ကွင်းသည် အဖွဲ့ ၂၁၃ မှ ဖိုက်တာ ၃၀ဝ ကျော်ကို အင်တာဗျူးလုပ်နိုင်ခဲ့ပါသည်။ ထိုအဖွဲ့အစည်းများ သည် လူပေါင်း ၁၂ ယောက်အနည်းဆုံးဖြစ်၍ အချို့အဖွဲ့များမှာ ၁၀ဝ၀ ကျော်ပါဝင်ပါသည်။ ပထမဦးစွာ ပုဂ္ဂိုလ် ရေးအရရင်းနှီးသူများနှင့် စတင်ခဲ့ရပြီး တဖြည်းဖြည်း ပိုမိုသိပ်သည်းလာခါ တဦးပေါ်တဦး သစ္စာရှိလာကြပြီး မြို့ ထဲတွင် လမ်းများပေါ်၌ စစ်ပွဲများတွင်အတူတူတိုက်ခိုက်ရာမှ အစပိုမိုရင်းနှီးလာခဲ့ကြပါသည်။

အဖွဲ့ ၆၃ မှာသာ Super Brigrade ဖြစ်လာခဲ့ပြီး လူပေါင်း ၇၅၀ ကျော်သောအဖွဲ့ဖြစ်ပါသည်။ ထိုအချိန်တွင် ပါဝင်သောလူများမှာကော်ပိုရေးရှင်းမှ အဖွဲ့ဝင်များလို စိတ်ဓာတ်မွေးမြူနိုင်ကြပြီး ထိုအဖွဲ့ကိုဦးစီးသူမှာလည်း အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပါသည်။ လူအများကိုစုပေါင်း၍ ထရိန်နင်ပေးနိုင်သူဖြစ်ပါသည်။ အဖွဲ့ဝင်များကို Briefing ပေးခြင်း၊ သူတို့၏ Moral Code Of condunct ကိုလိုက်နာစေရန်လုပ်နိုင်သူတစ်ဦးဖြစ် ပါသည်။

သူသည် ထိုအထိကတော့ Doctrinal Mode ဖြင့် စည်းရုံးလာခဲ့ပြီး မိမိကျရာတာဝန်ကို ထမ်းဆောင်ခြင်း ဖြင့်လူအစုလိုက်အပြုံလိုက်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းကြီးဖြစ်ခဲ့ပါသည်။ စစ်၏အနိဌာရုံများအကြားလူအများ ကြီးဖြစ်လာပုံ၊ Imaging mode နည်းဖြင့် သစ္စာရှိ သည့်အဖွဲ့ကြီးဖြစ်လာပုံကို ပြသနေ ပါသည်။

ဝှိုက်ဟောက်စ်သည် နယူးဇီလန်မှ ပရော်ဖက်ဆာ ၂ ယောက်နှင့်ပူးပေါင်း၍ နိုင်ငံ ၇၄ ခုမှ ရစ်ကျူရယ် ၆၄၅ ခု ကိုစာရင်းပြုစုခဲ့ပါသည်။ သူတို့ပြုစုထားသည့်အတိုင်း ရစ်ကျူရယ်မှာ ပုံစံ ၂ မျိုးရှိပါသည်။ High Arousal စိတ်ဝင်စားမှုများပြီး ပို၍အင်အားကောင်းသည့် ရစ်ကျူရယ် နှင့် ပြင်းအားမများဘဲ Low Frequency Doctrinal ဟူ၍နှစ်မျိုးပါဝင်ပါသည်။ ရစ်ကျူရယ်များသည် ပဋိပက္ခများကို တန်ဘိုးရှိသောယုံကြည် မှုများအဖြစ်သို့ ပြောင်း စေခဲ့ပါသည်။

ယေဘူယျအားဖြင့် Imagine Mode မှ Doctrinal Mode သို့ပြောင်းပါသည်။

ထူးဆန်းသော ရစ်ကျူရယ် တမျိုးကို မြောက်ပိုင်း တူရကီနိုင်ငံ Anatolian plain တွင် တွေ့ရှိရပါသည်။ ထိုလူမျိုးတို့သည်စိုက်ပျိုးရေးပေါ်ခါစမှ နှစ်ပေါင်း ၉၅၀ဝ ကျော်နေခဲ့ကြပြီး အများဆုံးအချိန်တွင်လူ ၈၀ဝ၀ ကျော် ရှိသည်။ သူတို့သည်သူတို့ဆွေမျိုးများကွယ်လွန်လျင် ဦးခေါင်းကိုဖြတ်ခါ သူတို့နေအိမ်ကြမ်းပြင်အောက်တွင် မြှုတ် ကြသည်။ နွားရိုင်းများကိုသတ်၍ ကြီးမားသောစားသောက်ပွဲများ ဆင်ယင်ကျင်းပခါ ခေါင်းနှင့်ဂျိုကြီး များကို အိမ်တွင်တန်ဆာဆင်၍ ခင်းကျင်းပြသကြသည်။ ထိုသတ္တဝါများကို သတ်ဖြတ်ရခြင်းမှာ များစွာတုန်လှုပ်ဖွယ် ကောင်းပြီး စိတ်လှုပ်ရှားမှုများ ပြင်းထန်ကြသည်။

နောင်သောအခါ အိမ်မွေးတိရစ္ဆာန်များဖြစ်သော ဆိတ်များ သိုးနှင့် နွား စသောသတ္တဝါများ၏အရိုးများ ကိုအိမ်တွင်မြှုတ်သည့် အလေ့ အထပေါ်လာခဲ့သည်။ ထိုမှတဆင့် စိုက်ပျိုးရေး ဦးစီးသော Doctrinal Mode ဖြင့်စီးပွားရေး ထူထောင်သည့်စနစ် ပေါ်လာခဲ့ပါသည်။

(၃)

ဗိုလ်ချုပ်အောင်ဆန်းနှင့်ရဲဘော်သုံးကျိပ်တို့သည်မြန်မာနိုင်ငံအတွင်းသို့ စစ်ရေးအရမဝင်မီ လက်မောင်း သွေးကိုဖောက်၍ ငွေဖလားတလုံးထဲတွင်ထည့်ကာ အဖွဲ့ဝင်အားလုံးသောက်ကြသည်။ ထိုစဉ်က ကြီးမားသော စိတ်ခံစားချက်ဖြင့်အမှတ်တရရှိစေခဲ့သည်။ မြင့်မားသော ခံစားချက်ဖြင့် ခိုင်ခန့်သော စိတ်စည်းရုံးမှုကိုဖြစ်စေခဲ့ပါ သည်။ ဤသည်မှာ Imagime Mode မှအပြုအမှုတခုဖြစ်ပြီး နောင်သောအခါ အဖွဲ့ဝင်အချင်းချင်း စိတ်ဝမ်းကွဲကြလျင် ပြန်လည်အောက်မေ့ဖွယ်တခုပင်ဖြစ်ပါသည်။

တိုက်ပွဲဝင်ကြတော့မည်ဆိုလျင် ရွတ်ဆိုရမည့်အကြာင်းအရာတစ်ခုခုကိုဖြစ်စေ၊ ပြုမူရမည့်အပြုအမူတစ် ခုခု ကိုဖြစ်စေလုပ်ဆောင်နိုင်လျင်အကောင်းဆုံးဖြစ်ပါသည်။ ထိုရွတ်ဆိုမှု ထိုအပြုအမူတို့သည် တိုက်ပွဲဝင်သူတို့ အတွက် အဓိပ္ပာယ်ရှိရပါမည်။




Ref: The Ritual animal by Dan Jones, Nature 24 January 2013




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar