မိုးမခအမှတ်တရ - ဆာသော်ဒိုး " လျှပ်တစ်ပြက် ဘကြီးမိုး "
စက်တင်ဘာ ၃၊ ၂၀၂၁
" လျှပ်တစ်ပြက် ဘကြီးမိုး "
ဆာသော်ဒိုး
" ဘကြီးမိုး " လည်း ထွက်ခွာသွားလေပြီ။
ဝမ်းနည်းရ၏။ နှမျောရ၏။ နိုင်ငံနှင့် ပြည်သူလူထုအတွက် တန်ဖိုးမဖြတ်နိုင်သောသူတွေကိုခေါ်ခေါ်နေတာတွေ ရပ်ပါတော့ဟုသာ တောင်းဆုခြွေမိပါလေ၏။
လူကောင်းလူမွန်လူရည်ချွန်တွေအစား လူဆိုးလူယုတ်လူရည်တုန်းတွေကိုသာ အမြန်ဆုံးခေါ်ပါတော့လား ခင်ဗျာ။ အဲသည် အယုတ်တမာတွေ သက်ဆိုး ရှည်နေတာ နိုင်ငံတစ်ခုထဲအတွက်သာမက ကမ္ဘာပေါ်က နိုင်ငံတွေအားလုံးအတွက်ပါ အန္တရာယ်ကြီးမားလှပါတယ်။
အားလုံးက "ဘကြီးမိုး" ဟုသာ ချစ်စနိုးခေါ်ကြသည့် " ဆရာမောင်မိုးသူ " ကား အစ်ကိုဆရာမင်းလူတို့နှင့် "ဒေဝတာမြို့တော်" မှာ စကားဝိုင်းဖွဲ့ကာ ထုံးစံအတိုင်း တဟားဟား ရယ်နေလောက်ပါပြီ ခင်ဗျ။
" ဘကြီးမိုး " ကို ဘယ်အချိန် ဘယ်ကာလမှာပဲ မြင်ရမြင်ရ တွေ့ရတွေ့ရ အစဉ်အမြဲ ပြုံးနေသော ရယ်နေသော "ပြုံးရယ်မျက်နှာကြီး" နှင့်သာဖြစ်၏။ သွားကလေးပေါ်အောင် ပြုံးရယ်နေတတ်သောဘကြီးမိုး၏ပုံရိပ်များကား များပြားလှပါပေစွ။
"စာရေးဆရာမောင်မိုးသူ၊ ဒါရိုက်တာမောင်မိုးသူ၊ အယ်ဒီတာမောင်မိုးသူ၊ ပန်းချီရေးသူမောင်မိုးသူ၊ နိုင်ငံရေးသမားမောင်မိုးသူ " စသည့် ပုံရိပ်များစွာသည် လည်း ထူးခြားလှပါလေသည့် "ဘကြီးမိုး" ပါပေတကား။
ဆာသော်ဒိုးနှင့်ဆုံလျှင် အမြဲတမ်းပြောတတ်တာကား " ဟဲ့ကောင် ဆာသော်ဒိုး . . . နင် ငါ့ပုံရေးမပေးသေးဘူးနော် " ဟု ဖြစ်ပါ၏။ ဓနမဂ္ဂဇင်းခေတ်တောက်လျောက် မဂ္ဂဇင်းထွက်ရက်ဆို ဓနမဂ္ဂဇင်းတိုက်မှာဘကြီးမိုးနှင့် လစဉ်လတိုင်း ဆုံတတ်ခဲ့ပါ၏။
" ဘကြီးမိုး " နှင့်ပတ်သက်၍ ပြုံးရွှင်ဖွယ်ရာအဖြစ်အပျက်ကလေးတစ်ခု ထူးထူးခြားခြားကြုံခဲ့ရ၏။ ထိုအဖြစ်အပျက်ကလေးကို ရယ်ရွှင်ဖွယ်စာလေးတစ်ပုဒ် ရေးဖြစ်ခဲ့ပြီး မဂ္ဂဇင်းတစ်စောင်မှာ ဖော်ပြခဲ့ပါ၏။ ဆာသော်ဒိုး၏ ၂၀၁၂ ခုနှစ်ထုတ် " စည်းကမ်းပြည့်ဝသော သရော်စာများ " လုံးချင်းစာအုပ်မှာလည်း အမှတ်တရ ပြန်လည်၍ ထည့်သွင်းဖြစ်ခဲ့ပါလေ၏။
"အင်္ဂါနာမ် အင်စတော်လေးရှင်း" ဟု ခေါင်းစဉ်တပ်ဖြစ်ခဲ့ပါ၏။ အခြေအနေနင့် အချိန်အခါနှင့် တိုက်ဆိုင်၍ ပေါ်ထွက်လာသည့်အကြောင်းအရာလေး၏ မြစ်ဖျားခံရာမှာ လောကနတ်ဂယ်လာရီတွင်ပြုလုပ်သည့် ကဗျာဆရာစောဝေ၏ပန်းချီနှင့် အင်စတော်လေးရှင်းပွဲမှ ဖြစ်ပါ၏။
ကဗျာဆရာ၏ ပန်းချီကားများနှင့်အတူ အင်စတော်လေးရှင်းများကိုလည်း ပြသထားပါလေ၏။ လောကနတ်၏ အနောက်ဘက်ခြမ်းအခန်းမှာ အဓိပတိ နန်းစန်းစန်းအေး တည်ခင်းဧည့်ခံသည့် အင်စတော်လေးရှင်း ထမင်းဆီဆမ်းနင့်ပဲပြုတ် ငါးခြောက်ဖုတ်ကို စာပေလောကသားတို့ အရသာရှိစွာ စုဝေးသုံးဆောင်နေခိုက် ပန်းချီဆရာ ဒီဇိုင်းဆရာစိုးဝင်းငြိမ်း နဂိုအနေအထားထက် ထူးထူးခြားခြား ပို၍သာသည့် အပြုံးပြည့်ပြည့်ကြီးဖြင့် ရောက်ရှိလာလေ၏။
" ကျ ု ပ်အမျိ ု းသမီး ညက မွေးတယ်ဗျ "
" ဟေး . . . . . . "
" ဘာလေးလဲ "
" သား ဗျ "
" ဝေး . . . . . . "
ဘော်ဒါတွေအကုန်လုံး အပျော်တွေကူးစက်ကာ အားရဝမ်းသာ ဖြစ်နေကြပါကုန်၏။ ဝိုင်းဝန်း၍ ကွန်ကရက်တွေ ကျူလေးရှင်းကြ၏။ လက်ဆွဲ၍ နှုတ်ဆက်ကြ၏။ သူ့ဗိုက်ရွှဲရွှဲကြီးကို ပွတ်၍ ပွတ်၍ ဂုဏ်ပြု ကြပါလေ၏။ ဆာသော်ဒိုးလည်း စကားတစ်ခွန်း ပြောဖြစ်လိုက်ပါ၏။
" မနေ့က ဆိုတော့ " အင်္ဂါသား " ပေါ့ဟ "
" ဟုတ်တယ်ဟ။ "အင်္ဂါသား . . . အင်္ဂါသား။
ဟား ဟား ဟား ဟား ဟား ဟား "
စိုးဝင်းငြိမ်းကား သူ့သားအတွက် အလွန့်အလွန်ကို ပျော်ရွှင်ကြည်နူးကာ မြူးတူးနေတာကို မြင်ရ၏။
ရွှေပွဲလာ စာပေ ရုပ်ရှင် သဘင် ဂီတက ဘော်ဒါတွေအားလုံးလည်း သူနှင့်ထပ်တူပဲ ကူးစက်ကာ ပျော်မြူးနေကြပါလေ၏။ စလိုက် နောက်လိုက် ရယ်လိုက်နှင့်အုံးအုံးထနေပါလေ၏။ စိုးဝင်းငြိမ်းက ရုတ်တရက်စကားတစ်ခွန်း စလာပါလေ၏။
" ဟေ့လူတွေ နေကြအုံးဟ။ ကျု ပ်သားက" အင်္ဂါသား " ဆိုတော့ " အင်္ဂါနာမ် " နဲ့ နာမည်လေး ရွေးမှည့်ရမှာပေါ့ "
" ဒါပေါ့ဟ။ " နေ့သင့်နာမ်သင့် " မှည့်တော့ကောင်းတာပေါ့ဟ "
" ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ "
စိုးဝင်းငြိမ်း၏ " ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ " ရယ်သံထဲမှာ ထူးခြားမှုတစ်ခု ပါနေပါလေ၏။ ပြီးတော့ ဘေးပတ်ဝန်းကျင်ရှိ ကျွန်ုပ်တို့တွေကိုဝေ့ကြည့်ကာ
ပြောပါလေတော့၏။
" ဒီမှာရောက်နေတဲ့ အင်္ဂါနာမ် အနုပညာသမားတွေရဲ့အမည်တွေထဲကလည်း ကျုပ်သားနာမည်ပေးလို့ရတာပဲ၊ ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ "
" ဝါး ဟား ဟား ဟား ဟား ဟား ဟား "
အားလုံး ပေါ့ပေါ့ပါးပါး ရယ်ချလိုက်ကြကာ အကြံတွေ ဝိုင်း၍ပေးကြပါလေတော့၏။
" " စ ဆ ဇ စျ ည " ထဲက ဆိုတော့ကာ "
" နင့်သားနာမည်ကို " ဆာသော်ဒိုး " လို့ပေး "
" ဟား ဟား ဟား ဟား ဟား ဟား ဟား "
" စောမင်းဝေ " လို့ ပေးလိုက်စမ်းပါ "
" ဟား ဟား ဟား ဟား ဟား ဟား ဟာ း"
" ဇိုဇမ် " လို့ ပေး "
" စောတင်မောင် " လို့ ပေးလိုက်ဟ "
" အကုန်လုံး အပျံစားတွေချည်းပဲဟေ့ "
" ဟား ဟား ဟား ဟား ဟား ဟား ဟား "
" စံဇာဏီဘို၊ စိုင်းဘိုဘို၊ စိုးအောင် "
" စိန်မျိ ု းမြင့်၊ စံတိုး၊ စိုးသိဏ်း၊ စိုးနိုင် "
" စိုးဘားဒိုင်၊ စံညိမ်းဦး၊ ဆူးငှက်၊ ညီထွေး "
" ဆန်းထွန်း၊ ဆွေနိုင်စစ်၊ ဆောင်းဝင်းလတ် "
" ဟား ဟား ဟား ဟား ဟား ဟား ဟား "
" စိန်ကြီး၊ စည်သူအောင်မြင့်၊ စောကျော်မြတ်ငြိမ်း "
" ဇော်ဝင်းထွဋ်၊ ဇာဂနာ၊ ဇော်သက်ထွေး "
" ဇန်မြင့်၊ ညိုထွန်းလူ၊ ညီပုလေး၊ ညီစေမင်း "
" ငြိမ်းချမ်းစိမ်းလန်း၊ စန်းဦး၊ ဆွေမင်း "
" ဟား ဟား ဟား ဟား ဟား ဟား ဟား"
" ဇော်မောင်၊ စိုးစံဝင်း၊ ဇကလေး "
" ဇော်ဇော်အောင် ၊ ဇင်ယော်နီ ၊ ဇော်ဝိတ် "
" ဇန်ဇန်၊ ဇောရိုး၊ ဇော်မင်းယု၊ ဇော်ခင် "
" အခုပြပွဲရှင်ကြီး " စောဝေ " လည်း မှည့်လို့ရတာပဲ။ ဟား ဟား ဟား ဟား ဟား ဟား "
" ဟား ဟား ဟား ဟား ဟား ဟား ဟား "
" ဟား ဟား ဟား ဟား ဟား ဟား ဟား "
ထိုအချိန်မှာပဲ ဆရာမောင်မိုးသူ ကျွန်ုပ်တို့ဝိုင်းထဲသို့ ရုတ်တရက် တိုးဝင်လာကာ လျှပ်တစ်ပြက် ပြောပါလေတော့၏။
" ဟဲ့ကောင်တွေ . . . နင်တို့ "အင်္ဂါနာမ်" နာမည်ပေးဖို့ ရွေးနေကြတယ်မဟုတ်လား "
" ဟုတ်ပါတယ် ဘကြီးမိုး "
" ငါ့နာမည်လည်း ကြိုက်ရင် ပေးလို့ရပါတယ်ဟ "
" ခင်ဗျာ . . . . . . "
ကျွန်ုပ်တို့အားလုံး ခေတ္တမျှ အငိုက်မိကာ ကြောင်သွားပြီး တိတ်ဆိတ်သွားခဲ့ကြပါလေ၏။ ဘကြီးမိုးက ဆက်၍ပြောလာပါလေတော့၏။
" ငါ့နာမည်က " စိန်မြင့် " လေကွာ။ ကြိုက်တယ် ဆို ယူမှည့်ဟေ့။ ဟား ဟား ဟား ဟား ဟား ဟာ း "
ဆာသော်ဒိုး
2-9-21(Thur) 5:21 Pm
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar