Breaking News

မိုးမခကဗျာ - မောင်လင်းရိပ်၊ ဇလစ

Art - Than Htay Maung
မိုးမခကဗျာ
ဩဂုတ် ၃၊ ၂၀၂၁
-
တော်လှန်ရေး ဂန္ဓာရုံ

ခွေနေတဲ့ ခွေးလား
ဝှေ့နေတဲ့ နွားလား
တစ်ဘို့ထဲ သမားတွေရဲ့ ချိုဖျားမှာ 
ကိုယ့်အသက် မီအောင်မထားလေနဲ့
နဖားကြိုးနဲ့ နိုင်အောင် တုပ်နိုင်ရင် တုပ်
အသားထိုးပြီး မြိုင်အောင် အုပ်ချင်လည်း အုပ်ဖို့
မလုပ် မရှုပ်ဆိုရင် ကိုယ်တွေပဲ ပြုတ်တော့မှာ
နေဝင်မိုးချုပ် ရေဝင်အိုးမြုပ်သလို မြုပ်တော့မှာ
အနာဂတ်အတွက်ပဲ ရင်းရင်း
မျိုးဆက်အတွက်ပဲ ရင်းရင်း
နိုင်ငံအတွက်ပဲ ရင်းရင်း
ရင်းစရာ ရှိတာ အကုန် ချရင်းပေတော့
မီးတောက်ကလေးတွေ တစ်ခုချင်း ဆောင်သော်မရ
မီးပုံကြီးနဲ့ စုရှင်းမှ ဒီအမိုက်တိုက် လင်းတော့မှာ
တော်လှန်ရေးရဲ့ ဝင်းမှည့်မွှေးပျံ့တဲ့ ရနံ့ ရနေရဲ့ မဟုတ်လား
ဂန္ဓာ ယတနံ ထိုအနံ့အာရုံသည်
မနောဓာတ်အားလည်းကောင်း
ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့ကိုလည်းကောင်း
မကွာမကင်းခြင်းသတ္တိဖြင့် ကျေးဇူးအထောက်အပံ့ဖြစ်စေသော်ဝ်။

၂၀၂၁ ဩဂုတ် ၂

...

ဂျီ နို ဆိုက်
ဇလစ

နှစ်ခြောက်ဆယ်ကျော်စာအိုမင်းနေတဲ့ သတင်းစာထဲကနေ
တိုက်ပုံလဲဝတ်ထားတဲ့ ပုပ်ပြီးသားအလောင်းတလောင်းဟာ စကားတွေပြော
ပါးစပ်ပေါက်မှာ ယင်ကောင်တွေအထွေးလိုက်ဆူညံနေချိန်
ဒုက္ခသည်တွေဟာ စက်မှုခေတ်ဘက်ကိုတရွေ့ရွေ့နဲ့
များလှတဲ့ စက်ရုံမီးခိုးခေါင်းတိုင်တွေထဲကနေ အလောင်းတွေကို မှုတ်ထုတ်နေပြီ
ပူပေါင်းတွေလိုလို ကောင်းကင်ပေါ်မှာ အလောင်းတွေပေါက်ကုန်ပြီး မြို့လယ်ကောင်အထိပြုတ်ကျလာကြ
လမ်းတွေပေါ်က ရှုံ့တွသွားတဲ့မိုးပျံပူပေါင်းတွေကို ကျည်ဆံရာတွေနဲ့လေပြင်းက လာသယ်နေတယ်
ယင်ကောင်အထွေးလိုက်တွေ လမ်းမတွေပေါ်ပြန့်နှံ့လာနေတုန်း
အပုပ်နံ့တ​လောင်းလောင်းသယ်လာတဲ့ သတင်းစာတရွက်မှာ အိမ်စောင့်နေတဲ့အလောင်းတွေရဲ့ကြေညာချက်က
လေထဲမှာ အလံလိုလိုဝေ့ဝဲနေပြန်တယ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar