Breaking News

မိုးမခကဗျာ - မျိုးတေဇာမောင် 'ရေဒီယို '

Image - Google
မိုးမခကဗျာ
သြဂုတ် ၂၁၊ ၂၀၂၁

ရေဒီယို 
မျိုးတေဇာမောင်

အမှောင်တစ်ခေတ်လုံး
မျှော်လင့်ချက်အသံတွေ နဲ့ 
ကြက်သီးထခဲ့ရ။

ခဏလောက်တွေဝေသွားတိုင်း
ကမ္ဘာ့တစ်ဘက်ခြမ်းက 
အသံတွေနားထောင်ရင်း
လမ်းဆက်လျှောက်ခဲ့ကြရ။

"ခင်ဗျားရဲ့ ခေတ်ရှိခဲ့တယ် 
ခင်ဗျားမှာ အင်အားရှိတယ်
ခင်ဗျားမှာ
အကောင်းဆုံးအချိန်တွေရှိနေတုန်းပဲ''
ဖရက်ဒီမာကျူရီရဲ့ ရေဒီယိုဂါဂါ၊ရေဒီယိုဂူဂူ။

ပြန်လာပြီ
ခင်ဗျားပြန်လာပြီ
ကြောက်ရတဲ့ခေတ်တံခါးကို
တစ်ချက်ပဲခေါက်လိုက်ပါ
ကျနော်တို့ ကန်ပြီးဖွင့်ပစ်မယ်
ခင်ဗျားကိုချစ်နေကြတုန်းပဲ ရေဒီယို။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar