ကိုသန်းလွင် - အာဖဂန်တပ်မတော်ကြီးကျဆုံးရပုံ
သြဂတ်စ် ၂၈၊ ၂၀၂၁
(၁)
လွန်ခဲ့သော ၃ လခွဲကာလတစ်လျောက်လုံး ကျွန်တော်သည် အာဖဂန်တောင်ပိုင်းကုန်းမြင့်ဒေသတွင် များစွာသွေးထွက်သံယိုဖြစ်မှု တဖြည်းဖြည်းများလာသည့် တာလဘန်တို့ကို နေ့ရော ညဉ့်ပါ တိုက်ခိုက်ခဲ့ပါ သည်။ မကြာခဏတိုက်ခိုက်ခံရပြီး ကြံ့ကြံ့ခံခဲ့သလိုပင် တာလဘန်များစွာကို သေကျေပျက်စီးစေခဲ့ပါသည်။ ထို့နောက် ကျွန်တော့်ကို ကာဘူး သို့ပြန်လာရန်အာဖဂန်နစ္စတန်တို့၏ စပါယ်ရှယ်တပ်ဖွဲ့ကိုဦးဆောင်ရန် ပြန်ခေါ် ခြင်းကိုခံခဲ့ရပါသည်။ သို့သော် တာလဘန်တို့သည် မြို့တော်ကာဘူးကိုဝင်ရောက်နေပါပြီ၊ နောက်ကျနေပြီဟု ပြောနိုင် ပါသည်။
ကျွန်တော်သည် ခြေကုန်လက်ပန်းကျနေပါသည်။ ကျွန်တော်သည် ထိန်းမနိုင်သိမ်းမရလောက်အောင် စိတ်ဆိုးဒေါသထွက်လျက်ရှိပါသည်။
(၂)
သမ္မတကြီးဘိုင်ဒန်က ယခင်အပါတ်က “အာဖဂန်စစ်သားများက သူတို့စစ်ပွဲကိုတိုက်ခိုက်လိုစိတ်မရှိပါဘဲလျက် အမေရိကန်စစ်သားများသည် ထိုစစ်ပွဲတွင်ဝင်ရောက်တိုက်ခိုက်ရန်မသင့်ပါ“ ဟု ပြောခဲ့ပါသည်။
အာဖဂန်စစ်တပ်သည် တိုက်ခိုက်လိုစိတ်မရှိတော့မှာ မှန်ကန်ပါသည်။ သို့သော် ထိုသို့ဖြစ်ရသည်မှာ အမေရိကန်ပါတနာတို့၏ စွန့်ပြစ်ခြင်းခံရသည်ဟု ထင်မှတ်နေသောကြောင့်ဖြစ်ပါသည်။ မစ္စတာဘိုင်ဒန်၏ မိန့်ခွန်းနှင့် လွန်ခဲ့သောလအနည်းငယ်အတွင်း သူပြောခဲ့သည့်မိန့်ခွန်းများတွင် အမေရိကန်တို့၏ သစ္စာမရှိမှုနှင့် လေးစားခြင်းကင်းမဲ့နေမှုမှာ ပေါ်လွင်လှပါသည်။ အာဖဂန်စစ်တပ်သည် အပြစ်တင်စရာမရှိဘူးဟု ကျွန်တော်မပြောပါ။ သမ္မတကြီးဂါနီအား ခရိုနီများ ဗျူရိုကရက်များဖြင့် ဝိုင်းရံထားပြီး အမေရိကန်တို့က အတိုက်ရပ်သည်နှင့် အာဖဂန်စစ်တပ်သည်လည်း ရပ်သွားရပါတော့သည်။
ကျွန်တော်သည် မစ္စတာဘိုင်ဒန်နှင့်အနောက်မှ အပေါင်းပါများကအာဖဂန်စစ်တပ် ပြိုကွဲခြင်း၏အခြေခံအကြောင်းအရာများကို ဖော်ပြခြင်းမရှိဘဲ အပြစ်တင်နေသည်ကိုကြည့်ရသည်မှာ ခံရခက်လှပါသည်။ နိုင်ငံရေးအရ ကွဲပြဲနေမှုကြောင့် ကာဘူးအစိုးရကို အမေရိကန်ကပေးတဲ့အကူအညီဟာ စစ်တပ်ကို စီမံခန့်ခွဲဖို့မဖြစ်နိုင်လောက်အောင်ရှိနေပါသည်။ အစိုးရကပေးရမည့်ခေါင်းဆောင်မှုကလည်းမရှိသောကြောင့် အမေရိကန်ကပေးတဲ့ထောက်ပံ့ရေးဟာ ကျွန်တော်တို့ဆီကိုမရောက်တော့ဘဲ ပျောက်ဆုံးနေပါတော့တယ်။
ကျွန်တော်ဟာ အာဖဂန်စစ်တပ်မှာ ကြယ်သုံးလုံးပိုင်တဲ့ ဂျင်နရယ်ပါ။ ၁၁ လလုံးလုံး တောင်ပိုင်းအာဖဂန်ပြည်နယ်မှာ စစ်သား ၁၅၀၀၀ လောက်ကို ကွပ်ကဲပြီး 215 Malware Corp ကို ဦးဆောင်ရပါတယ်။ ကျွန်တော်တို့ဟာ တိုက်ခိုက်ရင်းအရာရှိနှင့် တပ်သားပေါင်းရာချီပြီး ကျရှုံးနေပါတယ်။ ထို့ကြောင့်လည်း ကျွန်တော် ဟာ ခြေကုန်လက်ပန်းကျရပြီး စိတ်ဆိုးဒေါသထွက်ရခြင်းဖြစ်ပါသည်။ ကျွန်တော်ဟာ အာဖဂန်စစ်တပ်ကို များစွာ ဂုဏ်သိက္ခာရှိရှိ လက်တွေ့ကျကျ အတွေးအမြင်များနှင့် ကာကွယ်လိုလှပါတယ်။ ကျွန်တော်အခုလို ရေးရတာဟာ အာဖဂန်စစ်တပ်ရဲ့ အမှားတွေကို ချေဖျက်ဖို့မဟုတ်ပါဘူး။ အဖြစ်ကတော့ အာဖဂန်စစ်သားပေါင်းမြောက်များစွာတို့ဟာ ခြေကုန်လက်ပန်းကျအောင်တိုက်ခိုက်ပြီး နောက်ဆုံးမှာ အမေရိကန်စစ်တပ်နှင့် အာဖဂန်ခေါင်းဆောင်များရဲ့ စွန့်ပစ်ခြင်းခံလိုက်ရတာပါဘဲ။
လွန်ခဲ့တဲ့ ၂ ပါတ်က အာဖဂန်သမ္မတကြီးဂါနီဟာ တောင်ပိုင်းမြို့တော် Lashkar Gah မြို့တော်အတွက် ခံ စစ်တိုက်နေတုံးမှာ ကျွန်တော့်ကို အာဖဂန်စစ်တပ်ရဲ့ အတူးတပ်ဖွဲ့ခေါင်းဆောင်အဖြစ်တင်မြှောက်ခဲ့ပါတယ်။ တိုင်း ပြည်အတွက် အရေးကြီးဆုံးနေရာပါဘဲ။ ကျွန်တော့်နေရာမှ မခွါလိုလှသော်လည်းဘဲ အမိန့်အရ ကာဘူး ကို သြဂုတ်လ ၁၅ ရက်နေ့မှာ ရောက်ရှိခဲ့ပါသည်။ တိုက်ခိုက်ဖို့က တော့အသင့်ပါဘဲ။ အဲ့ဒီအချိန်က အခြေအနေ ဟာ ဒီလောက်ဆိုးလိမ့်မည်ကို မထင်မိခဲ့ပါဘူး။ ထို့နောက် မစ္စတာ ဂါနီက ကာဘူးမြို့တော် လုံခြုံရေးတာဝန်ကို ပါပေးအပ်ခဲ့ပါတယ်။ ဒါပေမယ့်ကျွန်တော်ဟာကာဘူးမြို့တော်ကို ကာကွယ်ဖို့အခွင့်အရေးမရခဲ့ပါဘူး။ တာလဘန်တွေက မြို့တော်ထဲကိုရောက်နေပါပြီ။ ဒီထဲမှာ မစ္စတာဂါနီဟာ နိုင်ငံကထွက်ခွါသွားပါတော့သည်။
ဒီနေရာမှာ ကြီးကျယ်တဲ့ စွန့်ပစ်ခံရမှုဟာ အကြီးအကျယ်ရှိနေပါတယ်။ မစ္စတာဂါနီဟာ တက်သုတ်ရိုက် ထွက်ခွာသွားတဲ့အတွက် ကြားကာလမှာ ဘယ်လိုလုပ်ရမယ်ဆိုတဲ့အရေးကို တာလဘန်တွေနဲ့ ဆွေးနွေးဖို့ မဖြစ်နိုင်တော့ပါဘူး။ တပ်ကိုဆုတ်ခွါဖို့အရေးဟာလည်း ဘယ်လိုမှစီစဉ်မရတော့ပါဘူး။ ကာဘူးလေဆိပ်မှာ မြင်ရသည့် မြင်ကွင်းတွေအတိုင်း ရုတ်ရက်ခတ်၊ ကသောကမျောတွေဖြစ်ကုန်ပါတော့သည်။
ဒါကြောင့် သြဂုတ်လ ၁၆ ရက်နေ့မှာ မစ္စတာဘိုင်ဒန်ကအာဖဂန်စစ်တပ်ဟာ ခံစစ်ကိုမတိုက်တော့ဘဲ ပြိုကွဲပြီလို့ပြောခဲ့တာပါဘဲ။ အမှန်က အာဖဂန်စစ်တပ်ပြိုကွဲတာ မဟုတ်ပါဘူး။ အာဖဂန်စစ်တပ်ဟာ အဆုံးထိတိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့က လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း စစ်သားပေါင်း ၆၆၀၀၀ ကျော်ဆုံးရှုံးခဲ့ရပါပြီ။ အဲ့ဒါဟာ ကျွန်တော်တို့ရဲ့ ခန့်မှန်းချေ စစ်တပ်ကြီး တခုလုံးရဲ့ ၅ ပုံ ၁ ပုံ ဖြစ်ပါတယ်။ ဒါဆိုရင် စစ်တပ်ဟာ ဘာဖြစ်လို့ပြိုကွဲခဲ့ရပါသလဲ။ အကြောင်းပြချက်က သုံးမျိုးရှိပါသည်။
ပထမသမ္မတဟာ ဒေါ်နယ်ထရန့်ရဲ့ ဖေဖော်ဝါရီ ၂၀၂၀ ခုနှစ်က ဒိုဟာာမှာ တာလဘန်တွေနဲ့ သဘောတူညီမှုဟာ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်လိုက်တာပါဘဲ။ အဲ့ဒီမှာ အမေရိကန်တွေရဲ့ပါဝင်မှု အဆုံးသတ်ရမယ့်နေ့ကို ဆုံးဖြတ်ခဲ့ပါတယ်။ ဒုတိယအနေနှင့် ကျွန်တော်တို့ဟာ တပ်တွေရွှေ့အပြောင်း (Logistic Support) ကို အထောက်အပံ့ပေးနေတဲ့ ကွန်ထရက်တာများရဲ့ ဆားဗစ် မရရှိတော့ခြင်းဘဲဖြစ်ပါတယ်။ တတိယအချက် အနေနဲ့ကတော့ မစ္စတာဂါနီရဲ့ အစိုးရရဲ့ ခြစားခြင်းဟာ နေရာတကာမှာရှိနေတဲ့အချက်ပါဘဲ။ အစိုးရကတဆင့် တပ်မတော်နှင့် ထိပ်ပိုင်းအရာရှိများအထိ စီးဆင်းလာပြီး တပ်မတော်တခုလုံးကို ရိုက်ချိုးလိုက်တာပါဘဲ။
ထရန့် တာလဘန်သဘောတူညီချက်ဟာ အခုအခြေအနေကိုပုံဖော်နေကြပါတယ်။ အဓိကကတော့ ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှုစွမ်းရည်ကိုလည်း ကန့်သတ်လိုက်တဲ့အချက်ပါ။ တိုက်ခိုက်မှုဟာ ချက်ချင်း ညတွင်းချင်း ဘက်ပြောင်းသွားပြီး တာလဘန်တွေက အသာစီးရသွားစေတာပါဘဲ။ လေကြောင်းက အကာအကွယ်ပေးနေသည့် အမေရိကန်တွေရဲ့ အကာအကွယ်ပေးမှုကလည်း ရပ်ဆိုင်းသွားပါပြီ။ တာလဘန်တွေဟာ ပိုမိုရဲရင့်လာကြပါတယ်။ သူတို့ရဲ့ အောင်ပွဲကနီးလာနေပြီ။ အမေရိကန်တွေ တိုင်းပြည်ကထွက်ခွာသွားတာကိုစောင့်ဆိုင်းရုံပါဘဲ။ ဒါတွေရဲ့ အရင်က တာလဘန်ဟာ အာဖဂန်စစ်တပ်နှင့် အကြီးအကျယ်တိုက်ခိုက်ခဲ့တာမရှိပါဘူး။ တာလဘန်အနေနှင့် အာဖဂန်စစ်တပ်ကို အောင်လိုက်နိုင်တယ်ဆိုတာမရှိခဲ့ပါဘူး။ အာဖဂန်စစ်တပ်မပါတဲ့ ဒီသဘောတူညီမှုကြီးနောက်မှာ ကျွန်တော်တို့ဘက်က ဒါဇင်ချီပြီး စစ်သားတွေကျဆုံးရတော့တာဘဲ။
အာဖဂန်စစ်တပ်ဟာ အမေရိကန်စစ်တပ်ရဲ့အကူအညီနဲ့အမေရိကန်စစ်လက်နက်ပစ္စည်းများနှင့်ထောင်ခဲ့တာပါ။ ဟယ်လီကော်ပတာနဲ့သတင်းယူ၊ အထောက်အပံ့ပေးရေးမှာ အမေရိကန်စစ်တပ်ရဲ့ ခေတ်မှီလက်နက်ပစ္စည်းကို အသုံးပြုရပါတယ်။ အခုဒါတွေ ခမ်းခြောက်သွားတဲ့အခါ Air Support ဆိုတာမရှိတော့ပါ။
စစ်ပွဲကာလတစ်လျှောက်လုံးမှာ ကွန်ထရက်တာတွေက ဗုံးကျဲလေယာဉ်တွေ၊ စစ်သည်တော်တွေ ပို့တဲ့ ကြိုတဲ့ လေယာဉ်တွေကို ထိန်းသိမ်းပေးခဲ့ပါသည်။ ဇူလိုင်လမှာ ဒီအထောက်အကူပြုစစ်တပ်က ကွန်ထရက်တာ ၁၇၀၀၀ ကျော်ပြန်ပြီးဆုတ်ခွာသွားပါတယ်။ Black Hawk ဟယ်လီကော်ပတာတွေ C-130 Transport လေယာဉ်တွေ ကင်းတောက်တဲ့ဒရုန်းတွေအားလုံး ရုတ်တရက် အလုပ်မလုပ်ဘဲ ရပ်ဆိုင်းသွားရပါသည်။
ကွန်ထရက်တာတွေဟာ သူတို့နဲ့အတူ အသုံးပြုတဲ့ ဆော့ဝဲယားတွေ လက်နက်ပစ်ခက်ရေးစနစ်တွေကို ယူသွားကြပါတယ်။ သူတို့ဟာဟယ်လီကော်ပတာ၊ မစ်ဆိုင်းကာကွယ်ရေးစနစ်ကို ဖြုတ်ယူကြပါတယ်။ ကျွန် တော် တို့ဟာထိုကရိယာ တွေကို အသုံးပြုပြီးလျှင် ကျွန်တော်တို့ရဲ့ ကားတွေ လက်နက်တွေ စစ်သားတွေကို မျက်ခြေ မပျက်စောင့်ကြည့်နေနိုင် စောင့်ရှောက်နိုင်ခဲ့ပါတယ်။ အချိန်နှင့် တပြေးညီ ကင်းစောင့်ရေးစနစ်ဟာလည်း တခါထဲ ပျက်ကွယ်သွားပါသည်။
တာလဘန်တွေဟာ ကျွန်တော်တို့ ဧရိယာတစ်ခုလုံးကို လေဆာနဲ့ပစ်ပြီးကာကွယ်တဲ့ စနစ်မရှိတော့တဲ့အချိန်မှာ စနိုက်ပါတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေနှင့် တိုက်တော့တာပါဘဲ။ စစ်သားတွေကို ဟယ်လီကော်ပတာတွေနဲ့ ရှေ့တန်းကို မပို့နိုင်တဲ့အခါမှာ တခါတရံ စစ်တပ်တစ်တပ်လုံး တာလဘန်တွေရဲ့ဝင်စီးခြင်းကိုခံရပါတော့သည်။
မစ္စတာဘိုင်ဒန်က အလုံးစုံ ရုပ်သိမ်းရေး၊ အစီအစဉ်အားလုံးကို တက်သုတ်ရိုက် လုပ်စေတဲ့အခါမှာ ကသုတ်ကရက်ဖြစ်စေခဲ့ပါသည်။ ဒါဟာ စစ်မြေပြင်မှာ ရှိသောအခြေအနေကို မျက်ကွယ်ပြုခဲ့တာပါဘဲ။ အမေရိကန်တွေက စစ်တိုက်ဖို့ ဆန္ဒမရှိတော့တဲ့အချိန်မှာ တာလဘန်တွေက အမေရိကန်တို့က တုန့်ပြန်လာမှုကို ဂရု မစိုက် ကြတော့ပါ။
ဇူလိုင်လ တစ်လျှောက်လုံးနှင့် သြဂုတ်လ ပထမပါတ်အထိ တစ်နေ့လျင် ကားဗုံး ၇ လုံးအထိနေ့စဉ် ပေါက်ကွဲခဲ့ပါသည်။ ဒါပေမယ့် ကျွန်တော်တို့က ကျွန်တော်တို့နယ်မြေမှ မဆုတ်ခွာဘဲ ရပ်တည်နိုင်ခဲ့ပါသည်။
ကျွန်တော်ဟာ ကျွန်တော်တို့အစိုးရရဲ့ခြစားမှုကို ကာကွယ်ဖို့ မတတ်နိုင်ပါဘူး။ ဒါဟာ ကျွန်တော်တို့အတွက်တော့ အမျိုးသားရေးဆိုင်ရာ ကြေကွဲနေမှုတစ်ရပ်ပါဘဲ။ ကျွန်တော်တို့စစ်ကားတွေကို သူတို့ရဲ့ အရည်အချင်းအရမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးဆက်သွယ်မှုနဲ့ ရွေးချယ်ခန့်အပ်တဲ့အခါ ခေါင်းဆောင်တွေဟာ အရည်အချင်းကင်းမဲ့ နေပြီး အရေးကြုံတော့ အသက်ကိုပေးပြီး လုပ်မယ့်လူမရှိတော့ပါဘူး။ စစ်တပ်အတွင်းမှာလည်း ညီညွတ်ရေးပျက်ပြားပြီး စိတ်ဓာတ်တွေကျဆင်းကုန်ကြပါသည်။
(၃)
တိုက်ပွဲ၏နောက်ဆုံးနေ့များမှာ တကယ်ဖြစ်နေသည်နှင့်မတူပါ၊ အိပ်မက်ဆန်လှပါသည်။ ကျွန်တော်တို့က မြေပြင်မှာစစ်တိုက်နေရစဉ်အမေရိကန်တို့က လေထဲမှာပျံဝဲခါ ပရိတ်သတ်သဘွယ်ကြည့်နေကြပါသည်။ သူတို့လည်းဘာမှ မတတ်နိုင်သဖြင့် အပြင်းအထန်စိတ်ပျက်ရကြောင်း အမေရိကန်ပိုင်းလော့များကပြောကြပါသည်။
နောက်ဆုံး Lashkar Dah ကိုမကျအောင်ထိမ်းထားနိုင်ခဲ့ပါသည်။ ဘေးအဝင်းအဝိုင်းမှမြို့တော်များနှင့် နောက်ဆုံးကာဘူးမြို့ကျဆုံးမှ လက်လွှတ်လိူက်ရပါသည်။ ယခုတိုက်ပွဲသည် အာဖဂန်စစ်တပ်နှင့်သက်သက်တိုက်ပွဲမဟုတ်၊ အပြည်ပြည်ဆိုင်ရာတပ်များနှင့် တာလဘန်တို့တိုက်ပွဲဖြစ်ပါသည်။ စစ်ပွဲ၏ရှုံးနိမ့်ရမှုမှာ အပြည်ဆိုင်ရာ၏ ရှုံးနိမ့်ရမှုဖြစ်ပါသည်။
ကိုသန်းလွင်
Ref: Here is why the Afghan army failed, By Sami Sadat New York Times Aungust 27 2021
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar