စာလည်းဖတ်၊ ကုသိုလ်လည်းပြု -အိုအေစစ် ၃၄
(မိုးမခ) သြဂုတ် ၂၁၊ ၂၀၂၁
လိုအပ်ချက်ရှိနေတဲ့နေရာဒေသတွေကို ဖြည့်ဆည်းလှူဒါန်းပေးဖို့ရည်ရွယ်ပြီး စာချစ်သူလူငယ်လေးများ ကြိုး စားစီစဉ်တဲ့ထားတဲ့ အိုအေစစ် ၃၄ လို့အမည်ရ ebook စာအုပ်ထွက်ရှိလာပြီဖြစ်တဲ့အတွက် ဖော်ပြထားတဲ့စနစ်တွေနဲ့ အွန်လိုင်းပေါ်ကနေ ပါဝင်လှူဒါန်းရင်း ရသစာပေများကိုဖတ်ရှုနိုင်ပြီဖြစ်တယ်လို့ စာပေရပ်ဝန်းက မိုးမခကိုသတင်းပေးပို့လာပါတယ်။ တန်ဖိုးကို ဘယ်ရွေ့ဘယ်မျှသတ်မှတ်ထားခြင်းမရှိတဲ့အကြောင်းနဲ့ ရောင်းလို့ရငွေအားလုံးကို လိုအပ်ချက်ရှိတဲ့နေရာတွေအတွက် ပေးပို့လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါကို စီစဉ်သူတွေလူငယ်တွေက ဒီ ebook ထဲမှာ ထင်ရှားတဲ့ စာရေးဆရာ ကဗျာဆရာ ၃၄ ဦးတို့ရဲ့ မတူကွဲပြားခြားနားတဲ့ အရေးအဖွဲ့တွေနဲ့ ဝတ္ထု/အက်ဆေး ၃၄ ပုဒ်ကိုထည့်သွင်းဖော်ပြထားတဲ့အတွက် "အိုအေစစ် ၃၄" လို့အမည်ပေးထားတာဖြစ်တယ်လို့ဆိုပါတယ်။
ယခုလို စာနယ်ဇင်းနယ်ပယ်တခုလုံးတိတ်ဆိတ်ပျက်သုဉ်းသလောက်ဖြစ်နေကြရရုံမက သောကဗျာပွေ တငွေ့ ငွေ့လောင်မြိုက်နေတဲ့ လူတွေ ဘဝတွေထဲ "အိုအေစစ် ၃၄" ဟာ တစုံတရာအတိုင်းအတာအထိအေးမြကျေနပ်စေမယ်လို့ ယုံကြည်ကြောင်းလည်း ဆိုပါတယ်။ ဒီ့အပြင် စာချစ်သူတို့ အလွယ်တကူလက်လှမ်းမီဖတ်ရှုနိုင်အောင်၊ တရှိုက်မက်မက် နှစ်ခြိုက်မြတ်နိုးကြရအောင်စီစဉ်ထားတာမို့ ဝယ်ယူအားပေးလှူဒါန်းတဲ့သူတိုင်း ကြည်နူူးမှုရရှိစေမှာဖြစ်တယ်လို့ပြောကြပါတယ်။ စာပေလည်းဖတ် ကုသိုလ်လည်းပြုနိုင်တဲ့အစီအစဉ်လို့လည်းဆိုပါတယ်တဲ့။
ဝယ်ယူလှူဒါန်းဖို့က ...
K pay. 0942 109 4141
097 782 00857
Wave. 097 782 00857
095 124 961
စာအုပ်ဝယ်ဖို့အတွက် ငွေလှမ်းသွင်းပြီးရင် Thet Wai, Naing Win Thi, Mg kyi, ကျော်ကျော်မြရည်စမ်း, အဲမိုးခြိမ့် -တို့ရဲ့ ဖေ့ဘုတ် Messenger မှာ ငွေသွင်းပြီးတဲ့အကြောင်းလှမ်းပြောပေးစေလိုပါတယ်။ ဒါမှသာ အိုအေစစ် ၃၄ ebook စာအုပ်လေးလှမ်းပို့ပေးနိုင်မှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar