Breaking News

ကိုသန်းလွင် - ပူတင်၏ နန်းဆက်ထိမ်းသိမ်းပုံ


ကိုသန်းလွင် - ပူတင်၏ နန်းဆက်ထိမ်းသိမ်းပုံ
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၂၁

(၁)
ရှရှားပြည်တွင် ရွေးကောက်ပွဲလုပ်သည်မှာ ကရင်မလင်နန်းတော်အတွက်အမြဲရှပ်ထွေးပါသည်။ ရွေးစရာတွအများကြီးရှိသည်ဆိုလျှင် ‌ေရွေးကောက်သူတို့အဖို့ အမှားကို ရွေးချယ်ဖို့များပါသည်။ ရွေးချယ်စရာတွေ နည်းနည်းကလေးရှိသည်ဆိုလျှင်လည်း အာဏာရှင်အစိုးရတို့၏လက်ရာကို မြင်တွေ့နိုင်ကြပါသည်။

လာမည့်သောကြာနေ့တွင်ကျင်းပမည့် ပါလီမန်အတွက်ရွေးကောက်ပွဲများမှာ တနင်္ဂနွေနေ့တွင်ပြီးဆုံးပါမည်။ သမ္မတ ဘလာဒီမီယာပူတင် အဖို့မသေချာသည့်အလုပ်ကို မလုပ်ပါ။ အလက်ဆီနာဗာလင် (Aleksei Navalny) ခေါ်တိုင်းပြည်တွင် အကျော်ကြားဆုံး အတိုက်အခံခေါင်းဆောင်သည် ဇန်နဝါရီလတွင် နိုင်ငံသို့ပြန်ရောက်ကတည်းက သူတို့၏ဖိနှိပ်ချုပ်ချယ်မှုကို တိုင်းပြည်မှာ အထင်အရှားမြင်နေရပါသည်။

(၂)
လွတ်လပ်သောမီဒီယာအဖွဲ့အစည်းများမှာ နိုင်ငံခြားအစိုးရများ၏ အးဂျင့်အဖြစ် စွတ်စွဲခံရပြီး သူတို့အလုပ်သမားများကိုနှောင့်ယှက်၍ အတိုက်အခံအများစုမှာ နိုင်ငံရေးမလုပ်ရန် ပိတ်ပင်ခံရ၍ဖြစ်စေ၊ နိုင်ငံခြားသို့ထွက်ခွါ၍ဖြစ်စေ ရှာင်နေကြရပါသည်။ မစ္စတာနာဗာလင်မှာထောင်ကျခံနေရပြီး သူ၏ရင်းနှီးသောလက်ထောက်အများစုမှာ နိုင်ငံမှထွက်ပြေးနေရပါသည်။ သူ့အစည်းအရုံးမှာ မတရားအသင်းအဖြစ် ကြညာခံရပြီး အတိုက်အခံတို့မှာ တကွဲတပြားစီဖြစ်နေကြပါသည်။

နိုင်ငံအတွင်းဆန့်ကျင်ဘက်အုပ်စုမှ အသံဆက်လက်ထွက်နိုင်ခြင်းမရှိတော့စဉ်မှာ သမ္မတပူတင်ကို နိုင်ငံကထောက်ခံအားပေးမှုမှာ ခိုင်ခိုင်မာမာရှိနေဆဲဖြစ်ပါသည်။

ရွးကောက်ပွဲ၏အဖြေမှာ မျှော်လင့်ထားသည့်အတိုင်း သူ၏ပါတီရုရှားစည်းလုံးညီညွှတ်ရေး (United Russia) သာ အနိုင်ရမည်ဖြစ်ပါသည်။ ပါတီ၏ဘီးသည် ဆက်လက်လည်ပတ်နေပါဦးမည်။ ကရင်မလင်နန်းတော်၏အလည်တွင် ရုရှားနိုင်ငံ၏ လူမှုရေး၊ နိုင်ငံရေးတို့ကို ထိန်းချုပ်သောမီဒီယာရှိပါသည်။

တယ်လီဗေးရှင်းနှင့် သတင်းစာတို့တွင် ထိန်းချုပ်ထားပြီး တခါတရံ မဖွယ်မရာသတင်းများကိုဖြစ်စေ ယုတ္တိမဆန်သောသတင်းများပင်ဖြစ်စေ ထွက်ရှိလာကာ ပူတင်ကို အကာအကွယ်ပေးနေကြရပါသည်။ သူ့ကိုသစ္စာရှိသောလူများက မီဒီယာကိုချုပ်ကိုင်ထားပြီး တိုင်းပြည်တွင်း၌သော်လည်ကောင်း၊ ပြင်ပမှာလည်ကောင်းရှိနေကြသာ အတိုက်အခံများကို မစ္စတာပူတင်အတွက် အရံအတားသဘွယ် အကာကွယ်ပေးလျက်ရှိကြပါသည်။ ဤနည်းဖြင့် ရုရှားနိုင်ငံကြီးကို ပူတင်ကအုပ်ချုပ်နေခြင်းဖြစ်ပါသည်။

ရုရှားနိုင်ငံတွင် တယ်လီဗေးရှင်းနှင့် သတင်းစာများသည် နိုင်ငံ၏ ထိမ်းချုပ်မှုအောက်တွင်ရှိပါသည်။ အချို့ REN TV မှာ ပုဂ္ဂလိကပိုင်ဆိုင်သော်လည်း ပူတင်နှင့်ပုဂ္ဂိုလ်ရေးဆက်သွယ်မှုများရှိနေပါသည်။ အခြား Rossiya နှင့် Channel One တို့မှာ နိုင်ငံပိုင်ဖြစ်ပြီး ဝါဒဖြန့်သည့်သတင်းများကို သတင်းသဖွယ်ထုတ်လွှင့်ပါသည်။

နောက်ကွယ်မှနေ၍ ဂရိုမော့ (Alexei Gromov) ကဲ့သို့ သမ္မတရုံးမှလက်ထောက်ကြီးကြပ်ရေးမှူးတစ်‌ယောက်က သတင်းများကို ကြီးကြပ်စီစစ်၍ ရွေးချယ်ပါသည်။ ကျရှုံးမှုများကို ဘာမှမဖြစ်လောက်သည့် အသေးအဖွဲ့များသဖွယ်သဘောထားပြီး တိုက်ရိုက်ဝေဖန်မှုများကို ရှောင်ရှားကာ အခွင့်အရေးရတိုင်း ပူတင်ကို ချီးကျူးစကားပြောလေ့ရှိပါသည်။ သမ္မတကြီးသည် အမြဲတစေကောင်းမွန်ကာ အဓိပ္ပါယ်ပြည့်ဝသောစကားကိုသာ ဆိုတတ်သူဖြစ်ပါသည်။
ထိုလည်ပါတ်နေသောစက်ကြီးအတွက် အင်အားသုံးစရာမလိုပါ။ သတင်းထောက်များ၊ အယ်ဒီတာများနှင့် ထုတ်လုပ်သူတို့သည် ပင်မနိုင်ငံရေး၏ ပေါ်ပင်ဆွဲဆောင်ရာနောက်သို့လိုက်ရန် အသင့်ရှိနေပြီးဖြစ်ပါသည်။ ရာထူးတက်ဖို့နှင့် အစဉ်တစိုက်ပေးရန်အသင့်ဖြစ်နေသော မစ္စတာပူတင်၊ ဝန်ကြီးချုပ်နှင့် တိုင်းခရိုင်များမှ ဂါဗာနာများ၏ ပိုက်ဆံအိတ်များမှ ပိုက်ဆံသည်လည်း အစဉ်တစိုက်ကျလာမြဲဖြစ်ပါသည်။ ထိုရိုးရာကိုလိုက်သော တစ်သက်တာအလုပ်ကို လုပ်စားသူများသည် ရုရှားပြည်၏ ပကတိအခြေအနေကို မမြင်နိုင်၍မဟုတ်ပါ။ သူတို့သည် ပြည်သူဘက်မှရပ်မည့်သူများဖြစ်ကြပါသည်။

မစ္စတာပူတင်နှင့် ဘီလီယံချီသောဒေါ်လာငွေများကြောင့် လူတို့၏အကြောက်လန့်ဆုံးအရာအပေါ်ဝယ် အမြတ်ထုတ်ကြပါသည်။ စီးပွားရေးပြိုကွဲခြင်း၊ နယ်မြေအစိတ်စိတ်အမွှာမွှာကွဲခြင်း၊ ရုရှားတို့သည် ထိုအဖြစ်များကို ၁၉၉၀ ခုနှစ်များကို နှစ်မျိုးစလုံးကိုကြုံခဲ့ကြရပါသည်။ ထို့ကြောင့် ကရင်မလင်ဘက်ကရပ်ခြင်းသည်သာ အကာင်းဆုံးတုန့်ပြန်မှုဟု လူထုက ယူဆကြပါသည်။ ဥရောပကောင်စီ ဗြိတိန်၊ အမေရိကန်တို့သည် စိတ်ဓာတ်အားဖြင့် မခိုင်ခန့်ပြိုကွဲနေသော လူ့အဖွဲ့အစည်းအဖြစ်ထင်ဟပ်စေပါသည်။ ထိုနေရာတို့သည် နိုင်ငံရေးမငြိမ်သက်မှုများ၊ မကျေနပ်မှုနှင့် အလိုမကျမှုများနှင့်သာ ပြည့်နှက်နေသောနေရာများဖြစ်ကြပါသည်။

နိုင်ငံတစ်နိုင်ငံ၏ လူဦးရေ၏ ၇၂ ရာခိုင်နှုန်းသည် ပတ်စ်ပို့မရှိ နိုင်ငံခြားခရီးသွားရန် စီးပွားရေးမပြေလည်မှုရှိနေသော ရုရှားကဲ့သို့သောနိုင်ငံတွင်ထိုအယူအဆကို ယုံကြည်သူများပြားလှပါသည်။ စာအုပ်တအုပ်၏ အစမှအဆုံးအထိ ယုံကြည်စရာမရှိ၊ ဝါဒဖြန့်မှုများသာပါရှိသောစာအုပ်သည်လည်း ထိုနေရာတွင် ရောင်းရ တွင်ကျယ်လှပါသည်။ ၂၀၀၈ ခုနှစ်က ‌‌ဂျော်ဂျီယာနှင့် ဖြစ်သည့်စစ်ပွဲတွင် မီဒီယာများကအစွန်းရောက်အောင်တွန်းပို့ကြရာ ကော်ကေးဆပ်နယ်များ၏တောင်ဘက်အစွန်းတွင်ရှိသော နိုင်ငံငယ်ကလေးမှာ ရုရှားနိုင်ငံ၏ အဓိကရန်သူနိုင်ငံဖြစ်လာခဲ့သည်။
မှတ်တမ်းတစ်ခုတွင် လူဦးရေ ၆၂ ရာခိုင်နှုန်းက သူ့ကို အဓိကရန်သူအဖြစ်သတ်မှတ်ကြသည်။ ယခုအခါ ‌ဂျော်ဂျီယာတွင် ရုရှားကိုထောက်ခံသောအစိုးရပေါ်ပေါက်လာပြီဖြစ်ရာ ဂျော်ဂျီယာသည် ရုရှားတို့၏ တယ်လီဗေးရှင်းဖန်သားပြင်မှ ပျောက်ကွယ်သွားနေပြီဖြစ်သည်။ အဓိကရန်သူအဖြစ်မှ ရုရှားလူမျိုး ၁၅ ရာခိုင်နှုန်းသာရှိသည့် နိုင်ငံငယ်ကလေးဖြစ်သွားပါသည်။ အဓိကအသံလွှင့်ဌာနများနှင့် သတင်းစာမှာ ကရင်မလင်၏ထိန်းချုပ်မှုအောက်တွင်ရှိနေပါသည်။ ထိုနည်းတူစွာ အင်တာနက်မှာလည်း ထိန်းချုပ်ခံနေရပါသည်။ လွန်ခဲ့သောဆယ်နှစ်က အင်တာနက်မှဆော်သြမှုဖြင့် အကြံအဖန်ရွေးကောက်ပွဲကိုဆန့်ကျင်သောဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပါသည်။ ယခုအခါ တယ်လီဖုန်းများကိုခိုး၍နားထောင်ခြင်း၊ ကွန်ပြူတာများကို စက်မှုနှင့်အခြားထိန်းချုပ်သောဥပဒေများဖြင့် ထိန်းချုပ်ခြင်းတို့ဖြင့် အတိုက်အခံများမှာ အစွန်းရောက်ဝါဒီများအဖြစ် နှိပ်ကွပ်ခံနေရပါသည်။

ရုရှားအင်တာနက်ကုမ္ပဏီ Yandeh မှာ အစိုးရလက်အောက်တွင်ရှိပြီး အမြင်မတူသူများကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ မီဒီယာပို့စ်တခုက လူတစ်ယောက်ကို ‌ထောင်သို့ရောက်အောင် ပို့နိုင်ပါသည်။ သို့သော် ထိုသို့နှိပ်ကွပ်မှုများရှိစေ အတိုက်အခံတို့သည် နေရာအနှံ့ရှိနေကြပါသည်။ ပူတင်၏ ပင်လယ်မဲ (Black Sea) ကမ်းခြေမှ စံအိမ်အကြောင်းရုပ်ရှင်ကို နာဗာလင်၏ရုပ်ရှင်အဖြစ် ဇန်နဝါရီလကထုတ်လွှင့်ခဲ့ရာယခု အခါ လူ ၁၁၈ သန်းက ကြည့်ပြီးကြပြီဖြစ်သည်။ ရုရှားတို့၏ ယန္တရားကြီးတခုလုံးက ကာကွယ်ထားသည့်ကြားမှ လူထုထံသို့မရောက်အောင်မကာကွယ်နိုင်ခဲ့ပါ။ အင်တာနက်ကို ဘယ်လိုဘဲထိန်ချုပ်ထားသည်မှန်စေ ယခုအချိန်အထိ သတင်းဖြန့်ချီခြင်းကို ထိရောက်စွာ မကာကွယ်နိုင်ပါ။

ရုရှားပြည်တွင်ယခုအချိန်အထိ လွတ်လပ်သောသတင်းဌာနအနည်းငယ်ကျန်နေပါသေးသည်။ ၎င်းတို့သည် ပိုက်ဆံကြွယ်ဝသောနိုင်ငံပိုင်သတင်းဌာနများနှင့် မပြိုင်ဆိုင်နိုင်ဘူးဆိုစေ၊ ရုရှားပြည်၏ အတော်အတန်ကြီးမားသော လူထုထံသို့ရောက်အောင် သတင်းဖြန့်ချိနိုင်ပါသည်။
Meduza မှာ တိုင်းပြည်ကဲ့သို့ လးစားမှုရှိသော သတင်းဌာနဆိုလျှင် ၎င်း၏ဝက်ဆိုက်သို့ လူပေါင်းသန်းချီ၍ လာရောက်ကြည့်ရှုနေကြသည်။ မစ္စတာနာဗာလင်ကို တရားစစ်ဆေးစဉ်ကဆိုလျင် သူ၏တရားခွင်မှာ ရင်ဆိုင်ရပုံများကို ပြည်သူ ၂ သန်းကျော်က ကြည့်ရှု့နေခဲ့ကြပါသည်။

သူတို့၏အောင်မြင်မှုမှာ ပူတင်အဖို့ မခံရပ်နိုင်လောက်အောင်ကြီးမားခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင်ပြဌာန်းခဲ့သော Foreign Agent Law နှင့်အရေးယူခဲ့သည်။ ထိုဥပဒေမှာ VOA, Radio Free Europe တို့ကို နှိပ်ကွတ်ရန်ရည်ရွယ်ခဲ့သည်။ ထိုဥပဒေကိုအသုံးပြု၍ နှိမ်နှင်းခဲ့ရာ တစ်ဦးစ နှစ်ဦးစ ဂျာနယ်လစ်များမှာ တိမ်မြှုပ်ကုန်ပြီး အတော်အတန်အင်အားရှိသော Meduza မှာ အသက်ဆက်နိုင်ရန် မနည်းကြိုးစားနေရသည်။ ဤနည်းဖြင့် သတင်းဌာန ၆ ခုမှာ နာမည်ပျက်သွားပြီး ဂျာနယ်လစ် ၁၉ ဦးမှာ လိုင်စင်ရုတ်သိမ်းခံရသည်။

အခြေအနေမှာ မကောင်းသည်မှန်စေ၊ ဆုံးခန်းတိုင်အောင်ရောက်၍ ပျောက်ကွယ်သွားပြီးတော့ မဟုတ်ပါ။ ထိုဥပဒေများကိုရှောင်ရှားရင်းဖြင့် ဖြစ်အောင်ရပ်တည်နေကြသည်ချည်းဖြစ်ပါသည်။ ၎င်းသည် တစ်ကမ္ဘာလုံးအတွက် အတုယူစရာဖြစ်ပါသည်။ အာဏာရှင်ဆန်သောအစိုးရကိုနည်းမျိုးစုံဖြင့် ပညာပေးရခြင်းဖြစ်ပါသည်။

မစ္စတာပူတင်၏ မီဒီယာနည်း၊ ဝါဒဖြန့်သောနည်းတို့သည် ရုရှားပြည်မှာ ယခုတော့အလုပ်ဖြစ်နေပါသည်။ စီးပွားရေး၊ ချွတ်ခြုံကျခြင်း၊ တဖြည်းဖြည်းအိုလာသောလူထုနှင့် တအုံနွေးနွေးဖြစ်နေသောခံစားမှုများနှင့် ရုရှားနိုင်ငံကြီးသည် ဆက်လက်ချီတက်နေပါလေသည်။

ကိုသန်းလွင်
Ref: This is how putin holds on to power By IlyaYablokov New York Times September 20, 2021

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar