မိုးမခကဗျာ - မောင်လွမ်းဏီ " နွေဦးကာချင်း "
မိုးမခကဗျာ
စက်တင်ဘာ ၈၊ ၂၀၂၁
" နွေဦးကာချင်း "
မောင်လွမ်းဏီ
D – Day ခေါ်သံ
ပဲ့တင်ပြန်ပြီ
ချီပါလေတော့ ချီလေတော့
ကျည်မိုးဖြိုင်ဖြိုင် ဖြိုင်ဖြိုင်လော ဖြိုင်ဖြိုင်
ဆောင်ဓားခိုင်ခိုင် ခိုင်ခိုင်လော ခိုင်ခိုင်
အောင်နိုင်စိတ်နဲ့ အောင်ပန်းပျို
အရေးတော်ရဲ့ သပြေညို
၇ စက်တင်ဘာ ၂၀၂၁
ဒီဇိုင်းဆရာလေးတွေ၊ ဓာတ်ပုံဆရာလေးတွေကို လေးစားစွာ ဂါရဝပြုပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar