Breaking News

မိုးမခကဗျာ - နှင်းခါးမိုး " တရားအတိုင်း ၂ "

မိုးမခကဗျာ
သြဂုတ် ၃၁၊ ၂၀၂၁

" တရားအတိုင်း ၂ "
နှင်းခါးမိုး

ကြွက်ချေးကိုဖယ်ထုတ်လို့ရပေမဲ့
ဆွမ်းဆန်ကိုသွန်ပစ်လိုက်ရတယ်၊

မျက်ရည်နဲ့မီးတောက်အကြားမှာ
မုန်းတီးမိခဲ့တာကမေတ္တာတရား၊

ဇာတ်လမ်းအစမှာ သေနတ်ပစ်သံကြားရင်
ဇာတ်လမ်းအဆုံးမှာ အိမ်ခေါင်းရင်းကသပြေပန်းတွေ နုပါစေ။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar