Breaking News

မိုးမခကဗျာ - သစ်ကောင်းအိမ် "ဗာရာဏသီဖြား"

Art - Than Htay Maung
မိုးမခကဗျာ
စက်တင်ဘာ ၁၈၊ ၂၀၂၁

"ဗာရာဏသီဖြား"
သစ်ကောင်းအိမ်

ခုတော့ သွားလေရာ သဲဖြူခင်း ရာဇမတ်ကာ
ခုတော့ ရောက်လေရာ လက်အုပ်တချီချီ ခွေးတစီစီ
ခုတော့ လက်ညှိုးညွှန်ရာ မြို့ရွာဇနပုဒ် မီးလောင်ငုတ်
ရာဇဝင်ကို အမြစ်လှန် နရသိန်ကို နံရံကာပြီးပြီ
သာသနာကို အရေဆုတ် ဝတ်လဲတော်ချုပ်ပြီးပြီ
ဇာတိမာန်ကို ရင်ခွဲအသည်းထုတ် မြို့ရိုးအောက်မှာ မြှုပ်ပြီးပြီ
တရားကို ဓားစောင့်တဲ့ ပစ္စန ္တရစ်အရပ်မှာ
နတ်တွေလည်း ထင်းခွေရေခပ် ဖိနပ်စောင့်
စုန်းမနဲ့ လင်းတ စပ်ကျထားတယ်ဆိုမှတော့
စဉ်းစားသာကြည့်ပေတော့ ဘီလူးချောလေးပေါ့ ဟေ့လူရေ ...
အရပ်ထဲ တီးတိုးပြောကြတာကတော့ အဲဒီ့သကောင့်သားဟာ
ဝရမ်းပြေးဘိုးသိန်းနဲ့ ဟိုသူငယ်မ တောဘုရားပွဲမှာ ညားကြရာက
ကျောက်ဖျာတခုပေါ် ပစ်အသွားမှာ
ဖုတ်သွင်းရထားဆိုက်ခဲ့တာတဲ့
ဘယ်သူသေသေ ငရွှေမာရင်ပြီးရော မဟုတ်ဘူးလား ။   ။

(၁၇၊ သြဂတ်စ်၊ ၂၀၁၁)

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar