Breaking News

ကိုအောင်မှိုင်း - သွေးကြွေးမှာ ဆွေးနွေးစရာမရှိပါ



ကိုအောင်မှိုင်း - သွေးကြွေးမှာ ဆွေးနွေးစရာမရှိပါ

(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၁

ဒီအကွက်တွေရိုးနေပါပြီ

စစ်တပ်တလျှောက်လုံး နိုင်ငံရေးမှာကစားနေတဲ့အကွက်တွေက အကွက်ဟောင်းတွေချည်းလို့ပြောရ မှာပါ။ သူတို့မှာအကွက်သစ်တွေ သုံးနိုင်လောက်အောင် ခေါင်းလဲမရှိသလို စေတနာလဲမရှိတော့ သွေးကွဲရင်ပြီးရော ဆိုတဲ့ ကလေးကွက်တွေ ကလိန်ကကျစ်အကွက်တွေကို တခုပြီးတခုထုတ်သုံးလေ့ရှိ ပါတယ်။ ၁၉၆၂ ခုနှစ် စစ် တပ်အာဏာသိမ်းပြီးချိန်က လူထုအတွင်းပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှား မှုဒီရေတွေ တရိပ်ရိပ်တက်လာချိန် မှာတော့ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲအတုတွေ ထလုပ်တော့ တာပါဘဲ။တကယ်က ဆွေးနွေးပွဲမတိုင်ခင် ထဲက အဖြေကရှိပြီးသားပါ။အားလုံးလက်နက်ချရေးပါဘဲ။ ဒါပေမဲ့ စကားအရတော့ မျိူးစုံအောင်လိမ်လည် လှည့်ပါတ်ပြောဆိုတော့တာပါဘဲ။ စစ်ယူနီဖေါင်းကြီးတွေ ဝတ်ထားကြတယ်ဆိုတာကိုပါ မေ့ထားကြပုံပါဘဲ။ ဆွေးနွေးပွဲကိုမပျက်ပျက်အောင်ဖျက်ပြီး ဆွေးနွေးပွဲအ တွင်းကရထားတဲ့ ထောက်လှမ်းရေးသတင်းတွေပေါ် မူတည်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီကို ဖြတ်လေး ဖြတ်ချေမှုန်းရေးလုပ်ခဲ့တော့တာပါဘဲ။

ဒီစစ်တပ်ဟာ ရက်စက်စရာရှိရင် ပက်ပက်စက်စက်ရက်စက်ကြသလို ယုတ်မာစရာရှိရင်လဲ ပက် ပက်စက်စက်ယုတ်မာလေ့ရှိကြပါတယ်။ လိမ်စရာရှိရင်လဲ ယူနီဖေါင်းကြီးတွေဝတ် အပွင့်ကြိး တွေ ချိတ်ပြီး မျက်နှာပြောင် ပြောင်နဲ့ဘဲ လိမ်လည်လေ့ရှိကြတာ စစ်အာဏာသိမ်းသမိုင်းမှာ အထင် ကရဖြစ်ခဲ့ပါတယ်။စစ်အာဏာသိမ်းမှု တိုင်းလိုလိုမှာ တိုင်းပြည်ခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေ ကို အစုလိုက်အပြုံလိုက် ဖမ်းဆီးလေ့ရှိပါ တယ်။ ဒီတိုင်းပြည်ခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေကို လည်း အမြဲလိုပဲ တံဆာခံတွေအဖြစ် လိုရင်လို သလို အသုံးပြုလေ့ရှိတာလဲ စစ်အာဏာရှင်အဆက် ဆက်လို့ ပြောရမှာဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကာလတုန်းကလဲ လူထုကို ပက်ပက်စက်စက်သတ်ဖြတ်ခဲ့သလို နိုင်ငံ ရေးခေါင်းဆောင်အတော်များများကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ အဓိကတခုမှာ ဒေါ်အောင်ဆန်းစုကြည် ကို ဖမ်းလိုက်လွှတ်လိုက်အကြပ်ကိုင်လိုက်နဲ့ တံဆာခံတယောက်လို လုပ်ခဲ့တာတွေ့ရပြီး နိုင်ငံတကာ ဖိ အားတွေများ လာတဲ့အခါ လူထုနဲ့စစ်တပ်ကြားမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခဲ့တာ အခိုင်အမာ တွေ့ခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့စစ်ဗိုလ်ချူပ်တွေ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်ခဲ့ပေမဲ့ ဘာတ ခုမှ လူထုအနေနဲ့သိခဲ့တာ မရှိတာတော့အမှန်ပါ။ ဒါကလဲ အတွင်းသတင်းအရ စစ်ဗိုလ်ချူပ်တွေဘက် က တောင်းဆိုခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က လိုက်လျောခဲ့တာလို့ သိရပါတယ်။ သေချာတာတခုက တော့ အကြိမ်ကြိမ်အလိမ်ခံ ရပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့စကားကတော့“ရှင်တို့ဟာ ယောင်္ကျားကြီးတွေ စစ်သားကြိး တွေဖြစ်ပြီ ဂတိမတည်တဲ့လူတွေ” လို့ဗြောင်ပြောခဲ့တယ်လို့သိရပါတယ်။ (အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့်ရ ခဲ့တဲ့ ထောက်လှမ်းရေးဗိုလ်မှုးအောင်လင်းထွဋ် စာတမ်း)

ကနေ့စစ်တပ်က အာဘော်တွေကို ဗြောင်ထုတ်လွှင့်နေကြသလို တိုးတိုးတိတ်တိတ်လဲ ထုတ်လွှင့်နေ ကြတာ သတိပြုမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့သားတွေရှိတဲ့ အင်္ဂလန်ကိုပြန်ချင်လို့ မင်း အောင်လှိုင်ကိုပြောတယ်တို့ စစ်တပ်နဲ့တွေ့ဆုံဆွေးနွေးရေးလုပ်ပြီး ရွေးကောက်ပွဲသစ်လုပ်သင့်တယ်တို့ စစ်တပ်နဲ့ပေါင်းပြီးကြား ဖြတ်အစိုးရလုပ်သင့်တယ်တို့တွေကို စစ်မီဒီယာတွေကတဆင့် လေပုတ်ထုတ် ဆေးတွေကြော်ငြာနေတာ တွေ့ရပါတယ်။ ပထမဆုံး လေပုတ်ထုတ်ဆေးကြော်ငြာကို 7 Day ဆိုတဲ့မီဒီယာခေါင်းစဉ်နဲ့ လုပ်ကြံထုတ်ပြန်တာ တွေ့ရပါတယ်။ သေချာ တာကတော့ ဒီလိုသတင်းတွေကို မိုးဟိန်း အပါအဝင် စစ်တပ်မီဒီယာတွေက အာဘော်တွေဖန်တီးနေ တာဆိုတော့ မင်းအောင်လှိုင်အခြေအနေကို ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ မင်းအောင်လှိုင်မသိဘဲ ဘယ်စစ်မီဒီယာ ဒလန် ကြေးစားကမှ မလုပ်ရဲတာသေချာပါတယ်။ကျနော်ဆိုလိုချင်တာက မင်းအောင် လှိုင်မရှူနိုင်မကယ်နိုင်အခြေအနေတခုကို ရင်ဆိုင်နေရပြီဆိုတာပါဘဲ။

စစ်အဏာရှင်တွေမှာ သုံးနေကျဖြစ်တဲ့ လုပ်တတ်တာဖြစ်တဲ့နည်းကတော့ ပက်ပက်စက်စက် ရက် ရက်စက်စက် ဖိနှိပ်မယ် ခြိမ်းခြောက်မယ် သတ်ဖြတ်မယ်။ဒါထက်ပိုခုခံလာရင် ချော့မြူမယ် လိမ်လည် လှည့်ဖျားမယ် လူထုကိုသွေးခွဲပြီး တယောက်ချင်း တဖွဲ့ချင်းကို ဖြိုခွဲမယ်ဆိုတာဟာ စစ်တပ်ရဲ့သုံးနေကျ နည်းဟောင်းကြိး တွေပါဘဲ။

နိုင်ငံရေးအရအကြပ်အတည်းဖြစ်တိုင်းလဲ လိမ်လည်ပြီးဆွေးနွေးပွဲဆိုတာတွေ လုပ်လေ့ရှိပါတယ်။ အဲဒီကနေ

၁။ လူထုရဲ့ညီညွတ်မှုကို သွေးခွဲလေ့ရှိတယ်။

၂။ သူ့အတွက် ထွက်ပေါက်ပိတ်နေတာကို ထွက်ပေါက်ရှာလေ့ရှိတယ်။

၃။ အချိန်တခုရဘို့ဖြစ်စေ စစ်တပ်အတွင်းမညီမညွတ်ဖြစ်လို့ဖြစ်စေ ဆွေးနွေးပွဲဆိုတာနဲ့ ကျော်လွှားလေ့ ရှိ တယ်။

၄။ အဆိုးဆုံးကတော့ နိုင်ငံရေးခေါင်းဆောင်တွေကို ပြန်ပေးဆွဲထားပြီး သူ့အတွက်အခြေအနေ သိတ်ဆိုးနေ တဲ့အချိန်မျိူးတွေမှာ ပြန်ပေးဆွဲထားသူတွေကို ထုတ်သုံးပြီး ဂွင်အသစ်တခုကို ဖန်တီးလေ့ရှိတယ်။

၅။ နိုင်ငံတကာအခြေအနေ ပြည်တွင်းအခြေအနေကို လှည့်ပြောင်းဘို့ အဲဒီလိုအချိန်မျိူးမှာ မရှက် မ ကြောက် မျက်နှာပြောင်ပြောင်နဲ့ ပလီပလာတွေလုပ်လေ့ရှိတယ်။

ကျနော်ဒီအကြောင်းကိုရေးရတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင်တွေ့တယ်ဆိုပြီး အတည် ပြုလို့ မရတဲ့ စစ်တပ်ရဲ့ဆိုက်ဝါး တနည်းပြောရရင် လူထုအတွင်းဂျင်းအကြိးကြိးတခုထည့်ပြီး ဖြိုခွဲနည်းတခုကို တွေ့ရလို့ပါ။ သီအိုရီအရ လူထုကသေနတ်တွေကို အသေခံအံတုလာတဲ့အခါ အခုလိုလူထုရဲ့ခုခံအာခံ မှုတွေ ကို လေ ျှာ့ချပြီး အခြားတနည်းနဲ့ လူထုကို ဖျားယောင်းပြီး ဖြိုခွဲ အသေသတ်နည်းကို သုံးဘို့ရည်ရွယ်လုပ် ဆောင်လာတာလို့ ကျနော်တော့ ရှင်းရှင်းလင်းလင်းမြင်ပါတယ်။ပြည်တွင်းကို ပလီပလာလိမ်ညာဘို့ ကျိူးစားသလို အခြားတဘက်မှာလဲ နိုင်ငံတကာအစိုးရနဲ့ပြည်သူတွေကို လိမ်လည်လှည့်ဖျားဘို့ လုပ်နေ ပြီဆိုတာ သတိရှိလို့လို မှာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးဆိုတာ …

၁။ လက်ရှိအခြေအနေက မင်းအောင်လှိုင်နဲ့ဆွေးနွေးဘို့ထက် လူပေါင်း ၁၀၀၀ နီးပါး ပက်ပက်စက်စက် ရိုက် နှက် နှိပ်စက်သတ်ဖြတ်တဲ့ ကိစ္စတွေမှာ မင်းအောင်လှိုင်ဟာ တရားခံ နံပါတ်တစ်ဖြစ်တယ် ဆိုတာ ပြောရမဲ့အချိန်ဖြစ်ပါတယ်။

၂။ ဒီမော့ဆိုး၊ ဒီပဲယင်း၊ ကနီယင်း ရွာမှာ အရပ်သားရွာသူရွာသားတွေကို လူမျိူးတုန်းသတ်ဖြတ်မှုမှာ မင်းအောင် လှိုင်ဟာ နံပါတ်တစ် တရားခံဖြစ်ကြောင်း ပြောရမဲ့အချိန်ဖြစ်ပါတယ်။

၃။ အသက်မပြည့်သေးတဲ့ ကလေး ၅၀ ကျော်သတ်ဖြတ်မှုမှာ မင်းအောင်လှိုင်ဟာ နံပါတ်တစ်တရားခံ ဖြစ်ကြောင်းပြောရမဲ့အချိန်ဖြစ်ပါတယ်။

၄။ မြန်မာနိုင်ငံသူနိုင်ငံသားတွေခံစားနေရတဲ့ ကနေ့ စား ဝတ် နေ ရေး ဒုက္ခအားလုံးမှာ မင်းအောင် လှိုင်ဟာ နံပါတ်တစ်တရားခံဖြစ်ကြောင်း ပြောရမဲ့အချိန်ဖြစ်ပါတယ်။

၅။ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးရဲ့ နိုင်ငံရေး စီးပွါးရေး လူမှုရေးစတဲ့ အဘက်ဘက်က တိုးတက်မှု အားလုံးကို ရိုက်ချိူးပစ်လိုက်ပြီး မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးရဲ့ အနာဂတ်တွေကို ဖျက်ဆီးပစ်ခံခဲ့ ရတာ မှာ မင်းအောင်လှိုင်ဟာ နံပါတ်တစ်တရားခံဖြစ်ကြောင်း ပြောရမဲ့အချိန်ဖြစ်ပါတယ်။

၆။ ကနေ့မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ကိုဗစ် ၁၉ ရောဂါကြောင့် ကူးစက် ဖျားနာသေကြေနေရတဲ့ အဖြစ် ဆိုးတွေ လူထုတကယ်လိုအပ်နေတဲ့ အောင်စီဂျင်တွေအတွက် လူထုလှုထားတဲ့ စက်တွေ ပစ္စည်းတွေ ကို တချိူ့ကိုခိုးဝှက်ယူခဲ့ပြီး တချိူ့ကိုပက်ပက်စက်စက် ပိတ်ပင် တားဆိး ဖျက်ဆီးနေတဲ့ ကိစ္စတွေမှာ မင်းအောင် လှိုင်ဟာ နံပါတ်တစ်တရားခံဖြစ်ကြောင်း ပြောရမဲ့အချိန်ဖြစ်ပါတယ်။

၇။ မင်းအောင်လှိုင်ဟာ လူထုကိုလဲမယှဉ်နိုင် ကိုဗစ်ကိုလဲမတားနိုင်တော့တဲ့အတွက် ကိုဗစ်တတိယ လှိုင်းမှာ စစ်တပ်ရော လူထုရော အလွန်ကို ထိခိုက်နာကျင်မှုတွေများမှာ သေချာတယ်။ ဒီအတွက် မင်းအောင်လှိုင်ဟာ နံပါတ်တစ်တရားခံဖြစ်ကြောင်း ပြောရမဲ့အချိန်ဖြစ်ပါတယ်။

လူထုအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ စေ့စပ်ဘို့တို့ဆွေးနွေးဘို့တို့ဆိုတာ အချိန်ကျော်သွားခဲ့ပါပြီ။ လူထု ကိုယ်စားဘယ်သူမှ စေ့စပ်ဆွေးနွေးရေးကို တာဝန်ခံလို့မရတော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်လဲ တာ ဝန်ခံလို့မရပါဘူး။ အာစီယံလဲတာဝန်ခံလို့ မရပါဘူး။ ကုလသမဂ္ဂလဲတာဝန်ခံလို့မရတော့တဲ့အခြေအနေကို ရောက်ခဲ့ပါပြီ။ သေချာတာကတော့ မင်းအောင်လှိုင်နဲ့မိသားစုဟာ လက်ခံမဲ့တရုတ်ဖြစ်စေ ရုရှားဖြစ်စေ ပြေးဘို့ကလွဲပြီး အခြားမရှိတော့ပါ။ မိသားစုလိုက်ပြေးဘို့လဲ စီစဉ်ပြီးသားဖြစ်မှာပါ။

လူထုက စေ့စပ်ဆွေးနွေးဘို့တို့ အေးချမ်းစွာအဖြေရှာရေးတို့ကို တလေ ျှာက်လုံးငြိမ်းချမ်းစွာတောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။လူထုရတာက သေနတ်ကျည်ဆံတွေ အရိုက်အနှက်ခံရတာတွေ အသတ်အဖြတ်ခံ ရတာတွေ နောက်ဆုံးပြောရရင် လူမြင်ကွင်းမှာလေးဘက်ထောက်လေ ျှာက်ရတဲ့အထိ လူ့ဂုဏ် သိက္ ခာ လူ့တန်ဘိုးတွေကို ပက်ပက်စက်စက်စော်ကား ရိုက်ချိူးတာခံခဲ့ရပါတယ်။ ကနေ့သန်းချီတဲ့လူငယ်တွေ GZ တွေဟာ အကြမ်း ဖက်စစ်တပ်ကို ပြတ်ပြတ်သားသားခြေမှုန်းတိုက်ခိုက်ကြဘို့ အတွေးအခေါ်အရရော လက်တွေ့အရပါ တညီ တညွတ်တည်း စီစဉ်ဆောင်ရွက်နေချိန်ဖြစ်ပါတယ်။ စစ်တပ်အတွင်းက ပြည်သူ လူထုဘက်မျက်နှာမူတဲ့ အရာ ရှိအရာခံအကြပ်တပ်သားတွေ ရဲတပ်ဖွဲ့ကအရာရှိအရာခံအကြပ် တပ် သားတွေဟာ ပြည်သူလူထုနဲ့ပူးပေါင်းပြီး လူထုကိုကာကွယ်ဘို့ အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန် တိုက် ခိုက်ဘို့ ပူးပေါင်းနေချိန်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိကြတဲ့ လူမျိူးပေါင်းစုံပြည်သူလူထုကြီးနဲ့ သားသမီးတွေဟာ တူညီတဲ့ရည်ရွယ်ချက်နဲ့ ညီညာ စွာစုစည်းနေကြတဲ့ဖြစ်စဉ်ဟာ မြန်မာ့သမိုင်းရဲ့ အရေးပါဆုံးအချိန်ဖြစ်လာပါလိမ့် မယ်။ ဒီမျိူးဆက် တွေဟာ မြန်မာနိုင်ငံကို စစ်ဘိနပ်အောက်က လွတ်မြောက်အောင် တိုက်ပွဲဝင်ကြမှာ အသေအချာဘဲ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုနဲ့ စေ့စပ်ဆွေးနွေးစရာ ဘာအကြောင်းပြချက်မှ မရှိတော့ပါ။ တကမ္ ဘာလုံး တနိုင်ငံလုံး ဒီလောက် ညီညွတ်နေတာကို အသေအချာ အခိုင်အမာကျနော်တို့ အစီအစဉ်တွေ ရေးဆွဲနိုင်လို့ကတော့ မဝေးတော့တဲ့ ကာလတခုမှာ စစ်အုပ်စုအတွက် ငရဲမင်းရဲ့ရာဇသံရောက်လာတော့ မှာပါ။လူထုကို အလေး အနက်ပြောလို တာကတော့ ဒီမော့ဆိုးကိုသတိရကြပါ။ ဒီပဲယင်းကိုသတိရကြပါ။ ကနီယင်းရွာကိုသတိရကြပါ။ မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ သတ်ဖြတ်မှုတွေကို သတိရကြဆိုတာပါဘဲ။

နွေဥိးတော်လှန်ရေးမှာ စေ့စပ်ဆွေးနွေးတယ်ဆိုတာ လူထုကိုသစ္စာဖေါက်တာပါဘဲ။ သူရဲကောင်းအာဇာနည်တွေကို သစ္စာဖေါက်တာပါဘဲ။အသက်စွန့်တိုက်ပွဲဝင်သွားခဲ့တဲ့ လူငယ်တွေအပေါ်သစ္စာဖေါက် တာပါဘဲ။တနိုင်ငံလုံး စုစည်းညီညွတ်စွာ အစီအစဉ်ကောင်းတွေရေးဆွဲကာ အကြမ်းဖက်စစ်တပ်ကို အ နိုင်တိုက်ရုံမှလွဲပြီး အခြားရွေးချယ်စရာမရှိတော့ကြောင်းပါ။

အရေးတော်ပုံ အောင်ရမည်
ကိုအောင်မှိုင်း
ဂျူလိုင် ၁၇ရက် ၂၀၂၁ခုနှစ်

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar