Breaking News

မိုးမခကဗျာ - မောင်လွမ်းဏီ '' လက်သုံးချောင်းရဲ့ ဒိုင်ယာရီ ''

Design Crd
မိုးမခကဗျာ
စက်တင်ဘာ ၁၆၊ ၂၀၂၁

'' လက်သုံးချောင်းရဲ့ ဒိုင်ယာရီ ''
မောင်လွမ်းဏီ

ကြယ်တွေကြွေတိုင်း
ပန်းရိုင်းမြေမှာ
ကဗျာတောထ၊ ထိရှတောင်တန်း
လွတ်မြောက်လမ်းပေါ် မိုးတိမ်ပြို။

ကျည်တ‌တောင့်က လက်ဖြောင့်သူရဲ
မြားတစင်းလည်း စစ်မြင်းပဲလေ
တူမီးမောင်းတင် ရင်နဲ့ချိန်ဆ
လက်တချက်ကွေး
ရေးရေးမြင်စ အနာဂတ်ပေါ့။

နီရဲလက်ပတ် ၊ မခြောက်ကပ်သွေး
မတိတ်သေးဘူး၊ နွေဦးလုလင် 
လက်ဆောင်ပေးခဲ့တောပန်းဖြူစင်။

သား …..
သမဂ္ဂစိတ်ဓာတ်က ပြောထားတာ
ရန် ငါ မပြတ်ရင် 
သံသရာ တပတ်လည်သွားမှာ။


၁၄ စက်တင်ဘာ ၂၀၂၁
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar