Breaking News

မိုးခါး - *ဗိမာန်တော်သို့တခေါက်ဆိုက်ရောက်လာပြန်တဲ့ ဇူလိုင်*

ပန်းချီ ဂရပ်ဖစ်ကိုမျိူး – ၆၈ နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ်...မှ

*ဗိမာန်တော်သို့တခေါက်ဆိုက်ရောက်လာပြန်တဲ့ ဇူလိုင်*
မိုးခါး
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၂၁

ရာသီအလီလီထဲလွင့်နေတဲ့အလံတော်လည်း
သွေးညှီနံ့မကင်းတဲ့ အရိပ်ခိုစီးရင်း ကြေကွဲလို့....
အတိတ်မှာပျက်ကျခဲ့သလိုအနာဂတ်ကလည်းပျက်ကျနေတယ်
အဆိုးတွေရှင်သန်ဖို့ အကောင်းတွေကျဆုံးခဲ့ရ
မပျော်တဲ့စိတ်မှာ မြို့ကြီးသိမ်းပိုက်တယ် အသံကစလို့
တဘဝရဲ့ဒုက္ခစစ်စစ် ယန္တယားလည်ပတ်ချိန်
လမ်းပေါ်မျောနေတဲ့လူလှိုင်းလုံးကြီးက
အမှန်တရားတွက် အသက်ပေး ရှာနေကြရတယ်
တရာမျှတမှုက ဘယ်ရာသီနဲ့သီးပွင့်လာမလဲ
သတိရတိုင်း သွေးကဆူလွယ်ခဲ့ပြီ
သတိရတိုင်း တခါကသမိုင်းကြွေးလိုမျိုးတခါပြန်ခံစားရတယ်
သတိရတိုင်း အရေပြားပေါ်ကအမာရွတ်ကြည့်ရင်း ကျိန်ဆဲမိတယ်
ကြယ်တွေ ခါမသင့်ပဲ ကြွေလွင့်ရတယ်
ပန်းတွေ ခါမသင့်ပဲ ကြွေလွင့်ရတယ်
ဝမ်းနည်းရတယ် စကားလုံးလောက်နဲ့မလုံလောက်တော့
သွေးကြွေးကို ဆွေးနွေးစရာအကြောင်းလည်းမ​ရှိတော့ဘူး
တခါက
ဒီလိုရာသီမျိုးပဲ
ခုလည်း
ဆိုက်ရောက်လာပြန်ခဲ့
မလွတ်မြောက်သေးတဲ့ ဆိပ်ကမ်းကို မှ ရွေးပြီး
ဇူလိုင်က မျက်ရည်မိုးနဲ့မလွတ်တဲ့အတိုင်း.......။      ။


18.7.2021
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar