Breaking News

မိုးမခ ကဗျာ - နီမင်းထက် " နှစ်ထောင့်ကပ် စစ်လေဒီယို "

မိုးမခ ကဗျာ
စက်တင်ဘာ ၂၀၊ ၂၀၂၁

" နှစ်ထောင့်ကပ် စစ်လေဒီယို "
နီမင်းထက်

ပုံတူကူးရေးထားတဲ့ ဖုံထူထူလမ်းပါပဲ

ညစာအတူစားဖို့ ငြင်းဆိုခံရသူညပေါ့

ငါ့ကိုမြန်မြန်နမ်းပါဆိုတဲ့ပန်းလေးရဲ့အနမ်းဘေးသင့်နေတဲ့အိပ်မက်ပါ

အသံဖမ်းမိတဲ့အသံဟာ အဖမ်းမိခံရတဲ့အသံဖြစ်သွားခဲ့တဲ့ လမဲ့သန်းခေါင်ရဲ့အမှောင်မီဂါဟတ်ဇ်ပဲ

ဘယ်နေရာကိုထိထိ မျက်ရည်ပဲစမ်းမိတော့တဲ့အလွမ်းကလည်း သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပါပဲ

ပြန်မလာဘူးဆိုတဲ့မြစ်ဟာ ဘော်ငွေရောင်အဆင်းနဲ့ ရင်ထဲမှာသောင်တင်လို့။ ။

2.9.21 
        
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar