Breaking News

အောင်ဒင် - ငါတို့အရပ်မှာ အိမ်စောင့်ခွေးမလိုပါ



အောင်ဒင် - ငါတို့အရပ်မှာ အိမ်စောင့်ခွေးမလိုပါ

(မိုးမခ) ဩဂုတ် ၃၊ ၂၀၂၁

ငါတို့ အိမ်မှာ တံခါးတွေရှိတယ်၊
ငါတို့ရင်မှာ ချစ်ခြင်းမေတ္တာရှိတယ်၊
ငါတို့အရပ်မှာ အကြင်နာတရား ရှိတယ်...။

ငါတို့အိမ်တံခါးတွေ မပိတ်ကြဘူး၊
ငါတို့ချစ်ခြင်းမေတ္တာတွေ မကုန်ဆုံးကြဘူး၊
ငါတို့အရပ်မှာ အကြင်နာတရားတွေ မပျက်သုန်းဘူး၊
ငါတို့မှာ ငါတို့ရှိတယ်၊
ငါတို့ အိမ်တံခါးတွေမပိတ်ဘဲ
စိတ်ချလက်ချ နေထိုင်နိုင်ကြတယ်...။

ငါတို့အရပ်မှာ အိမ်စောင့်ခွေးမလိုပါ...။.  ။

(ဩဂုတ် ၃၊ ၂၀၂၁)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar