Breaking News

မိုးမခကဗျာ -အောင်ဝေး '' ထောင့်ကန်ဘော '' Aung Way - Corner kick, Engli​sh version by Hlaing Htek

Image- Crd
မိုးမခကဗျာ
သြဂုတ် ၂၃၊ ၂၀၂၁

'' ထောင့်ကန်ဘော ''
အောင်ဝေး

ကိုသာချို...
မက်ဆီ
ပီ၊ အက်စ်၊ ဂျီ ကို ရောက်သွားပြီ။
ဒိုလေးကတော့
ဂျူဗီမှာပဲ။

ဆိုးရှားလည်း
မန်ယူမှာ မြဲနေတယ်။
ကျနော်လား
ကျနော် အသင်းမပြောင်းပါဘူး။

အသင်းဟောင်း
ကွင်းဟောင်းမှာပါပဲ
ဒါပေမဲ့
ကစားပုံ ပြောင်းထားတယ်။

ခုတလော
ပြောင်းရွှေ့ကြေးတွေက ကြီးတယ်။
နေပြည်တော်ကလပ်က ကောင်တွေက
ဂျာကာတာနဲ့
မော်စကိုမှာ
သွားလေ့ကျင့်ထားတယ်။

ကျနော်တို့
မြောက်ဥက္ကလာဟိုးမားအသင်းမှာ
လူ မစုံတော့ဘူး။

ချစ်တိုးနွယ်နဲ့
ယမုံက
ဝသုန်မြေယူနိုက်တက်ကို
ပြောင်းသွားတာကြာပြီ။

ခင်လွန်းကို
နယူးဇီလန်ကို
အငှားချထားရတယ်။

တိုက်စစ်မှူးက
အခုလည်း
နေစိမ့်ပဲ
သူပဲ အိမ်ကွင်း
သူပဲ အဝေးကွင်း။

ဒီနှစ်တော့
ပြိုင်ဆိုင်မှုက ပြင်းထန်လိမ့်မယ်။

နွေဦးဖလားမှာ
ခင်ဗျား မပါတော့
အားလျော့တယ် ကိုသာချို။

အထူးသဖြင့်
ထောင့်ကန်ဘောတွေရတဲ့အခါ
ခင်ဗျားကို သတိအရဆုံးပဲ။

မြောက်ဥက္ကလာဟိုးမား အက်ဖ်၊ စီ မှာ
ဘက်ညီညီကစားနိုင်တဲ့
သူတွေထဲ
ခင်ဗျားလောက် ခေါင်းတိုက်ကောင်းတဲ့လူ
ဘယ်သူရှိမလဲ။

ပြန်လာတော့ဗျာ
ပြိုကျလုမတတ်
ယိုင်နဲ့နေတဲ့
အင်းစိန်ထောင်နံရံကြီးကို
ခေါင်းနဲ့တိုက်ပြီးရင်
ခင်ဗျား ပြန်လာခဲ့တော့ဗျာ။

ကျနော်တို့မှာ
မကန်ရသေးတဲ့
ထောင့်ကန်ဘောတွေနဲ့။     ။

(သြဂုတ် ၂၂၊ ၂၀၂၁)
-

Corner kick
Aung Way

Ko Thar Cho...
Messi has transfered to
P. S .G.
Critiano Ronaldo is
At Juventus.
Solskjaer is stable situation  
at Manchestar United.
Me?
I did not change other club.
I'm not only in Old team
But in the old football ground.
However
I changed instructions on how to play football
Nowadays 
Transfer fees are high.
The guys from Naypyitaw FC
Are training to play football 
In Jakarta and Moscow.
Our North Oklahoma Club
Is for lack of players. 
Chit Toe Nwe and Yamone
Has transfered to Wathon Myay United
Khin Lunn has to be rented
As a rental player
In the New Zealand League
The striker is 
Nay Seint at present.
It is He who is at home field
It is He who is also away.
This year
The competition will be fierce.
At the Spring Cup
Because Ko Thar Cho is no longer 
Allowed to play 
I fell deeply depressed.
in particular
When he gets corner kicks
I still keep in mind him the most.
In North Okkalapa Home FC
Among them who can play in dynamic blance
 you are the best one
Who can hit the ball with your head
None other than you in heading 
Please come back
After hitting a wobbly and almost falling down Insein
Prison Wall with your head
You get back,please. 
We have many corner kicks
We haven't kicked yet.

Aung Way
(August 22, 2021)

Engli​sh version by Hlaing Htek 
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar