Breaking News

မိုးမခကဗျာ - ထက်သစ်

Image- Crd

မိုးမခကဗျ
သြဂုတ် ၁၃၊ ၂၀၂၁

လေးဆယ့်လေး အော်ပရာ
ထက်သစ်


ဒီရဲရင့်မှုက အော်ပရာရဲ့ အစပဲ
သေခြင်းတရားကိုသာ သူတို့
ဖက်ပွေ့လိုက်တယ်
အဲ့တာ အမှန်တရားလို့
သူတို့ဆုံးဖြတ်လိုက်ခဲ့ပုံရတယ်
တစ်ယောက်တစ်ခွန်းနဲ့
တကမ္ဘာလုံးပြန့်သွားတယ် 
ဒီအော်ပရာပြီးရင်
ပြဇာတ်ကြီး လာမယ်ဆိုတာ
ကျနော် မပြောလိုက်ရဘူး
အခုလဲ ......
ဒါ မြန်မာပြည်က 
ကြယ်တွေကြွေပြီး
ကောင်းကင်တော်နိုင်ငံသစ်ဆီ
ခုန်တက်သွားတာပါလို့ ။

၁၁.၈.၂၀၂၁
ညနေ ၆နာရီ ၂၀


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar