Breaking News

မြန်မာနွေဦးတော်လှန်ရေးကဗျာများ - တည်ဘွားဦး


KT#
ငရဲခန်း
တည်ဘွားဦး
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၁

အသုံးမကျတဲ့
ဖောင်တိန်တချောင်းနဲ့
ကမ္ဘာကိုဖျက်ဖို့
ခင်ဗျားတို့လက်မှတ်မထိုးကြပါနဲ့...

ဖာခေါင်းက
ဖာသည်မတွေကိုထိန်းတဲ့
အကျင့်ဆိုးမျိုး အဲဒီလိုမျိုး
လူတစုက
နိုင်ငံတော်ကိုလုပ်ကြံချင်နေတာ
အလွန်ထင်ရှားပါတယ်။

ပြောတော့ 
ကိုယ့်ထမင်းကိုယ်စားရတာပဲလို့
ပြောကြလိမ့်ဦးမယ်....

အခု ငါတို့ငရဲခန်းက
အလွှာဘယ်လောက်မှာပါလဲ ...

လူ့ပြည်ဆိုတာ ငရဲပြည်ကိုပြောတာနေမှာ ။

ကမ္ဘာမှာ 
ငရဲခန်းတွေကို
ူသူတော်ကောင်းနတ်မြတ်တွေ
တကယ်မမြင်ဘူးသေးတာ သေချာပြီ။

အခု
ငရဲခန်းကို မီးနဲ့ချက်ထားတာပါ
မြင်အပ်သမျှ မြင်ကြ
မမြင်အပ်သမျှလည်း မြင်ကြ။ ။ 

11း 35 pm
16 July 2021

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar