Breaking News

မိုးမခကဗျာ - စိုးရိမ် ''စစ်ပြေး''

Photo- AsiaNews
မိုးမခကဗျာ
သြဂုတ် ၂၀၊ ၂၀၂၁

စစ်ပြေ
စိုးရိမ်

ငါတို့က ပျောက်ဆုံးလူသားတွေ
ငါတို့မှာ ဘာမှမရှိဘူး
အခြေခံလူ့အခွင့်အရေးလား
မှုန်မှုန်လေးတောင်မမြင်ရဘူး

ပန်းခူးထွက်ဖို့မပြောနဲ့
ကိုယ့်အသက်ကိုဘယ်သူဆွဲနှုတ်သွားမလဲ
သတိဆွဲနေရတဲ့ဘဝ

ပညာရေးအကြောင်းလာမပြောနဲ့
ကျန်းမာရေးအကြောင်းလာမပြောနဲ့
ငတ်လာပြီဆို
သစ်ဥသစ်ဖုနဲ့ မြက်အဆုံး
ကိုယ့်ကိုယ်ကိုယ် ပိုးမွေးသလိုမွေးနေရတဲ့ဘဝ

ဥတုရာသီလား
ကိုယ်ခံအားကိုပြုပြင်ပြီး တွန်းလှန်နေရတဲ့ဘဝ

ဘယ်နေရာမှာကျပျောက်နေကြတာလဲ လာမမေးနဲ့
ငါတို့ရဲ့ကိုယ်ရောင်ကိုယ်ဝါကို ငါတို့ကိုယ်တိုင်
တောတွေတောင်တွေထဲဖျောက်ထားကြတာ

ကမ္ဘာမြေဆိုတာ ငရဲဘုံလားဆိုတဲ့ မေးခွန်းတွေနဲ့...။

စိုးရိမ်
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar